Latest News

Wednesday, October 4, 2017

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် လာမည့်ခြောက်လအတွင်း ဒေါ်လာ ၄၃၄ သန်း လိုအပ်မည်ဟု ကယ်ဆယ်ရေးအဖွဲ့များ ပြောကြား

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် လာမည့်ခြောက်လအတွင်း ဒေါ်လာ ၄၃၄ သန်း လိုအပ်မည်ဟု ကယ်ဆယ်ရေးအဖွဲ့များြေေပြောကြ
ား

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ကူညီနေသော လူသားချင်းစာ နာထောက်ထားမှု ကယ်ဆယ်ရေးအဖွဲ့များက  ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ကို ကူညီရန်အတွက် လာမည့်ခြောက်လအတွင်း ဒေါ်လာ ၄၃၄ သန်း လိုအပ်မည်ဟု အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်က လုံခြုံရေးစခန်းများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဘင်္ဂါလီမွတ်စလင် ၅၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

“ကော့ဘဇားမှာရှိတဲ့ ဘင်္ဂါလီမွတ်စလင်တွေထဲမှာ အများစုက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ နေထိုင်နေရပြီး ပြင်းထန်တဲ့ ထိခိုက်ခံစားမှုတွေ ကြုံထားရပါတယ် ဟု ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းဆောင်ရွက်သူ ရောဘတ်ဝက်ကင်က ပြော ကြားခဲ့သည်။ ဘင်္ဂါလီမွတ်စလင် အများစုသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ခရိုင် ကော့ဘဇားတွင် နေထိုင်နေကြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များသည် သြဂုတ် ၂၅ ရက်နောက်ပိုင်း ရောက်ရှိလာသော ဒုက္ခသည် ၅၀၉,၀၀၀ ကို  ကူညီရန်အတွက် ရုန်းကန်နေရသည်။ ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီမွတ်စလင် ၃၀၀,၀၀၀ ရှိထားပြီးဖြစ်ရာ ဒုက္ခသည်အရေအတွက်သည် ၈၀၀,၀၀၀ ကျော်နေပြီဖြစ်သည်။

နေ့စဉ် ဒုက္ခသည်များ ဆက်လက်ဝင်ရောက်နေပြီး နောက်ထပ်ဒုက္ခသည် ၉၁,၀၀၀ ခန့် ရောက်လာနိုင်ခြေရှိကြောင်း အကူအညီပေးရေးအဖွဲ့များက မျှော်မှန်းထားကြောင်း ၀က်ကင်က ပြောကြားခဲ့သည်။

လာမည့်ခြောက်လအတွင်း ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အားလုံး ၁ ဒသမ ၂ သန်းထိ ရောက်ရှိလာနိုင်မည်ဟု မျှော်လင့်ထားကြောင်း သူက ပြောကြားခဲ့သည်။ လူသန်းဝက်ခန့်သည် စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး အရေးပေါ် ယာယီတဲ ၁၀၀,၀၀၀ ခန့် လိုအပ်နေ ကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားထားသည်။ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအနက် ထက်ဝက်ကျော်သည် ကလေးများဖြစ်ကြပြီး ကိုယ်ဝန်ဆောင်အမျိုး သမီး ၂၄,၀၀၀ ခန့်သည် စောင့်ရှောက်မှုများ လိုအပ်နေကြောင်း  ကယ်ဆယ်ရေးအစီအစဉ်များတွင် ဖော်ပြထားသည်။

ဧရာမ ကူညီပေးရေးလုပ်ငန်း လိုအပ်နေပြီး ရေရရှိရေးနှင့် သန့်ရှင်းရေးတို့ကို ချက်ချင်း မဆောင်ရွက်ပါက ရောဂါဘယဖြစ်ပွားမှုများ ရှိလာမည်ဟု ၎င်းတို့က ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီမွတ်စလင်တို့ကို ကာကွယ်ပေးရန်နှင့် အသက်များ ကယ်တင်ရေးအတွက် အရေးကြီးသော လုပ်ငန်းသစ်များကို လူသားချင်းစာနာထောက်ထားမှု အဖွဲ့များက ရှေ့ဆက်ဆောင်ရွက်နိုင်ရန် အလှူရှင်များထံမှ လျင်မြန်သည့် တုံ့ပြန်မှု  လိုအပ်ကြောင်း ၀က်ကင်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment