Latest News

Monday, October 9, 2017

တောင်ကြီးမြို့မဈေး၌ ခါးပိုက်နှိုက်သတိပြုရန် အသံချဲ့စက်ဖြင့် သတိပေး

တောင်ကြီးမြို့မဈေး၌ ခါးပိုက်နှိုက်သတိပြုရန် အသံချဲ့စက်ဖြင့် သတိပေး

တောင်ကြီးမြို့မဈေး ကြီးတွင် ခါးပိုက်နှိုက်အန္တရာယ်ကို ဈေးဝယ်သူများ သတိပြုမိရန်အသံချဲ့စက်ဖြင့်  သတိပေးနေ ကြောင်း ဈေးတာဝန်ခံ ဦးခင်အေး ကပြောသည်။

‘‘သီတင်းကျွတ်နဲ့ တန်ဆောင် တိုင်ကာလမှ ဈေးဝယ်သူများတဲ့ အတွက် ခါးပိုက်နှိုက်ခံရတာတွေ ရှိတယ်။ အဲဒီအတွက် သူတို့မှာပါ လာတဲ့ ရွှေငွေလက်ဝတ်လက်စားတွေကို ဂရုပြုမိအောင် ကြေညာပေးတာပါ’’ ဟု ၎င်းကပြောသည်။

မြို့မဈေးတာဝန်ခံ ရုံးခန်းမှ အသံချဲ့စက်ဖြင့် တစ်ဈေးလုံး ကြားရန် နေ့စဉ် ငါးကြိမ်ခန့် သတိ ပေးနေကြောင်း ၎င်းကဆိုသည်။

သီတင်းကျွတ်မတိုင်မီနှင့် သီ တင်းကျွတ်အပြီးတွင် မြို့မဈေး ကြီးအတွင်း ခါးပိုက်နှိုက်ခံရသူ ငါးဦးထက်မနည်းရှိပြီး ရွှေ၊ ငွေ နှင့် ကာလတန်ဖိုး ကျပ်ဆယ်သိန်း ခန့် ခါးပိုက်နှိုက်ခံရသည်ဟု အဆို ပါဈေးတာဝန်ခံရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

ခါးပိုက်နှိုက်က မှတ်ပုံတင်၊ ပိုက်ဆံအိတ်များကို ဈေးအတွင်း ရှိ အမှိုက်ပုံး၊ လူပြတ်လပ်သည့် နေရာတို့တွင် စွန့်ပစ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများက တွေ့ရှိသည့် အခါ ဈေးတာဝန်ခံရုံးသို့ အပ်နှံ သဖြင့် မှတ်ပုံတင်၊ ဘဏ်ကတ်များ  ကို ပျောက်ဆုံးသူထံ ဖုန်းဖြင့် ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့ ကြောင်း ဦးခင်အေးက ပြော သည်။ တောင်ကြီး မြို့မဈေးကြီး တွင် ဈေးရုံ ၁၉ ရုံ၊ ဈေးဆိုင်ခန်း ၁,၈၁၃ ခန်းရှိသည်ဟု တောင် ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။

7Day News

No comments:

Post a Comment