Latest News

Monday, October 16, 2017

ရွှေဘုံသာလမ်းရှိ ပျံကျဈေးသည် ၃၀၀ ခန့်အား ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရန် ပြုလုပ်

ရွှေဘုံသာလမ်းရှိ ပျံကျဈေးသည် ၃၀၀ ခန့်အား ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရန် ပြုလုပ်

ရွှေဘုံသာလမ်းရှိ ပျံကျဈေးသည် ၃၀၀ ခန့်အား ကမ်းနားလမ်းသို့ ပြောင်းရွှေ့ရန် မဲနှိုက်ရွေးချယ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပြောင်းရွှေ့ရန် ဈေးသည်များအား ကိုယ်တိုင်မဲနှိုက်စနစ်ဖြင့် အောက်တိုဘာ ၁၂ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောင်းကုန်အမျိုးအစားအလိုက် အုပ်စုခွဲကာ တစ်ရက်စီမဲနှိုက် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

လမ်းဘေးပျံကျဈေးသည်များကို အုပ်စု အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်ဟု သတ်မှတ်ထားပြီး လူသုံးကုန်အထွေထွေ၊ လျှပ်စစ်၊ ဖုန်း စသည့်တို့ ရောင်းချသူများကို နေရာချထားပေးမည်ဖြစ်ကြောင်း၊ အုပ်စုဒီတွင် နှစ်ပေါင်းများစွာ ရောင်းချသူများကိုသာ နေရာချထားပေးမည်ဖြစ်ကြောင်း၊ အုပ်စုအီးနှင့်အက်ဖ်တွင် ဆိုင်းဘုတ်လုပ်ငန်းများနှင့် ကျောက်မျက်ရောင်းဝယ်သူများအတွက် စီစဉ်ထားကြောင်း သိရသည်။

လမ်းဘေးဈေးသည်များ မဲနှိုက်နေရာချထားရာတွင် ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ အောက်တိုဘာ ၁၂ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ စတင်ပြီး အုပ်စုတစ်ခုချင်း စနစ်တကျ ကိုယ်တိုင်မဲနှိုက် ဆောင်ရွက်ကာ အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုး၊ မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ မြို့နယ်စည်ပင်သာယာရဲတပ်ဖွဲ့၊ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဈေးများဌာနမှ တာဝန်ရှိသူများမှ မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေဘုံသာလမ်းရှိ ပျံကျဈေးသည်များ နေရာပြောင်းရွှေ့ရန် ၂၀၁၆ ခုနှစ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အမြဲတမ်း ရောင်းချသူ ၆၀ ခန့်သာရှိပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ပြန်လည်စစ်တမ်းကောက်ယူရာ ၃၀၀ ကျော်ရှိကြောင်း၊ နေရာချထားနိုင်ရေး စီစဉ်ရာတွင် မပြောင်းရွှေ့ချင်သူ များပြားမှုကြောင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးတို့မှ ညှိနှိုင်း ဆောင်ရွက်ပေးမှုကြောင့် ပြောင်းရွှေ့နိုင်ရေး အဆင်ပြေခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment