Latest News

Tuesday, October 31, 2017

မြန်အောင်မြို့နယ် အင်ပင်ဈေးအတွင်းနဲ့ရွာထဲကပစ်တဲ့အမှိုက်ပုံ


မြန်အောင်မြို့နယ် အင်ပင်ဈေးအတွင်းနဲ့ရွာထဲကပစ်တဲ့အမှိုက်ပုံကို မြို့နယ်စည်ပင်က
ရှင်းမယ်လိုပြောတာ တဆောင်းသစ်ပြန်ပီ။
ဘူတာနားရဲ့ကြက်သရေဆောင်ပါပဲ ရထားနဲ့ကြံခင်းဘက်သွားရင် ရူလဲ့မြင်လဲစေချင်ပါသည်။
ထိုကြောင့် စည်ပင်ဟုခေါ်သည်။
Than Htike Myint





နယူးယော့၊မန်ဟက်တန်တွင် အကြမ်းဖက်သမားတစ်ဦး၏တိုက်ခိုက်မှုကြောင့် ၈ဦးသေ၊၁၁ ဦးဒဏ်ရာရ။


အသက် ၂၉ နှစ်အရွယ် အကြမ်းဖက်သမားတစ်ဦးဟာ နယူးယော့၊မန်ဟက်တန်၊ဟဒ်ဒဆန်မြစ်ကမ်းပါးတစ်လျှောက်က စက်ဘီးစီးလမ်းကလူအုပ်စုကို ထရပ်ကားနဲ့ဝင်တိုက်ပစ်လို့ ၁၁ ယောက်ဒဏ်ရာရ၊ ၈ယောက် သေဆုံးခဲ့ရပါတယ်။

အဲဒီလိုတိုက်ခိုက်ခဲ့တဲ့ဒရိုင်ဘာဟာ ကျောင်းကားနဲ့တိုက်ပြီး ကားရပ်တန့်သွားချိန်မှာ ကားထဲကထွက်ပြီး
အဝေးပြေးလမ်းမတလျှောက်ပြေးသွားကာ လက်ထဲကသေနတ်ကိုဝှေ့ရမ်းပြီး
အလ္လာအက္ကဘာ(ဘုရားသခင်ဟာကြီးမြတ်တယ်) လို့အာရပ်ဘာသာနဲ့ကြွေးကြော်သွားတယ်လို့ဆိုပါတယ်။
သူ့ကိုရဲကပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။

နယူးယော့မြို့တော်ဝန် ဘီလ်ဘလာစီယိုက  ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်သမားရဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ကြေငြာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပါတယ်။ထရပ်ကားဘေးမှာ လက်ရေးနဲ့ ရေးထားတဲ့အာရဗီဘာသာနဲ့ရေးထားတဲ့စာက သူဟာ ISIS အဖွဲ့နဲ့ဆက်နွယ်မှုတွေရှိတယ်ဆိုတာကိုကိုညွှန်ပြနေတယ်လို့ စုံစမ်းရေးအရာရှိတွေကိုပြော ပါတယ်။
မြို့တော်ဝန် ဘီလ်ဘလာစီယိုက "ခုချိန်ထိရရှိတဲ့သတင်းအချက်အလက်တွေအရ ဒီတိုက်ခိုက်မှုဟာ 
အကြမ်းသမားတွေရဲ့တိုက်ခိုက်မှုဖြစ်တယ်။ အပြစ်မဲ့တဲ့ သာမာန်ပြည်သူတွေကို ရည်ရွယ်ပြီး 
သရဲဘောကြောင်စွာတိုက်ခိုက်မှုတစ်ခုဖြစ်တယ် " လို့ ပြောပါတယ်။

အကြမ်းဖက်သမား မစ္စတာ စိုင်ပေါ့ဟာ ဥဇဘက်ကစ္စတန်ကနေ ၂၀၁၀မှာ အမေရိကန်ကိုဝင်ရောက်ခဲ့ပြီး
အမြဲတမ်းနေထိုင်ခွင့်အစိမ်းရောင်ကဒ်ကိုင်ဆောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
နယူးဂျာဆီမှာနေထိုင်ခဲ့ပြီး နောက်ဖလော်ရီဒါ၊တမ်ပါမှာနေထိုင်ခဲ့သူဖြစ်ပါတယ်။
နယူးဂျာဆီက Home Depot ကနေထရပ်ကားကိုငှားလာခဲ့တာဖြစ်ပါတယ်။
ထရပ်ကားနဲ့တိုက်ခိုက်ခဲ့မှုကြောင့် ၆ဦးအခင်းဖြစ်ပွားတဲ့နေရာမှာပဲသေဆုံးခဲ့ပြီး နောက်နှစ်ယောက်က ဆေးရုံမှာသေဆုံးခဲ့တယ်လို့ရဲအရာရှိတွေကဆိုပါတယ်။
SZ(Time Ayeyar)

ပက်ပက်စက်စက်ညှို့

မကြာမီ လာတော့မည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား 
7 Sense Film Production ၏ ဒုတိယမြောက် တင်ဆက်မှု .......... 
မခူးရဲလျှင် မနမ်းရ
ရနံ့နဲ့တင်ရူးတတ်သည် ...
နေတိုး၊ ရွှေထူး၊ မိုးစက်ဝိုင်၊ ရဲအောင်၊ ချိုပြုံး၊ ထူးမွန်
ဇာတ်လမ်း/ ဇာတ်ညွှန်း - မိုးနီလွင်
ဒါရိုက်တာ - သားညီ


ဘတ်ဂျက်ငွေ သိန်း(70) ၂ နှစ်ပဲခံနိုင်ရည်ရှိတဲ့ မြောင်းမြနာနတ်တောင်က သစ်ပွသားတံတား


တခါတလေမှာ.. တခါတလေမှာဆိုတဲ့ စကားကိုအခြေခံထားပြီ ဆိုရင်ဖြင့်.. အလွဲတွေကိုထောက်ပြတော့မည်ဆိုတဲ့ သင်္ကေတတစ်ခုပါပဲလေ..
ကျွန်တော်တို့ပြည်သူတွေဟာ သူတို့ချစ်တဲ့ ပြည်သူအစိုးရလက်ထက်မှာ မည်သည့်အရာကိုမျှ ရင်ဖွင့်ကြလေ့မရှိပဲ ရင်ငုံနှုတ်ပိတ်ထားလေ့ရှိကြတယ်.. ဒါဟာလည်း သူတို့ရဲ့ယုံကြည်ချက်အရ လူထုခေါင်းဆောင် အမေစုကို ချစ်ကြတဲ့အကြောင်းသက်သေပြကြတဲ့ သဘောပါ..

ဒါပေမဲ့.. ပြည်သူတွေရဲ့ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ.. အမေကြီးရယ်.. သားသမီးတို့ကို့ကြည့်နေတော့မှာလား ဆိုတဲ့.. အတွေးအခေါ်အယူအဆတွေပေါ်ပေါက်လာပါတယ်..
ယခုဖြစ်နေတဲ့.. ဒုက္ခတရားဟာ.. ကမကိုင်ကျေးရွာအုပ်စု၊ နာနတ်တောင်ရွာမှာနေကြတဲ့.. ဒေသခံပြည်သူ အိမ်ခြေ (၃၅၀) ဝန်းကျင်ဟာ.. ပုံမှာပြဆိုထားတဲ့..အတိုင်း.. ချောင်းကူးတံတားကို အမှီပြုပြီးသွားလာနေကြတဲ့.. ကျေးရွာကြီး တစ်ရွာဖြစ်ပါတယ်.. သို့သော်.. ၂၀၁၅ ဘတ်ဂျက်နှစ်မှာ.. မြောင်းမြမြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှ ကျေးရွာ၏ ကိုယ်ထူကိုယ်ထ သစ်သား တံတားငယ်အား ပြင်ဆင်စရိတ်အဖြစ်.. ငွေကျပ်သိန်း (၇၀) ကျပ်အားသုံးစွဲပြီး.. နာနတ်တောင်ရွာ ချောင်းကူး တံတားငယ်ကို ပြုပြင်ခဲ့ပါတယ်.. ဒီနေရာမှာ သစ်ပွသားများကို အဖြစ်သဘောအနေနဲ့ အသုံးပြုခဲ့ပြီး ဘတ်ဂျက်၏ သုံးချိုးတစ်ချိုးမျှသာ သုံးခဲ့သည်မှာ ပုံပါ သက်သေအတိုင်းဖြစ်ပါတယ်..ယခုအခါ မှာ တော့ ၎င်း တံတားဟာ ပျက်စီးယိုယွင်းကာ ကျိုးကျနေသဖြင့် ဒေသခံပြည်သူများဟာ သွားရေး လာရေးအတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်.

.လောလောဆယ်မှာ ဆိုင်ကယ်များလုံးဝ ဖြတ်သန်းသွားလာလို့မရပါ.. ဒါတွေဟာ..မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှုး #ဦးဗိုလ်ဗိုလ်မြင့်.. လက်ထက်က အလွယ်တကူ လက်စားပြီး ဆောင်ရွက်ခဲ့တဲ့ ကိစ္စများဖြစ်သလို.. ယနေ့ ဖြစ်ပေါ်နေသည့် အခက်အခဲကိစ္စတို့ကို မည်သူမှ တာဝန်ယူမည်နည်း။ မည်သည့်ဌာနမှာတာဝန်ရှိပါသနည်း။ ဘတ်ဂျက်ငွေ သိန်း(70) ဟာ ၂ နှစ်ပဲခံနိုင်ရည်ရှိတဲ့ သစ်ပွသားတံတား အဖြစ်နဲ့ ပြည်သူတွေ ယခုလို ဒုက္ခတွေ နဲ့ ခံစားကြရတော့မည်လား...???
အမှန် မှာတော့ ဒေသခံပြည်သူတို့၏ သွားလာရေး၊လမ်းပန်းဆက်သွယ်ရေး၊ကျမ္မာရေး၊စီးပွားရေး၊
လိုအပ်ချက်ဟူသမျှဟာ..

 ပြည်သူ့အစိုးရ၏ဦးဆောင်မှုနောက်မှာရှိကြတဲ့.. ဒေသဆိုင်ရာ ဌာနအသီးသီး၏
တာဝန်သာဖြစ်ပါတယ်..၎င်း တံတား၏ ကိစ္စများကိုလည်း.. ဒေသဆိုင်ရာ
လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့၊ သက်ဆိုင်ရာ မြောင်းမြမြို့မှ လွှတ်တော်အမတ် များလည်း
သိရှိပြီးဖြစ်ပါတယ်..

ပြောချင်တဲ့.. ကြောင်းအရင်းကတော့.. အရင်အစိုးရအဆက်ဆက် ဦးသိန်းစိန် အစိုးရလက်ထက်အထိ မှာခဲ့၊လက်စားခဲ့တဲ့အမှားအယွင်းများကို.. အခုလက်ရှိ ဒုက္ခတရားနဲ့ရင်ဆိုင်နေရသောပြည်သူတွေအနေနဲ့ ခါးဆီးခံရတော့မည်လား... ???.. လက်ရှိအခက်အခဲက နာနတ်တောင်ရွာသားများဟာ...
#မည်သည့်နေရာမှသွားလာလို့မရတော့ပါ.. ရွာသူ ရွာသားများမှာ သွားလာရေးအတွက်
၎င်း ဆက်သွယ်ရေး တံတားဟာ အဓိကဖြစ်နေပါသည်။..

ပြည်သူ့အစိုးရအနေနဲ့.. နာနတ်တောင်ရွာ၏ အိမ်ခြေပေါင်း (၃၅၀) ဝန်းကျင့်တို့၏ ဘဝ အခက်အခဲများကို အဆင်ပြေသောနည်းလမ်း တစ်ခုခုဖြင့် ဖြေရှင်းပေးမည်လားဟူသော.. အဖြေတစ်ခုကို စောင့်မျှော်နေမည်ဖြစ်ကြောင်း..
တိုင်းဒေသကြီးအစိုးရအဖွဲ့။
တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး။
ဒေသဆိုင်ရာလွှတ်တော်အမတ်။
ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဦးစီးဌာနညွှန်မှုကြီး။
မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး။
မြောင်းမြကျေးလက်ဦးစီးဌာနမှုး။
အပါအဝင်.. ပြည်သူ့မျက်နှာကိုသာကြည့်ကြသော လူကြီးမင်းအပေါင်းတို့အား.. အသိပေး၍ နာနတ်တောင်ရွာ၏ တံတားအခြေအနေအား မေတ္တာရပ်ခံတင်ပြလိုက်ရပါသည်။
AungKoLatt









သာပေါင်းတွင် တောဆင်ရိုင်းများ ၀င်ရောက်မှုဆယ်ဆများလာ

သာပေါင်းတွင် တောဆင်ရိုင်းများ ၀င်ရောက်မှုဆယ်ဆများလာ

Photo  (ဧရာဝတီဆင်ချစ်သူများအဖွဲ့ FB)  အောက်တိုဘာလ(၁၆)ရက်နေ့ က သာပေါင်းမြို့နယ်ကျွန်းလျားကြီးအုပ်စုရေလိမ်တောအတွင်းတောဆင်ရိုင်းအုပ်အားတွေ့ ရစဉ် ။

သာပေါင်း။  အောက်တိုဘာလ ၃၁ ရက်

ရခိုင်ရိုးမနှင့် ဆပ် စပ်လျှက်ရှိသော ဧရာဝတီတိုင်းဒေသကြီးသာပေါင်းမြို့ နယ်တွင် တောဆင်ရိုင်း ၀င်ရောက်မှုများလာပြီး(၁၂)နှစ်အတွင်း ယခင်ကထက် ဆယ်ဆပိုများလာကြောင်းဒေသခံများပြောကြားသည်။

ယခင်က စပါးပေါ်ချိန်လများဖြစ်သည့် နိုဝင်ဘာ ဒီဇင်ဘာ လများတွင် တစ်လကို နှစ်ကြိမ်လောက်သာ ၀င်သော်လည်းယခုအခါ တစ်လ ပျမ်းမျှ အကြိမ်နှစ်ဆယ် ခန့် ဝင်ရောက်သည်ဟု ဒေသခံ များကပြောသည်။

“အရင်ကဒီလောက်မှမ၀င်ပဲ ခု သူတို့ တွေက တစ်လကို တစ်ရက်ခြားနှစ်ရက်ခြားဒါပဲကွာတယ်ရက်ဆက်ကိုဝင်တာ ဘာ့ကြောင့် ခပ်စိပ်စိပ်ဝင်လာလည်းဆိုတော့ ဆင်ဆိုတဲ့ သဘောကတောနက်ထဲမှာနေတာ ခုက တောထဲမှာက လူတွေရောက်နေသလို သူတို့ စားကျက်တွေလည်းပျောက်ကုန်တာကြောင့်လို့ ပဲပြောရမယ် “ဟု ကြက်သွန်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်အောင်ကပြောသည်။

ဆင်ဝင်ရောက်မှုများလာခြင်းကြောင့် စပါးပေါ်ချိန်တွင်  မိန်းကလေးများကိုသာ အိမ်စောင့်အဖြစ်ချန်ထားပြီး ရှိသမျှယောက်ျင်္ားလေးအားလုံးနီးပါ လယ်ထဲကိုသွား၍ လင့်စင်များထိုးကာ စုပေါင်း၍ ကင်းစောင့်ကြရသည်ဟုဆိုသည်။

“တစ်ညလုံးမအိပ်ရဘူးမီးတွေဖိုထားရတယ် သူတို့ လာပြီးဆို သံပုန်းတွေခေါက်ပြီးခြောက်ကြရတာပေါ့ အဓိကကဆင်တွေကလည်းသူတို့ အစာမရှိလို့ ကျနော်တို့ လယ်ထဲကစပါးလာစာတယ်ကျနော်တို့ ကလည်းကျနော်တို့ ဝမ်းစာကိုအပါမခံနိုင်တော့ ပြန်စောင့်ရတာပေါ့ “ဟု လဟာဂမုံကျေးရွာက ဦးသိန်းတန်ကပြောသည်။

ရာသီဥတုလွန်ကဲဖြစ်စဉ်များကြောင့် အပူလွန်ကဲလာပြီး တောတွင်းရှိစမ်းချောင်းများတွင် ရေများ ခမ်းခြောက်မှုများလည်းရှိလာနိုင်သည်ဟု
မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ MCCAကထုတ်ပြန်ထားသည်။

မမြင်နိုင်တဲ့  အကျိုးသက်ရောက်မှုလို့ တော့ ပြောလို့ ရမယ် ဘာလို့ လည်းဆို အပူချိန်တွေကလည်းများလာတယ် မိုးရွာမှုနှန်းကလည်း ကာလတိုလာတဲ့ အခါ တောမီးတွေလောင်မယ် စိမ့် စမ်းရေတွေခမ်းလာမယ်ဆိုသူတို့ စားမယ့်စားကျက်မြေကလည်းနည်းနည်းလာပြီးတော့ ကကျနော်ထင်တယ် ဆင်တွေကစားကျက်မြေရှိတဲ့ ဘက်ကို ရွေ့ ပြောင်းလာတာဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့  အကျိုးသက်ရောက်မှုတစ်ခုလို့ တော့ ပြောလို့ ရပါတယ် ဟု -MCCAကကိုစိုင်မွန်ကပြောသည်။

ဆင်များသည် တောများကို မွှေ နှောက်ရင်း အစာရှာဖွေသည့်အလေ့အထရှိသည့်အတွက် ယခင်က ချုံနွယ်ပိတ်ပေါင်းတွေကြောင့် လောင်းရိပ်မိနေကြသော အပင်ငယ်များနေရောင်ခြည်ရလာကြပြီး ကြီးထွား ခွင့်ရလာကြသကဲ့သိုဆင်များ၏မစင်စွန့်ပစ်မှု တစ်ဆင့် သစ်စေ့များကို အလိုလျောက်ဖြန့်ချိပေးခြင်း ကြောင့် သစ်တောများကို ပျံ့နှံ့ပေါက် ရောက်အောင် လုပ်ပေးသလိုဖြစ်ပြီး ဂေဟစနစ်ကိုလည်းထိမ်းသိမ်းပေးခြင်းကြောင့် အစိုးရအနေနှင့် ဆင်များကိုစနစ်တကျထိမ်းသိမ်းဖို့ ဆင်ပညာရှင်များကအကြံပြုထားသည်။

ဆင်ပညာရှင်အချို့ ကတော့ ဆင်တွေရဲ့ စားကျက်များပျောက်လာပြီး အစာနှင့်ရေ ရှားပါးလာခြင်းကြောင့် လူနေထိုင်ရာအရပ်ဒေသများကိုဝင်ရောက်လာခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“တောဆင်ရိုင်းကတောထဲမှာမနေနိုင်တော့တာကအကြောင်းအရင်းတစ်ခုခုတော့ရှိမယ် တောထဲမှာ လူတွေအများကြီးရှိနေမယ် မုဆိုးတွေ ကလည်းလိုက်နေမယ်ဒါမှမဟုတ်သစ်တွေထုတ်နေမယ် အဓိက အချက်တွေပေါ့ ရေကတော့ အများကြီးလိုအပ်တယ် ဆင်ကတစ်နေ့ တစ်နေ့ ရေအများကြီးသောက်တယ်လေ ရာသီဥတုပူလာတဲ့ အခါ ခန္ဓာကိုယ်ကိုရေနဲ့  အမြဲဖြန်းနေရတယ် ဒါတွေလည်း ပါမှာပေါ့ “ဟု တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society – WCS) ရဲ့ မြန်မာနိုင်ငံ အစီအစဉ် အကြီးတန်းနည်းပညာဆိုင်ရာညှိနှိုင်းရေးမှူး ဦးစောထူးသာဖိုးက ပြောသည်။

တောဆင်များဝင်ရောက်မှုကြောင့် ၂၀၁၇ခုနှစ်တွင် သာပေါင်းမြို့ နယ်ဆင်ကူးရွာတွင် လူ ( ၁ )ဦးသေဆုံးခဲ့ ဖူးပြီးနှစ်စဉ် စပါးဧက (၅၀၀)ခန့် ပျက်စီးနေရသည်။

ဆင်တွေကလူနေထိုင်ရာအရပ်များကိုရောက်လာသည်အခြနေကို အခွင့်ကောင်းယူကာ ဆင်မုဆိုးများကသတ်ဖြတ်လာခြင်းကြောင့် သစ်တောရဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ ကင့်းလှည့် စောင့်ရှောက်မှုများကို တိုးမြှင့် ဆောင်ရွက်နေသည်ဟု သာပေါင်းဒေသတွင် လှုပ်ရှား ဆောင်ရွက်နေသည့် ဧရာဝတီဆင်ချစ်သူများအဖွဲ့ FOWက ဘရန်ဆိုင်းကပြောသည်။

တောဆင်ရိုင်းများသည် လူတွေနှင့်နီးရာကိုရောက်လာသည်နှင့်အမျှ ဆင်မုဆိုးများရဲ့ ပစ်ခတ်မှုကိုလည်း ရင်ဆိုင်နေရပြီး ရေအိုင်များအနီးတွင် တောဆင်ရိုင်းများကို ပစ်ခတ်သတ်ဖြတ်ထားသည်ကိုတွေ့ ရလေ့ရှိသည်။

“ဆင်သေတွေ တွေ့ တာက ရေ အိုင်တွေ အနားမှာပဲ ဆိုပေမဲ့ ရေလိုအပ်ချက်တစ်ခုတည်းကြောင့် တော့မဟုတ်ဘူး အခြားအကြောင်းတွေလည်းပါမယ် အဓိကကတော့သူတို့ စားကျက်တွေပျောက်လာတာ” ဟု သာပေါင်းမြို့ နယ် သစ်တော ဦးစီးဌာန တောအုပ်ကြီး ဦးအောင်ကိုကိုကပြောသည်။

သာပေါင်းမြို့ နယ်တွင်၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းဆင်မုဆိုးများကြောင့် တောဆင်ရီုင်း(၁၃)ကောင် သတ်ဖြတ်ခံရသည်ဟု သာပေါင်းမြို့ နယ် သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အပူပိုင်းဒေသဖြစ်သော အာရှဒေသ တွင်ဆက်တိုက်ကြီးထွားလာသော လူဦး ရေသည် ဆင်တွေရဲ့ ယုတ်လျော့လာသော စားကျက်မြေထဲကို ကျူးကျော်ဝင်ရောက် လာကြောင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund – WWF) ၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

မျိုးမင်းပိုင်

Monday, October 30, 2017

မောင်တောဒေသငါးမွေးမြူရေးကန်များအစိုးရဘတ်ဂျက်ဆက်မချပေးလို့ ရပ်နားထားရ

မောင်တောဒေသငါးမွေးမြူရေးကန်များအစိုးရဘတ်ဂျက်ဆက်မချပေးလို့ ရပ်နားထားရ

ရခိုင်မြောက်ပိုင်းမောင်တောမြို့နယ်ရှိတိုင်းရင်းသားကျေးရွှာများတွင်တူးဖော်လျက်ရှိသည့်ရေချိုငါးမွေးမြူရေးကန်များကိုပြည်နယ်အစိုးရမှဘတ်ဂျက်တက်လက်ချပေးခြင်းမရှိတော့သဖြင့်ရပ်နားထားကြောင်းသိရသည်။ မောင်တာခရိုင်အတွင်းရှိတိုင်းရင်းသားကျေးရွှာ၈၂ရွှာအတွက်ပြည်နယ်အစိုးရဘတ်ဂျက်ငွေအစီစဉ်ဖြင့်ရေချိုငါးမွေးမြူရေးကန်ကိုတစ်ရွှာလျင်တစ်ကန်နှုန်းဖြင့်တူးဖော်နေခြင်းဖြစ်ပြီးလွန်ခဲ့သည်၅လခန့်မှစတင်ကာဘတ်ဂျက်ချမပေးတော့ခြင်းဖြစ်သည်ဟုမောင်တောခရိုင်ငါးလုပ်ငန်းဦးစီးမှူးဦးဝင်းမောင်ကအောက်တိုဘာ၃၀ရက်ကသတင်းမီဒီယာကိုပြောကြားသည်။

'အစိုးရကဘတ်ဂျတ်ငွေမချပေးသေးတဲ့အတွက်လောလောစဉ်မတူးပဲရပ်နားထားရတယ်။ရေချိုငါးကန်တွေ့တူးဖော်ပေးတော့ပြည်သူတွေအတွက်အထောက်အကူဖြစ်တာပေါ့'ဟု၎င်းကဆိုသည်။
မွေးမြူရေးကန်တစ်ကန်လျှင်ကျပ်သိန်း၆၀ခန့်နီးပါးအကုန်ကျခံတူးဖော်လျက်ရှိသည်အဆိုပါစီမံကိန်းများအကောင်အထည်ပေါ်လာပါကဒေသနေတိုင်းရင်းသားများ၏ငါးဖူလုံမှုအပါအ၀င်ဝင်ငွေအခွင့်အလမ်းများကိုဖန်တီးလာနိုင်မည်ဟုမောင်တာဒေသနေပြည်သူလူထုကယုံကြည်နေကြကြောင်းသိရသည်။

 အဆိုပါစီမံကိန်း၂၀၁၇ခုနှစ်အစောပိုင်းကစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်တွင်ရွှေဗဟို၊ခရေမြိုင်၊ဖားဝပ်ချောင်း၊အောင်ဇေယျ၊မောရ၀တီစသည့်ကျေးရွှာများတွင်တူးဖော်ပြီးစီးထားပြီးဖြစ်သော်လည်းငါးသားပေါက်များကိုလုံလောက်စွာဖြန့်ဝေပေးနိုင်ခြင်းမရှိသေးဟုမောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဒုဦးစီးမှူးဦးဝင်းမောင်ကအောက်တိုဘာ၃၀ရက်ကသတင်းမီဒီယာကိုပြောသည်။

စီမံကိန်းအရရေချိုငါးမွေးမြူရေးကန်၈၂ကန်တိတိကိုတူးဖော်ရမည်ဖြစ်သော်လည်းလက်ရှိတွင်၅ကန်သာတူးဖော်နိုင်သေးသလိုတူးဖော်ပြီးငါးကန်များတွင်ငါးသားပေါက်များလုံလောက်စွမရရှိမှုများအတွက်ပြည်နယ်အစိုးရသို့တင်ပြထားရှိသော်လည်းယခုအချိန်ထိတစုံတရာတုံ့ပြန်မှုမရှိသေးကြောင်းသိရသည်။

ရခိုင်မြောက်ပိုင်းမောင်တောဒေသတွင်၂၀၁၆ခုနှစ်အောက်တိုဘာ၉ရက်နေ့ကစတင်ခဲ့သေညARSAအဖွဲ့၏တိုက်ခိုက်မှုများနှင့်တပ်မတော်၏နယ်မြေရှင်းလင်းရေးဆောင်ရွှက်မှုတို့ကြောင့်အခြေခံစားသောက်ကုန်များနှင့်သားငါးများမှသိသာစွာရှားပါးမှုများဖြစ်ပေါ်လာသလိုဈေးနှုန်းမတည်ငြိမ်မှုမျယးဖြစ်ပေါ်နေကြောင်းသိရသည်။
ထိုပြဿနာများကိုဖြေရှင်းနိုင်ရေသားငါးဖူလုံရေးအစီစဉ်များဆောင်ရွှက်လာချိန်ယခုလိုဘတ်ဂျက်နှောင့်နှေးကြန့်ကြာမှုများနှင့်ရင်ဆိုင်နေရခြင်းလည်းဖြစ်ကြောင်းသိရသည်။

ကျော်လင်းနိုင်မောင်တောဒေသငါးမွေးမြူရေးကန်များအစိုးရဘတ်ဂျက်ဆက်မချပေးလို့ ရပ်နားထားရ
ရခိုင်မြောက်ပိုင်းမောင်တောမြို့နယ်ရှိတိုင်းရင်းသားကျေးရွှာများတွင်တူးဖော်လျက်ရှိသည့်ရေချိုငါးမွေးမြူရေးကန်များကိုပြည်နယ်အစိုးရမှဘတ်ဂျက်တက်လက်ချပေးခြင်းမရှိတော့သဖြင့်ရပ်နားထားကြောင်းသိရသည်။ မောင်တာခရိုင်အတွင်းရှိတိုင်းရင်းသားကျေးရွှာ၈၂ရွှာအတွက်ပြည်နယ်အစိုးရဘတ်ဂျက်ငွေအစီစဉ်ဖြင့်ရေချိုငါးမွေးမြူရေးကန်ကိုတစ်ရွှာလျင်တစ်ကန်နှုန်းဖြင့်တူးဖော်နေခြင်းဖြစ်ပြီးလွန်ခဲ့သည်၅လခန့်မှစတင်ကာဘတ်ဂျက်ချမပေးတော့ခြင်းဖြစ်သည်ဟုမောင်တောခရိုင်ငါးလုပ်ငန်းဦးစီးမှူးဦးဝင်းမောင်ကအောက်တိုဘာ၃၀ရက်ကသတင်းမီဒီယာကိုပြောကြားသည်။
'အစိုးရကဘတ်ဂျတ်ငွေမချပေးသေးတဲ့အတွက်လောလောစဉ်မတူးပဲရပ်နားထားရတယ်။ရေချိုငါးကန်တွေ့တူးဖော်ပေးတော့ပြည်သူတွေအတွက်အထောက်အကူဖြစ်တာပေါ့'ဟု၎င်းကဆိုသည်။
မွေးမြူရေးကန်တစ်ကန်လျှင်ကျပ်သိန်း၆၀ခန့်နီးပါးအကုန်ကျခံတူးဖော်လျက်ရှိသည်အဆိုပါစီမံကိန်းများအကောင်အထည်ပေါ်လာပါကဒေသနေတိုင်းရင်းသားများ၏ငါးဖူလုံမှုအပါအ၀င်ဝင်ငွေအခွင့်အလမ်းများကိုဖန်တီးလာနိုင်မည်ဟုမောင်တာဒေသနေပြည်သူလူထုကယုံကြည်နေကြကြောင်းသိရသည်။
 အဆိုပါစီမံကိန်း၂၀၁၇ခုနှစ်အစောပိုင်းကစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်တွင်ရွှေဗဟို၊ခရေမြိုင်၊ဖားဝပ်ချောင်း၊အောင်ဇေယျ၊မောရ၀တီစသည့်ကျေးရွှာများတွင်တူးဖော်ပြီးစီးထားပြီးဖြစ်သော်လည်းငါးသားပေါက်များကိုလုံလောက်စွာဖြန့်ဝေပေးနိုင်ခြင်းမရှိသေးဟုမောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဒုဦးစီးမှူးဦးဝင်းမောင်ကအောက်တိုဘာ၃၀ရက်ကသတင်းမီဒီယာကိုပြောသည်။
စီမံကိန်းအရရေချိုငါးမွေးမြူရေးကန်၈၂ကန်တိတိကိုတူးဖော်ရမည်ဖြစ်သော်လည်းလက်ရှိတွင်၅ကန်သာတူးဖော်နိုင်သေးသလိုတူးဖော်ပြီးငါးကန်များတွင်ငါးသားပေါက်များလုံလောက်စွမရရှိမှုများအတွက်ပြည်နယ်အစိုးရသို့တင်ပြထားရှိသော်လည်းယခုအချိန်ထိတစုံတရာတုံ့ပြန်မှုမရှိသေးကြောင်းသိရသည်။
ရခိုင်မြောက်ပိုင်းမောင်တောဒေသတွင်၂၀၁၆ခုနှစ်အောက်တိုဘာ၉ရက်နေ့ကစတင်ခဲ့သေညARSAအဖွဲ့၏တိုက်ခိုက်မှုများနှင့်တပ်မတော်၏နယ်မြေရှင်းလင်းရေးဆောင်ရွှက်မှုတို့ကြောင့်အခြေခံစားသောက်ကုန်များနှင့်သားငါးများမှသိသာစွာရှားပါးမှုများဖြစ်ပေါ်လာသလိုဈေးနှုန်းမတည်ငြိမ်မှုမျယးဖြစ်ပေါ်နေကြောင်းသိရသည်။
ထိုပြဿနာများကိုဖြေရှင်းနိုင်ရေသားငါးဖူလုံရေးအစီစဉ်များဆောင်ရွှက်လာချိန်ယခုလိုဘတ်ဂျက်နှောင့်နှေးကြန့်ကြာမှုများနှင့်ရင်ဆိုင်နေရခြင်းလည်းဖြစ်ကြောင်းသိရသည်။
ကျော်လင်းနိုင်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စားသုံးရန် မသင့်​​သော အစားအသောက်များ အသိပေး ကြေညာ


ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စားသုံးရန် မသင့်​​သော အစားအသောက်များ အသိပေး ကြေညာ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စိစစ် ဆောင်ရွက်လျက် ရှိရာ ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများမှ ဝယ်ယူ စစ်ဆေးရာ ​ရွှေပုဇွန်​တံဆိပ်​ ပုဇွန်​ငါးပိ၊ ​ရွှေဟင်္သာ တံဆိပ်​ အ​ရောင်​တင်​မှုန့်​၊ မြသီရိတံဆိပ်​ မြိတ်​ ငါးပိ​ထောင်း၊ ​အေးကမ္ဘာ တံဆိပ်​ ရှူးရှဲ လက်​ဖက်​ချဉ်​ စပ်​နှပ်​၊ မသက်​သက်​ တံဆိပ်​ လက်​ဖက်​ချဉ်​စပ်​နှပ်​၊ ​ရွှေ​တောင်​တန်း တံဆိပ်​ လက်​ဖက်​ချဉ်​စပ်​၊ ​ရွှေ​ဖောင်းကွဲ တံဆိပ်​ လက်​ဖက်​ညွန့်​၊ ဟင်္သာမင်း တံဆိပ်​ ငရုတ်​သီး အစိမ်းမှုန့်​ တို့၌ ထုတ်လုပ်သော အစားအသောက် များ၌ ခွင့်မပြု ဆိုးဆေးများ၊ မှိုအဆိပ် ပါဝင်ခြင်း တို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသူ များသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေး များကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
TheMandalayNewsJournal

ဆရာဇော်ဂျီ


ဆရာဇော်ဂျီကို ၁၉၀၇ ဧပြီလ ၁၂ ရက် သောကြာ နေ့တွင် ဧရာဝတီ တိုင်း၊ ဖျာပုံ မြို့၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၉ ဦး အနက် အကြီးဆုံး သားဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘ၀ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတ၀င် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။

၁၉၂၀ တွင် ဆရာ ဇော်ဂျီသည် သတ္တမ တန်းသို့ တက်ရောက် ပညာ သင်ကြားသည်။ ထို နှစ်တွင် ပထမ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာသည်။ အမျိုးသား ကျောင်းများ ဗမာပြည် တ၀ှမ်းတွင် ပေါ်လာ သည်။ ဆရာ ဇော်ဂျီသည် ဖျာပုံ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြား ခဲ့သည်။ ၁၉၂၄ တွင် ရန်ကုန်မြို့ အမျိုးသား အထက်တန်း ကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြား ခဲ့သည်။

မြို့မ ကျောင်းသား ဘ၀တွင် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာ ၀ါဒီ သတင်းစာက ကြီးမှူးပြီး ကဗျာ ဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာ ဘာသာသို့ ပြန်ဆို ရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိ ခဲ့သည်။ ဆာဂျေအေ မောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချ ခဲ့သည်။
၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့ စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့ စာပေ များကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လိုက်စား နိုင်ခဲ့သည်။ အင်္ဂလိပ် ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာ ဇော်ဂျီသည် သူ၏ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ ခဲ့သည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် ကျောင်းသား ဘ၀တွင် သူ့လို ၀ါသနာတူ သူငယ်ချင်း ဆရာ မင်းသုဝဏ်နှင့် တွဲမိ သွားသည်။ သူတို့ နှစ်ဦးသည် ရှေးဟောင်း ကဗျာများမှ တွေးပုံ တွေးနည်း၊ ရေးပုံ ရေးနည်း များကို လမ်းသစ် ခွဲထွက် ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထို ကဗျာများကို တက္က သိုလ် မဂ္ဂဇင်း၊ ဂန္တလောက မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းများတွင် ရေးသား ကြသည်။
၁၉၃၄ တွင် ဆရာကြီး ဦးဖေမောင်တင်က ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်နှင့် တက္ကသိုလ် ပုရ၀ဏ် အတွင်း ရေးသား နေကြသော ကဗျာ များကို စုစည်း ထုတ်ဝေရာမှ ‘ခေတ်စမ်း ကဗျာ’ ဟု အမည် တွင်လာသည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘ၀တွင် တက္ကသိုလ် ပုရ၀ဏ် ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခ လုစ်၊ ပါမောက္ခ ဂုဒ်တို့ထံမှ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေတို့ကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပ စာပေ လောကမှလည်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ အမျိုးသား ပညာဝန် ဦးဖိုးကျား၊ ဒီးဒုတ် ဦးဘချို တို့ထံမှ ပြင်ပ စာပေ ဗဟုသုတ များကို ကြားနာခွင့် ရသည်။ ဆရာ ဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံ မောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာ မင်းသုဝဏ် နှင့်လည်း ကဗျာ ရေးဖော် ရေးဖက် ဖြစ်လာသည်။
၁၉၂၉-၃၀ တွင် ဆရာ ဇော်ဂျီသည် ၀ိဇ္ဇာဘွဲ့ကို မြန်မာ စာပေ၊ အင်္ဂလိပ် စာပေ၊ အရှေ့တိုင်း နိုင်ငံများ သမိုင်း ဘာသာရပ်တို့ဖြင့် အောင်မြင် ခဲ့သည်။ ထို့နောက် မြို့မ ကျောင်းသို့ ပြောင်းရွှေ့ပြီး ဆရာ လုပ်ခဲ့သည်။ မြို့မ ကျောင်း၌ ကျောင်းဆရာ လုပ်နေစဉ် ဆရာ ဇော်ဂျီသည် ‘၀န်ကြီး ပဒေသရာဇ်နှင့် စိန္တကျော်သူ’ တို့ အကြောင်းကို ၀ိုင်အမ်ဘီအေ အသင်းကြီး၏ ဟောပြောပွဲ တခုတွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး စာတမ်း ဖတ်ကြားသည်။ ၎င်းစာတမ်းကို ရန်ကုန်တိုင်း အင်္ဂလိပ် သတင်းစာကြီးက ပြန်လည် ဖော်ပြရာ အင်္ဂလိပ် ပါမောက္ခ ရုဒ်က ဖတ်မိ သွားသည်။ ဆရာ ဇော်ဂျီ၏ အရည်အချင်းကို သဘော ကျသွားပြီး ဆရာ ဇော်ဂျီသည် မဟာဝိဇ္ဇာတန်း တက်ရန် တိုက်တွန်းသည်။
၁၉၃၄ တွင် ဆရာ ဇော်ဂျီသည် မြို့မ ကျောင်းမှ ကျောင်းဆရာ အလုပ်ကို ထွက်၍ ရန်ကုန် တက္ကသိုလ်တွင် မဟာ ၀ိဇ္ဇာတန်း တက်ရောက် ပညာ သင်ကြား ခဲ့သည်။ ၁၉၃၆ တွင် အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်မျိုး စလုံးဖြင့် မဟာ ၀ိဇ္ဇာဘွဲ့ ရခဲ့သည်။ ထို နှစ်မှာပင် မန္တလေး ဥပစာ ကောလိပ်သို့ ပြောင်းရွှေ့ပြီး မြန်မာစာ နည်းပြ အဖြစ် အမှုထမ်း ခဲ့သည်။
မဟာဝိဇ္ဇာတန်း တက်နေစဉ် ဆရာ ဇော်ဂျီသည် အိုးဝေ မဂ္ဂဇင်းနှင့် ကြီးပွားရေး မဂ္ဂဇင်းတို့တွင် လွပ်လပ်ရေး စိတ်ဓာတ်ကို လှုံ့ဆော်သော ကဗျာ များကို ရေးသား ခဲ့သည်။ ၎င်းကဗျာများမှာ ‘တက်လူ တေးသံ’၊ ‘ယခုခါ’၊ ‘သင်သေသွားသော်’၊ ‘အို တက်လူတို့’ စသည့် ကဗျာများ ဖြစ်သည်။
ဆရာဇော်ဂျီသည် လွတ်လပ်ရေးကို လှုံ့ဆော်သည့် ကဗျာများ ရေးသကဲ့သို့ ကြီးပွားရေး မဂ္ဂဇင်းတွင် ‘အိန္ဒိယ လူငယ် များနှင့် အိန္ဒိယ စာပေ အရေးတော်ပုံ’၊ တရုတ် လူငယ်များနှင့် တရုတ်စာပေ အရေးတော်ပုံ’ စသည့် ဆောင်းပါးများ ကိုလည်း ရေးသား ခဲ့သည်။ အိုင်ယာလန် ပြည်သား စာရေး ဆရာကြီး ဘားနက်ရှော၏ ‘လွတ်လပ်ရေး တရား’ ဟောပြောချက် ကိုလည်း လွပ်လပ်ရေး ကြိုးပမ်းနေသော မြန်မာ ပြည်သူများ အတွက် ဘာသာ ပြန်ဆိုပေး ခဲ့ပါသည်။
၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာတော်သင် အဖြစ် အင်္ဂလန် နိုင်ငံသို့ သွားရောက် ခဲ့သည်။ စာကြည့်တိုက် ပညာကို လန်ဒန် တက္ကသိုလ်နှင့် ဒဗ္ဗလင် တက္ကသိုလ် တို့တွင် သင်ကြား ဆည်းပူး ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာ ဘွဲ့ရပြီး မြန်မာ နိုင်ငံသို့ ပြန်လာ ပါသည်။ ဂျပန် ခေတ်တွင် မြန်မာ အစိုးရ ပညာရေး ဌာနတွင် ဒုတိယ ညွှန်ကြားရေး ၀န်အဖြစ် ဆောင်ရွက်သည်။ ဘားနဒ် ပိဋကတ် တိုက်၌ ရှိသော ပေပုရပိုက် တို့ကို စစ်ဘေးမှ ကင်းလွတ် စေရန် ကာကွယ် ထိန်းသိမ်းခဲ့သည်။ စစ်ပြီးခေတ်တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် တာဝန်ယူပြီး စစ်အတွင်းက ပျက်စီး သွားသော စာကြည့်တိုက်ကို ပြန်လည် ထူထောင် ပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းပြု ပြည်ပြု လွတ်တော်၌ အထူး အရာရှိအဖြစ် တာဝန် ယူသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသောအခါ ဆရာ ဇော်ဂျီသည် များစွာ စိတ် ထိခိုက်ခဲ့ပြီး “အမျိုးသား ပျက်စီးခြင်း တရပ်ပဲ” ဟု တသသ ပြောဆိုခဲ့သည်။
၁၉၄၁ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန် နေရှင်နယ် အမျိုးသမီး ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) နှင့် လက်ထပ် ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရ ပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူး အဖြစ် ပြန်လည် ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန် တက္ကသိုလ် ချစ်ကြည်ရေး အဖွဲ့နှင့် အတူ သွားရောက် ခဲ့သည်။

ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ သုတေသန အသင်း ဥက္ကဌ၊ မြန်မာ့ သမိုင်း ကော်မရှင် ဥက္ကဌ၊ မြန်မာ စာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဌ၊ အမျိုးသား စာပေဆု ရွေးချယ်ရေး ဥက္ကဌ၊ ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ စသည့် တာဝန်များ ယူခဲ့ပါသည်။ ၁၉၇၆ တွင် ဆရာ ဦးခင်ဇော် (ဆရာကေ) နှင့်အတူ အိန္ဒိယ နိုင်ငံသို့ သွား၍ ရာမ စာတမ်း ဖတ်ပွဲ တက်ရောက် ခဲ့သည်။ ၁၉၇၁ စက်တင်ဘာတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ရာမယန ပွဲတော်တွင် မြန်မာနိုင်ငံမှ ရာမ ‘The Ramayana in Burma’ စာတမ်းကို ဖတ်ကြားခဲ့သည်။

ဆရာဇော်ဂျီသည် ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာတမ်းများ ရေးသား ခဲ့သော်လည်း သူသည် ကဗျာဆရာ ဖြစ်သည်။ ဆရာ ဇော်ဂျီကို အမျိုးသား စာဆိုကြီး၊ ဒဿန ကဗျာဆရာ၊ ဇာတိမာန် စာဆို စသည်ဖြင့် ဆရာ့ ဂုဏ်ပုဒ်ကို ဖော်ညွန်း ခဲ့ကြသည်။ ဆရာ ဇော်ဂျီသည် အသက် ၁၇ နှစ် အရွယ်ကတည်းက ကဗျာဆရာ ဘ၀ စတင် ခဲ့သည်ဟု ဆိုရမည်။ ၁၉၂၄ တွင် သစ္စာဝါဒီ သတင်းစာ တိုက်ကြီးက ကြီးမှူး၍ အင်္ဂလိပ ကဗျာ ဆရာ ဟင်နရီ ဝေါတန် (Henry Wotton) The Character of happy life ကဗျာကို ဘာသာ ပြန်စေရာ ဆရာဇော်ဂျီက ‘စိတ္တသုခ အလင်္ကာ’ ဟု ကဗျာ အမည်ပေး၍ ပြန်ဆိုသည်။ ၎င်း ပြိုင်ပွဲတွင် ဆရာ ဇော်ဂျီသည် ပထမဆု ရသည်။

ဆရာ ဇော်ဂျီသည် တက္ကသိုလ် တက်နေစဉ် ကာလအတွင်း အင်္ဂလိပ် ကဗျာများကို ဖတ်ရှုပြီး အတွေး အသစ် ရလာသည်။ လမ်းဟောင်း အတိုင်း ရေးရသော မြန်မာ ကဗျာများကို ငြီးငွေ့ လာသည်။ ထို့ကြောင့် လမ်းသစ် ကဗျာများကို စတင် ရေးသား လာသည်။ ခေတ်စမ်း ကဗျာများဟု အမည် ရလာသည်။
ဆရာ ဇော်ဂျီသည် မြန်မာတို့၏ ရဲစိတ် ရဲမာန်၊ ဇာတိမာန်နှင့် အနုပညာ ယဉ်ကျေးမှု အနှစ် အသားများ စုစည်းရာ ပုဂံကို အထူး စိတ်ဝင်စား ခဲ့သည်။ ပုဂံနှင့် ပတ်သက်ပြီး ဆရာသည် ဆောင်းပါးများ၊ စာတမ်းများ၊ ကဗျာများ ရေးသား ခဲ့သည်။ ပုဂံသို့ အကြိမ်ကြိမ် အခါခါ သွားရောက် ခဲ့ပြီး သုတေသနများ ပြုလုပ်ခဲ့ သကဲ့သို့ တဘက်တွင်လည်း ကဗျာများ ရေးသား ခဲ့သည်။ ပုဂံဆိုင်ရာ ဆောင်းပါးများတွင် ပုဂံခေတ် ပန်းချီသဘော၊ ပုဂံခေတ် ဗုဒ္ဓ၀င် ပန်းချီ၊ ပုဂံခေတ် မဟာယန ပန်းချီ စသည့် ဆောင်းပါး များမှာ ထင်ရှားသည်။
ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ စာအုပ်တွင် ဆရာ ဇော်ဂျီ၏ ကဗျာ ၅၁ ပုဒ် ပါဝင်သည်။ ၎င်းစာအုပ်တွင် အမှတ် ၁ မှ ၃၃ အထိသည် ပုဂံခေတ် ကဗျာ များပင်။

“ဗေဒါလမ်း” ကဗျာများသည် ဆရာ ဇော်ဂျီ၏ ကဗျာများ ထဲတွင် အကျော်ကြားဆုံးနှင့် အကောင်းဆုံး ကဗျာ များပင်။ ၎င်းကဗျာ များသည် ဆရာဇော်ဂျီ မွေးဖွား ကြီးပြင်းရာ မြစ်ဝကျွန်းပေါ် ဒေသမှ ဒီရေ အတက်အကျ အလိုက် မြစ်ထဲတွင် ရှင်သန် လှုပ်ရှား ရုန်းကန် နေရသော ဗေဒါကို အဓိက ဇာတ်ဆောင်ထား၍ ရေးဖွဲ့ ထားသည်။
“ဗေဒါလမ်း ကဗျာ အားလုံးအတွက် ယေဘုယျ ဖြစ်ပေါ် လာပုံကို ဆရာ အရင် ပြောပြ ချင်ပါတယ်။ ထူးထူး ဆန်းဆန်းတော့ မဟုတ်ပါဘူး။ ဆရာ့ အိမ်ကနေ ဆရာ့ အလုပ်ခွင် ဖြစ်တဲ့ တက္ကသိုလ် စာကြည့်တိုက်ကို နေ့စဉ် နေ့တိုင်း ခြေကျင် သွားပြီး ခြေကျင် ပြန်လေ့ ရှိတယ်။ ဒီလို နေ့စဉ် သွားလာ နေရတာကို တွေးမိ လာတယ်။ အလုပ်တွင်း မှာလည်း လူ အမျိုးမျိုး၊ အဖြစ်အပျက် အမျိုးမျိုးနဲ့ ကြုံဆုံ ဆက်ဆံ တုံ့ပြန် နေရလို့ ခံစားမှု အမျိုးမျိုး ရနေခြင်းသာ ပါတကားလို့ တွေးမိ လာတယ်။ အသွားနဲ့ အပြန် နှစ်ခု ကြားမှာ အဖန် တလဲလဲ ကျင်လည် နေရခြင်းသာ ပါတကား လို့လည်း တွေးမိ ပါတယ်။ တခါ ဆရာ ငယ်ငယ်က သွားလာ ပျော်ရွှင် ခဲ့ဖူးရာ ဖြစ်တဲ့ ဒီရေ အတက်အကျ ရှိတဲ့ ချောင်းကို သတိ ရလာတယ်။ ကဗျာ ရေးချင်စိတ် ပေါက်လာတဲ့အခါ ဆရာ့ အတွေ့အကြုံ၊ အဆက်အဆံ၊ အတုံ့အပြန် ရှိခဲ့ဖူးတာ တွေကို ဒီချောင်း အမူအရာ၊ ဗေဒါပင်၊ ဗေဒါပန်း အမူအရာ တွေနဲ့ တင်စားပြီး ဆရာ မှတ်မိတဲ့ ခံစားမှု အသိနဲ့ ဗေဒါမ်း ကဗျာတွေကို ထုံ့ပိုင်းထုံ့ပိုင်း ရေးနိုင်ခဲ့တာပဲ”
ဗေဒါပန်း
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်
ချောင်းစပ်မှာထိုင်
ဘုတ်မကတိုင်၊ ကျူကိုင်ကအေး
ရေစီးနဲ့လာ
ရေသာမှာ ပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို
လွမ်းတယ်တဲ့လေး။
ဗေဒါသည် မြစ်ချောင်း တလျှောက် စုန်ချီဆန်ချီ သွားလာ လှုပ်ရှား ရုန်းကန် နေရသည်။ အခက်အခဲ၊ အတားအဆီး များလည်း ရှိသည်။ ရေသာမှာ ပြန်လည် စီးဆင်း လာသော ဗေဒါပန်းကို လွမ်းနေပုံမှာ မြင်ယောင် စေသည်။
ဆရာဇော်ဂျီသည် ဗေဒါလမ်း ကဗျာများကို ပထမဦးစွာ အင်္ဂလိပ်လို စပ်သည်။ ၁၉၃၆ ၀န်းကျင် လောက်မှ မြန်မာလို စပ်ဆိုသည်။ “ချောင်းရေပြင်မှာ စီတန်းလို့၊ ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ” ဟု အစချီပြီး စပ်ဆို ခဲ့သည်။ ထို ဗေဒါပန်း ကဗျာကို ရေးပြီး ရပ်သွားရာမှ ၁၉၅၇ တွင် ဗေဒါပန်း ကဗျာများကို ပြန်လည် ရေးသား ပါသည်။ ဗေဒါလမ်း ကဗျာကို အမှတ် ၄၁ အထိ ရေးခဲ့ရာ ၁၉၇၁ နောက်ပိုင်းမှ ရပ်လိုက် ပါသည်။
ဗေဒါလမ်း အမှတ် ၁၀ ကဗျာကား ‘ပန်းပန်လျက်ပဲ’ အမည်ဖြင့် ကြည်ကြည်ဌေးက သီချင်းအဖြစ် သီဆိုသည်။ ၎င်း အမည်ဖြင့် စာရေး ဆရာမကြီး ခင်နှင်းယုက ၀တ္ထု ရေးခဲ့ပြီး ဒါရိုက်တာ ချစ်ခင်က ရုပ်ရှင်ကား အဖြစ် ရိုက်ကူး ခဲ့သည်။
ဝတ္ထုတို ဆရာ၊ အက်ဆေး ဆရာနှင့် ပြဇာတ် ဆရာဇော်ဂျီ
ဆရာ ဇော်ဂျီသည် ၁၉၃၃ မှစ၍ ဂန္တလောက မဂ္ဂဇင်း၊ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများ ရေးသား ခဲ့သည်။ ၁၉၃၆ က ထုတ်ဝေသော မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်း၏ ခေတ်စမ်း စာပေကျမ်းစဉ် ၂ တွင် ဆရာ ဇော်ဂျီ၏ ဘိုးမာဒင်နှင့် ကြင်မည့်သူ အမည်ရှိ ၀တ္ထုတို ၈ ပုဒ်ပါဝင်သည်။ ဆရာဇော်ဂျီ၏ ၀တ္ထုတိုများ ထဲတွင် “ပုဂံဈေး” ၀တ္ထုတိုမှာ ထင်ရှားသည်။
ဆရာ ဇော်ဂျီသည် ပြဇာတ် ၆ ပုဒ်ကိုလည်း ရေးသား ခဲ့သည်။ ၃ ပုဒ်မှာ ပင်ကိုယ်ရေး ဖြစ်ပြီး၊ ၃ ပုဒ်မှာ ဘာသာပြန် ဖြစ်သည်။ ဆရာ ဇော်ဂျီ၏ ဘာသာပြန် ပြဇာတ်ထဲတွင် အထင်ရှားဆုံး ပြဇာတ်ကတော့ ‘မဟာဆန်ချင်သူ’ ပြဇာတ် ဖြစ်သည်။ ၎င်း ပြဇာတ်မှာ ပြင်သစ် ပြဇာတ်ရေး ဆရာကြီး မိုးလျဲ၏ Le Bourgeois Gentilhomme ပြဇာတ်ကို မြန်မာဘာသာ ပြန်ဆို ထားသည်။ ၁၉၃၄ ခုနှစ်က ပထမဆုံး အကြိမ် ထုတ်ဝေ ခဲ့သည်။
ဘာသာပြန် ဆရာဇော်ဂျီ
ဆရာဇော်ဂျီသည် ကမ္ဘာ့စာပေ၊ မြန်မာစာပေ နှစ်ခုစလုံးကို ကျွမ်းကျင် နှံ့စပ်သူ ဖြစ်သည်။ အင်္ဂလိပ် စာပေ၊ မြန်မာ စာပေ နှစ်ဘာသာ တွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူလည်း ဖြစ်သည်။ ဆရာသည် ကမ္ဘာ့ စာပေ လက်ရာများကို မြန်မာ လူမျိုးများ ရင်းနှီး စေလိုသည့် စေတနာဖြင့် ဘာသာ ပြန်ဆို ခဲ့သည်။ ၁၉၃၈ တွင် အင်္ဂလိပ် စာရေးဆရာ ချားရိဒ်၏ The Cloister and The hearth ၀တ္ထုကို “ဂျရတ်နှင့် မာဂရက်” ဟူ၍ ဘာသာ ပြန်ဆို ခဲ့သည်။
ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စာရေးဆရာ များ၏ ၀တ္ထုတို များကိုလည်း မြန်မာ စာဖတ်ပရိသတ် အတွက် ရွေးချယ် ပြန်ဆို ပေးခဲ့သည်။ ပထမဆုံးသော ဘာသာပြန် ၀တ္ထုတို ပေါင်းချုပ် အမည်မှာ “မိုးကြယ်မို့လား နှင့် နိုဘယ်ဆုရ ၀တ္ထုတိုများ” ဖြစ်သည်။ ၁၉၆၆ တွင် မိုးဦးပန်း စာပေတိုက် (မန္တလေး)မှ ပထမဦးဆုံး အကြိမ် ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၈ ဦး၏ ၀တ္ထုတို ၁၃ ပုဒ် ပါဝင်သည်။
၁၉၆၆ ဒီဇင်ဘာတွင် “လမ်းသစ်နှင့် အခြား ၀တ္ထုတိုများ” အမည်ဖြင့် ပုဂံ စာအုပ်တိုက်မှ ထုတ်ဝေသည်။ နိုဘယ်ဆုရ စာရေးဆရာ ၁၀ ဦး၏ ၀တ္ထုတို ၁၂ ပုဒ် ပါဝင်သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခ” အမည်ရှိ နိုဘယ်ဆုရ စာရေးဆရာ တို့၏ ၀တ္ထုတို ၉ ပုဒ်ကို ပြန်ဆို ထုတ်ဝေ ခဲ့သည်။ ၎င်းအပြင် ဆရာ ဇော်ဂျီသည် နိုဘယ်ဆုရ စပိန် ကဗျာဆရာ ရာမွန်ဂျင်းမနဲ၏ ပလေတရိုနှင့် ကျွန်တော် (Platero and I) အမည်ရှိ စကာပြေ ကဗျာများ ကိုလည်း မြန်မာ ဘာသာ ပြန်ဆို ခဲ့ပါသည်။

၁၉၃၈ တွင် ဆရာ ဇော်ဂျီသည် လန်ဒန် တက္ကသိုလ်၊ ဒဗ္ဗလင် တက္ကသိုလ်တို့တွင် ပညာ သင်ကြား ခဲ့သည်။ ၁၉၄၀ တွင် စာကြည့်တိုက် ဒီပလိုမာဘွဲ့ ရသည်။ ၁၉၄၁ တွင် ရန်ကုန် တက္ကသိုလ် ကျောင်းတိုက်၏ ကောလိပ် စာကြည့်တိုက်မှူး အဖြစ် တာဝန် ထမ်းဆောင်သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ပျက်စီး သွားသော ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို ပြန်လည် ထူထောင်ခဲ့သည်။ ဆရာ ဇော်ဂျီသည် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကို စာပေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး သမိုင်း၊ သုတေသနများ အတွက် အားကိုးအားထား ပြုနိုင်ရန် ဖန်တီးခဲ့သည်။ ဗုဒ္ဓဘာသာ အနုပညာ စာအုပ် စာတမ်းများ၊ ပေ၊ ပုရပိုဒ်များ၊ မြန်မာမှုနှင့် သက်ဆိုင်သော ရှားပါး စာအုပ် စာတမ်းများကို ရှာဖွေ စုဆောင်းခဲ့သည်။

ဆရာ ဇော်ဂျီသည် ၁၉၅၅ တွင် “သခင် ကိုယ်တော်မှိုင်း ဋီကာ” စာအုပ်ဖြင့် စာပေဗိမာန် စာပဒေသာဆု ရရှိခဲ့သည်။ ၁၉၇၉ တွင် “နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတိုများ” ဘာသာပြန် စာအုပ်ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန်) ရရှိခဲ့သည်။ ၁၉၈၇ တွင် “ရှေးခေတ် ပုဂံ ကဗျာများနှင့် အခြား ကဗျာများ” ကဗျာ စာအုပ်ဖြင့် အမျိုးသား စာပေဆု (ကဗျာ) ရရှိခဲ့သည်။ ထို့အပြင် ဆရာဇော်ဂျီသည် အနောက်တိုင်း အလှ ဗေဒ၏ ရင်းမြစ် ဖြစ်သော ဂရိ ဒဿနကို ချဉ်းကပ်၍ “ပလေတိုး နိဒါန်း” အမည်ရှိ ကျမ်းကိုလည်း ဘာသာပြန် ရေးသား ပြုစုခဲ့သည်။
၁၉၈၁ တွင် အငြိမ်းစား ယူခဲ့သည်။ ၁၉၉၀ စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀-က နေအိမ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စောရင် (၈၅) နှစ်နှင့် သမီး သုံးဦးဖြစ်သော ဒေါက်တာ ဒေါ်ခင်မျိုးဟန် (ကလေး အထူးကု)၊ ဒေါက်တာ ဒေါ်ခင်လှဟန် (သမိုင်း ပညာရှင်)၊ ဒေါက်တာ ဒေါ်ခင်အုန်းဟန် (မျက်စိ အထူးကု) တို့ ကျန်ရစ်သည်။
ကွယ်လွန်ချိန် အထိ စာအုပ် စုစုပေါင်း ၃၀ အုပ်၊ ကဗျာ ပုဒ်ရေပေါင်း ၂၃၀ ခန့်၊ ၀တ္ထု ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနှင့် ဆောင်းပါး ပုဒ်ရေ ၃၀၀ ပြုစုခဲ့သည်။ ဆရာ ဇော်ဂျီ၏ အုပ်ဂူပေါ်တွင် သူ၏ “သင်သေသွားသော်” ကဗျာကို ထုထွင်း မော်ကွန်း တင်ထားပါသည်။
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ဇော်ဂျီ
ဒီဇင်ဘာ ၁၉၃၅
ကျမ်းကိုး
၁။ ဆရာဇော်ဂျီပေါင်းချုပ် (ငါးတွဲ)
၂။ ဒေါက်တာကျော်စိန်၏ ဇော်ဋီကာ (သုံးတွဲ)
၃။ အမှတ်တရ ဇော်ဂျီ
Tun Aung Kyaw(T.A.K)

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း

ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်

ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း
ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်
ဒါပေမယ့်ကျွန်တော်မယုံခဲ့ဘူး အဲ့ဒါကြောင့် ၂၀၀၈ခုနှစ် မြန်မာပြည် နာဂစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ် မြန်မာပြည်ရောက်ပြီးနောက်နေ့မှာ ကျွန်တော့်သူငယ်ချင်းဆီ အသွား ရွှေဂုံတိုင်စားသောက်ဆိုင်နား အရောက်မှာ ကျွန်တော်မြတ်ကေသီအောင်စီးတဲ့ကားကို ကျွန်တော်ရုပ်တရက်တွေ့လိုက်ရတယ် သူ့ရဲ့ဒါရိုက်ဗာ ကားသမားက ကျွန်တော့်လည်မြင်ရော ဆိုင်ထဲဝင်ပြီး မြတ်ကေသီအောင်ကို သွားပြောပြီး ကားမောင်းထွက်သွားတယ် ကျွန်တော်ဆိုင်ထဲဝင်သွားတော့ စားပွဲထိုးတစ်ယောက်ကိုမေးတယ် မေးတော့ ပြန်သွားပြီလို့ ကျွန်တော့်ကိုလိမ်တယ် ဒါပေမယ့် ကျွန်တော်မယုံဘူး ဆိုင်ရှေ့မှာ သူ့ဖိနပ်ကို တွေ့နေရလို့ ကျွန်တော်မယုံလို့မန်နေဂျာကို ခေါ်ခိုင်းတော့ မန်နေဂျာက ကျွန်တော့်ကို မြတ်ကေသီအောင်နဲ့ဘာတော်လည်းလို့မေးတယ် ကျွန်တော် သူ့ခင်မွန်ပါပြောလိုက်တော့မှ မြတ်ကေသီအောင် ခေါ်ပေးတယ် မြတ်ကေသီအောင်ကကျွန်တော့်လည်းတွေ့ရော လက်ဆွဲပြီး ဆိုင်ပြင်ကိုခေါ်သွားတယ် ဆိုင်ပြင်ရောက်တော့ သူ့ကိုလိုက်နှောက်ယှတ်ပါတယ်ဆိုပြီး ကျွန်တော့်ကိုပိုးစိုးပက်စက်ပြောခဲ့တယ် ဘယ်လောက်ထိပြောသလဲဆိုရင် ကျွန်တော့်ကိုရဲတိုင်ပြီး ထောင်ထဲထည့်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ် အဲ့ချိန်ကကျွန်တော်က အမေရိကမှာ နိုင်ငံရေးခိုးလုံခွင့်နဲ့နေ နေတာ ကျွန်တော်လဲဘာမှ မပြောပဲပြန်ခဲ့တယ် သူလဲဇော်မျိုးအောင် ရှိတဲ့စားသောင်ဆိုင်ပြန်ဝင်သွားခဲ့တယ် အဲ့နောက် ကျွန်တော်က ဇော်မျိုးအောင် ဖောက်ပြန်နေတာကို သိလို ကျွန်တော် ကွာရှင်းခွင့် တောင်းခဲ့တယ် အဲ့ချိန်မှာ သူကကျွန်တော့်ကို ဘာပြောလဲဆိုတော် သူဇော်မျိုးအောင် ပိုချစ်တယ် ဒါပေ့မယ့် ကျွန်တော်ကိုကျ သူ့ရဲ့အရှက်နဲ့သိက္ခာ မကွာပေးနိုင်ဘူးလို့ ကျွန်တော့်ကို သူကိုယ်တိုင်ပြောခဲ့တယ် နောက်သိပ့်မကြာခင်မှာပဲ ကျွန်တော်အမေရိကကိုပြန်လာခဲ့တယ် ဒီရောက်ပြီး တစ်ပတ်လောက်မှာပဲ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူ့လင်းငယ်ဖြစ်တဲ့ ဇော်မျိုးအောင် နဲ့ပေါင်းပြီး သူတို့ဖောက်ပြန်နေတာကို ကျွန်တော်တရားစွဲမှာကြောက်လိုံဆိုပြီး ကျွန်တော့ကို သူကိုယ်တိုင် ကွာရှင်းစာချုပ်မှာ လက်မှတ်အမြန်ထိုးပေးဘို့တောင်းဆိုးခဲ့တယ် ကျွန်တော်ဘက် ကွားရှင်းစာချုပ်မှာ ချက်ချင်းလက်မှတ်ထိုးပြီး DHL မှ အမြန်ချောနဲ ပို့ပေးခဲ့တယ် သူ့ဘက်ကကွာရှင်းစာချုပ်မှာ လက်မှတ်လဲထိုးမပေးခဲ့သလို ကျွန်တော်ဆီလဲဘာမှာပြန်ပို့တာမရှိခဲ့ဘူး အဲ့ကွာရှင်းစာချုပ်ကို ကျွန်တော် လေးငါးခြောက်လောက်ထိကျွန်တော်စောင့်ပေးခဲ့တယ် လေးငါးခြောက်လကြာတဲ့ထိ သူ့ဘက်ကဘာမှအကြောင်းပြန်မလာပေမယ့် သူ့ဖောက်နေတဲ့သတင်းတွေက ပိုဆိုးဆိုးလာတဲ့အတွက် ကျွန်တော် ကျွန်တော့်မိဘအသိုင်းဝိုင်းတွေရဲ့ အရှက်နဲ့သိက္ခာအတွက် မြန်မာနိုင်ငံ ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ မသီတာမြင့်(ခ)မြတ်ကေသီအောင်ကို ဇနီးအဖြစ်မှ စွန့်လွတ်ကြောင်းကို တရားဝင်ကြေငြာခဲ့ပြီးပါပြီ မကြာသေခင်က let talk မီဒီယာနဲ့အမေအဖြေမှာ သူ့နဲ့ကျွန်တော့်အကြောင်းကို မေးတဲ့ခါမှာ ကျွန်တော်အမည်ကိုထပ်အသုံးပြုပြီးတော့ ကျွန်တော့်ကိုပဲ မရိုသေ့စကား အတွင်းခံဘောင်ဘီကအစ ဝယ်ပေးခဲ့တယ်လို့ကျွန်တော့်ကိုထပ်ပြီးအရှက်ခွဲခဲ့တယ် မသိတဲ့သူတွေကတော့ မြတ်ကေသီအောင်အတွက် မျက်ရည်တွေဘာတွေကျလို့ပေါ့ဗျာ တကယ့်အမှန်က သူနဲ့ ချစ်သူမဖြစ်ခင်ကတည်းကနောက်ဆုံိး သတင်စားမှာတရားဝင်ကြေငြာတဲ့အထိ ကျွန်တော်အပ်တိုးတစ်ချောင်းတောင်ကျွန်တော်မယူခဲ့ပါဘူး ကျွန်တော်အမှန်တိုင်း ပြောရရင် ကျွန်တော့်ရဲ့အိမ် ကား လက်ဝတ်ရတနာ ဒေါလာပေါင်းများစွာ ကျွန်တော်ဆုံးရူံးခဲ့တယ် စပြီးသိတဲ့ချိန်ကစလို့ သတင်းစားမှာကြေငြာတဲ့အချိန်ထိ ကျွန်တော်ဘက်ကပဲအကုန်ကျခံတယ် ဒါပေမယ့် သူကတော့ ဇော်မျိုးအောင်ဆက်ပြီးဖောက်ပြန် နေခဲ့တယ် ထပ်ပြီးပွင့်ပွင့်လင်းလင်းပြောရရင် သူ့ဖောက်ပြန်နေတာကို ကျွန်တော်တင်သိတာမဟုတ်ခဲ့ဘူး သူ့မိဘအသိုင်းကစအကုန်သိနေကျယ် ဒါပေမယ့်ကျွန်တော်ဘက်မှာတစ်ယောက်မှ မရှိခဲ့ပါဘူး အကုန်လုံးဟာ မြတ်ကေသီအောင်ဘက်မှာပဲရှိနေကျတယ် ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာပဲ သူ့အဖေကိုယ်တိုင် ဇော်မျိုးအောင်ကို သူတို့အခေါ် ဦးဇော် ကျွန်တော်ပြန်လာရင် နင်တို့အသွားအလာသတိထားကျ ကျွန်တော်ပြန်လာတယ်ပေါ့ဗျာ
ယခုအခါ မြတ်ကေသီအောင်ရဲ့ ညစ်ညမ်းသောဓာတ်ပုံတွေအွန်လိုင်းမှာ ပြန့်နေတာ ကျွန်တော်နဲ့သိတဲ့သူတွေ ကျွန်တော်နဲ့မသိတဲ့သူတွေအားလုံးအွန်လိုင်းမှာတွေ့နေရမှာပါ တစ်ချို့ကျွန်တော်နဲ့သူနဲ့ တရားဝင်ကွာရှင်းထားတဲ့အကြောင်းငိသိသူတွေရှိသလို မသိတဲ့သေးတဲ့သူတွေလဲရှိပါတယ် တစ်ချို့ကလဲကျွန်တော်ဆီကိုဖုန်းဆက် စာပို့ပြီး မေးကျတယ် မြတ်ကေသီအောင် ဒီလိုဖြစ်နေတယ်ဆိုတဲ့အကြောင်း ခုချိန်မှာကျွန်တော့်မှာလဲအိမ်ထောင်ရှိနေတဲ့အတွက် ကျွန်တော့်ရဲ့အရှက်သိက္ခာ ကျွန်တော့်မိသားစုရဲ့အရှက်သိပွာ
က္ခာအတွက် ဒီpostကို အွန်းလိုင်းမှာ တင်ပြီးဖြေရှင်းလိုက်ရချင်းဖြစ်ပါတယ်
သက်သေအဖြစ် ၂၀၀၈ ကြေမုံသတင်းစာမှာ တရားဝင်ကြေငြာခဲ့တဲ့စာပါ တင်ပေးလိုက်ပါတယ်

အားလုံးကိုကျေးဇူးတင်ပါတယ်
အောင်ဇော်လတ် (ကိုဇော်-နယူးယောက်)
https://www.facebook.com/aung.zaw.56884/posts/1470691093026449

နေပြည်တော်စည်ပင်မှ ဌာနမှူး ၂ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ

နေပြည်တော်စည်ပင်မှ ဌာနမှူး ၂ ဦး အဂတိလိုက်စားမှုဖြင့်
အရေးယူခံရ

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဌာနမှူး (ဒု ညွှန်ချုပ်) ဦးမင်းလွင်စိုးသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ငွေကျပ် သိန်း (၂၀) ကို ယခုနှစ် မတ်လအတွင်းက လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဦးမင်းလွင်စိုးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥပဒေ ပုဒ်မ ၅၆ အရ အောက်တိုဘာ ၃၀ ရက် မနက် ၁၀း၃၀ နာရီအချိန်က ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရသည်။

အလားတူ သားသတ်ဌာနမှ ဌာနမှူးဖြစ်သူ ဒေါက်တာ ခိုင်စိုးလှသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ငွေကျပ် သိန်း (၄၀) ကို ယခုနှစ် မေလအတွင်းက လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ ချုပ်ရမန်တောင်းခံပြီး ဒေါက်တာ ခိုင်စိုးလှအား
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အောက်တိုဘာ ၃၀ ရက် မနက် ၀၉း၅၅ နာရီအချိန်တွင် မန္တလေးမြို့ အမှတ် (၃) နယ်မြေရဲစခန်း၌ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရသည်။

ထွန်း(နေပြည်တော်)
Photo - တိုင်တန်းသူမှ သက်သေအဖြစ်တင်ပြခဲ့သည့် ဓာတ်ပုံများ
New Watch

မြိတ် ကမ္ဘောဇ မီနီဘဏ်ခွဲ ဓားပြတိုက်သူ မြိတ်စကားပြောသူဖြစ်

မြိတ် ကမ္ဘောဇ မီနီဘဏ်ခွဲ ဓားပြတိုက်သူ မြိတ်စကားပြောသူဖြစ်

မြိတ်မြို့ ကမ္ဘောဇ မီနီဘဏ်ခွဲ (၁)တွင် ဘဏ်ဝန်ထမ်း တို့အား သေနတ်ပြ ပြီး ဓားပြတိုက်သူသည် မြိတ် စကားပြော သူဖြစ်ကြောင်း အခင်းဖြစ်စဉ် ဘဏ် အတွင်း ရှိနေသူ နှစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ကန်ဖျားရပ်ကွက် ကန်ဖျား လမ်းမကြီးရှိ ထိုမီနီဘဏ် အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက် လာပြီး သေနတ်ပြကာ ဘဏ်ဝန်ထမ်း တို့အား ငွေထုတ်ခိုင်းကြောင်း မြို့မရဲစခန်း မှ သိရသည်။
အခင်းဖြစ်ချိန်တွင် ဘဏ်ဝန်ထမ်း များအပြင် ဘဏ်အတွင်း ငွေသွင်း/ထုတ် ပြုလုပ်သူ အမျိုးသား ၃ ဦးသာ ရှိပြီး သေနတ်ဖြင့် ငွေတောင်းသူမှာ မြိတ် စကားသံဖြင့် ပြောဆိုခဲ့ကြောင်း ဘဏ် အတွင်း ဓားပြတိုက် ခံရစဉ် ကိုယ်တိုင် ကြုံတွေ့ရသူ ဝန်ထမ်းရပ်ကွက်နေ ကိုစိုးမင်းအောင်က ပြောသည်။
” သူ့ဘယ်ဘက်လက်က ပါလာတဲ့ အိတ်တစ်လုံးကို ကောင်တာပေါ်ကို တင်ပေးလိုက်တယ်။ ဒီအိတ်ထဲကို ငွေထည့်ပေးလို့ ပြောတာ ကြားတယ်” ဟု ကိုစိုးမင်းအောင်က ဆိုသည်။
ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက် တွင်မူ ငွေလာသွင်းသူ တစ်ဦးက ငွေသွင်း နေစဉ် လူငယ်တစ်ဦးမှ ဘဏ်အတွင်း ဝင်ရောက်လာပြီး သေနတ်ပြ ငွေတောင်း သွားကြောင်း ထုတ်ပြန်ထားသည်။ သေနတ်ပြပြီး ငွေတောင်းသဖြင့် ငွေကျပ်သိန်း ၂၇၀ ပါသွားကြောင်း မြို့မ ရဲစခန်းမှ သိရသည်။ အဆိုပါ သေနတ်ပြ ငွေတောင်းသူ အား အမြန်ဆုံး ဖမ်းဆီး ရမိရေးဆောင် ရွက်နေကြောင်း သိရသည်။
” လိုက်နေတုန်း စုံစမ်းနေတုန်းပါ” ဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲမှူး အေးမင်းက ပြောသည်။ ညဘက်တွင်လည်း ရပ် / ကျေး အုပ်ချုပ်ရေးမှူးများ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေကြောင်း အထက်ပါရုံးမှ သိရသည်။
ကျွဲကူး - ကျောက်ဖျာတံတား၊ သမုတ် - လော့လော့ ဇက်ဆိပ်၊ ကြေးနန်း တိုင် - ပသောင်းတံတား၊ ပုလောတံတား၊ ပလောက်တံတား၊ တနင်္သာရီမြို့အဝင် တံတားစသဖြင့် လမ်းကြောင်း တော်တော်များများတွင် ရှာဖွေနေပြီး CCTV မှတ်တမ်းပုံ များလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။
အဆိုပါ အမျိုးသားသည် အသက် ၃၀ ဝန်းကျင် ခန့်ရှိကာ တလေန ၁၀၀ ဆိုင်ကယ် အမျိုးအစားဖြင့် ဆိုင်ကယ်ဦး ထုပ် မျက်နှာပိတ်မှန်ကာ၊ မျက်နှာနှာ ခေါင်းစီးဖြင့် ဘဏ်သို့ ဝင်ရောက်လာခြင်း ဖြစ်ကာ ငွေတောင်းပြီးနောက် ကန်ဖျား ပိတောက်ပင် လမ်းဆုံဘက်သို့ ဆိုင်ကယ် ဖြင့် မောင်းနှင် ထွက်ပြေးသွားကြောင်း မြို့မရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မ ရဲစခန်းက (ပ) ၂၄၁၅ / ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။
မြိတ် ဓားပြတိုက်မှု ဖြစ်စဉ် အပြီးတွင် တိုင်းအတွင်း ခရိုင် မြို့ကြီးများတွင် နေ့ခင်းဘက် လုံခြုံရေး ကင်းလှည့်နေ ကြောင်း သိရသည်။ ခရိုင်မြို့များရှိ ရွှေဆိုင်များ၊ ဘဏ် များနှင့် စတိုးဆိုင်ကြီးများ တစ်ဝိုက်ကို အရပ်ဝတ်၊ ယူနီဖောင်း ဝတ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေပြီး လုံခြုံရေး သတိရှိရန် အသိပေး ပြောဆိုနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။
Dawei Watch
http://www.daweiwatch.com/2017/10/29/news/myeik/10769

ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ခဲ့သော ဦးဝင်းညွန့် ခြိမ်းခြောက်ခံရ

ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ခဲ့သော ဦးဝင်းညွန့် ခြိမ်းခြောက်ခံရ

အရွယ်မရောက်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းခဲ့သော ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ခဲ့သော ဦးဝင်းညွန့်သည် ခွန်တန်၏တပည့်များက ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း ဦးဝင်ညွှန့်လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေသော တပ်မတော်အငြိမ်းစား ဗိုလ်ကြီး ဦးခင်မောင်ကြည်က ပြောသည်။

သထုံမြို့မရဲစခန်းတွင် အောက်တိုဘာ၂၄ ရက်က အရွယ်မရောက်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းခဲ့သော ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူပေးရန် ဦးဝင်းညွန့်မှ အမှုဖွင့်ခဲ့သည်။

“ကျွန်တော်က ဦးဝင်းညွန့်ရဲ့လုံခြုံမှုတွေကို ကျွန်တော်ကာကွယ်ပေးထားတယ်။ ခင်ဗျားဘယ်မှ မသွားရဘူး။ ကျွန်တော်ဆီမှာပဲနေ၊ ဘယ်သူပဲခေါ်ခေါ်၊ ဖုန်းနဲ့ ပဲခေါ်ခေါ် ကျွန်တော်မသိပဲနဲ့ မသွားရဘူး။ အဲဒါကြောင့်သူ့ရဲ့လုံခြုံရေးအတွက် ရှင်းရှင်းပြောရရင်တော့ ကျွန်တော်က စစ်သားဆိုတော့ လုံခြုံရေး ပိုသိတယ်”ဟု တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်ကပြောသည်။
ဂျာနယ်များတွင် ဖော်ပြခံထားသော ဦးဝင်ညွန့်ပုံကို တွေ့ရှိပြီးနောက် ခွန်တန်တပည့်များက ဦးဝင်းညွန့်ကို အန္တရာယ်ပြုရန် လိုက်လံရှာဖွေနေသည်ဆိုသောသတင်းများလည်း ကြားနေရသောကြောင့် အဆိုပါဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား ရဲစခန်းတွင်တိုင်ချက်အနေနှင့် မဟုတ်ဘဲ သတင်းအဖြစ်ပေးပို့ထားရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သထုံမြို့မရဲစခန်းတွင် ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ပြီးနောက် အသက်အန္တရာယ်နှင့် အမျိုးမျိုးခြိမ်းခြောက်ခံရမှုများကြောင့် တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်၏ နေအိမ်တွင် ခိုလှုံနေရကြောင်း ဦးဝင်ညွန့်က ဆိုသည်။

“ဒီကောင်တွေပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က ဒီလိုပဲ ဇာတ်လိုက်တပည့်တွေ ဗိုလ်ကျလာတယ်။ စိုးမိုးလာတယ်။ ဟိုမှာ ရိုက်ခွဲမီးရှို့သူတို့လုပ်လာတဲ့ဟာကြီးပဲ”ဟု ဦးဝင်ညွန့်က ပြောဆိုသည်။

“ကံကောင်းပါသုံးဦးကို ဦးဝင်းညွန့်ကနေပြီးတော့ သူ့ကိုအပြတ်ရှင်းပြစ်မယ် သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ဦးဝင်းညွန့်က တဆင့်ကြားသိရလို့ တရားရုံးကိုဦးတိုက်လျှောက်တယ်။ ကျွန်တော်တို့က ပုံစံ(က)(ခ)ပေးပြီးတော့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်တယ်”ဟု သထုံမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေတွင် ဘာသာရေးဗန်းပြ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေးများအား ပန်းဦးဆွတ်မှုဖော်ထုတ်အရေးယူမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အောက်တိုဘာလ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူလွှတ်တော်အစည်း၌ လာရောက်မေးခွန်းဖြေဆိုအပြီး ပြန်လည်ထွက်ခွာစဉ် သတင်းထောက်များကို ဖြေကြားထားသည်။

နေမင်း(News Watch )

ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နိုင်ငံရေး သဘောတူညီချက်အပေါ် မူတည်နေ

ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နိုင်ငံရေး သဘောတူညီချက်အပေါ် မူတည်နေ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အကျေအလည် ညှိနှိုင်းနိုင်မယ့် အခြေအနေမျိုး ဖန်တီးဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးမှာ ပြောပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိတဲ့အပေါ် မူတည်နေတယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတာနဲ့ ပတ်သက်တဲ့ Standard Operation Procedure (SOP) မူကြမ်းရေးဆွဲဖို့နဲ့ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာရေးကိုလည်း ယူပီဒီဂျေစီ အဖွဲ့ဝင်တွေက တဖက်တလမ်းကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတွေ ချမှတ်တာကို ၂၀၁၈ ခုနှစ်အတွင်း ပြီးပြတ်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့နဲ့ ကလေးသူငယ်တွေ ကြီးပြင်းလာတဲ့ နောင်လာမယ့်ကာလမှာ မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ မြင့်မြင့်မားမား ရပ်တည်နိုင်ပြီး ဘယ်သူကမှ မထိပါး မစော်ကားရဲတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာစေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရသေးတဲ့ နေရာတွေမှာ ပြုလုပ်နိုင်အောင် ဆောင်ရွက်ဖို့ ပြောကြားသွားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးကို ဒီကနေ့မနက် နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပသွားတာပါ။

ဒီအစည်းအဝေးမှာ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့်နေရာနဲ့ ကျင်းပမယ့်ပုံစံ သတ်မှတ်ရေးတွေ၊ ကော်မတီမှာ ဆွေးနွေးမယ့် စာတမ်းတွေနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမယ့်ကိစ္စတွေ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

DVB

နိုဝင်ဘာလ ၃ ရက်နေ့ပွဲအတွက် အေးဆေးပဲဟု အောင်လ အန်ဆိုင်း ပြောကြား

နိုဝင်ဘာလ ၃ ရက်နေ့ပွဲအတွက် အေးဆေးပဲဟု အောင်လ အန်ဆိုင်း ပြောကြား

ONE Championship (ONE) ၏ စီစဉ်တင်ဆက်မှုဖြင့် လာမည့် နိုဝင်ဘာလ(၃) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း ကြီး၌ ONE: HERO’S DREAM (သူရဲကောင်းတို့၏ အိမ်မက်) ပြိုင်ပွဲကြီး ကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဤ ပြိုင်ပွဲ ၏ ပင်မ ပြိုင်ပွဲ (Main Bout) အဖြစ် မြန်မာနိုင်ငံ သား ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ ချန်ပီယံ အောင်လ အန်ဆိုင်း (“မြန်မာ့စပါးအုံး”)နှင့် ကင်မရွန်း လူမျိုး ဟောင်ကောင်အခြေစိုက် မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ Alain Ngalani (“ကျားသစ်နက်” ) တို့က အလွတ်တန်း အထူးပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင် ထိုးသတ် ကြမည်ဖြစ်သည်။

အောင်လ အန်ဆိုင်းက ပရိသတ်ကြီးတို့ရေ
နိုဝင်ဘာလ ၃ ရက်နေ့ပွဲအတွက် ကျွန်တော့်ကိုစိတ်ပူနေကြမယ်ဆိုတာသိပါတယ်…

ကျွန်တော်လည်း သေချာကြိုးစားပြီး လေ့ကျင့်နေပါတယ်ဗျာ…
ဒါကြောင့်မို့ ဒီပွဲအတွက် အေးဆေးပဲ ဟု ၎င်း၏ ဖော့ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

Photo - အောင်လ အန်ဆိုင်း ဖော့စ်ဘွတ်

၂၀၂၀ မှာ NLD နဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်မယ်လို့  ပြည်ခိုင်ဖြိုးပြော

၂၀၂၀ မှာ NLD နဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်မယ်လို့ 
ပြည်ခိုင်ဖြိုးပြော

ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ နဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုး ပါတီက ဒီကနေ့ မီဒီယာများနဲ့ တွေ့ ဆုံပွဲမှာ ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့ မှ ၎င်းတို့ ရဲ့ ပါတီဝင်များ၊ ပါတီဝင်အသစ် များနဲ့ သွားရောက်တွေ့ ဆုံ အပြီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဟာ မီဒီယာများနဲ့ တွေ့ ဆုံပွဲတစ်ခုကို ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်မှာ ပြုလုပ်ခဲ့ပြီး ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှုကို အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့တာပါ။

”ကျွန်တော်တို့ ပါတီအနေနဲ့ လက်ရည်တူ ယှဉ်ပြိုင်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်တယ်လို့ ပြောပါရစေ” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။ ဒီကနေ့ တွေ့ ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်မှ ဦးလှသိန်း၊ ဦးပိုက်ထွေး၊ ဒေါက်တာနန္ဒာလှမြင့်တို့ က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

”ကျွန်တော်တို့ ပြည်သူ လူထုတွေက အဓိက အခြေခံကျတဲ့ စီးပွားရေးကောင်းဖို့ လိုပါတယ်။ သူတို့ တွေရဲ့ လူမှုဘ၀ တည်ငြိမ်အေးချမ်း လုံခြုံစိတ်ချဖို့ လိုပါတယ်။ ကျွန်တော်တို့ အစိုးရဖြစ်နေတဲ့ကာလတုန်းကလည်း ဒီလုပ်ငန်းတွေကို တစ်စိုက်မတ်မတ်နဲ့ အလေးအနက်ထားပြီး ဆောင်ရွက်ပေးခဲ့တယ်။ အတိုက်အခံဖြစ်နေတဲ့ အခုကာလမှာလည်း တက်နိုင်သမျှ ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်ပေးနေတယ် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင်လည်း ကျွန်တော်တို့ က နိုင်အောင်ကြိုးစားပါမယ် အဆုံးအဖြတ်ပေးမှာက ပြည်သူတွေပဲဖြစ်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

အမျိုးသားရေးဆန္ဒပြပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ပါဝင်ထောက်ပံ့နေတယ်ဆိုတာကိုလည်း ထပ်မံငြင်းဆိုခဲ့သလို ပါတီဝင်အင်အားထပ်တိုး လာဖွယ်ရှိတယ်လို့ လည်း ဒီကနေ့ မီဒီယာများနဲ့ တွေ့ ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဥာဏ်ဝင်းကတော့ ဒီချုပ်ပါတီရဲ့ ပြိုင်ဘက်ပါတီ အဖြစ် ဘယ်ပါတီကိုမှ မမြင်သေးဘူးလို့ မနေ့ က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ သတင်းထောက် များရဲ့မေးမြန်းမှုနဲ့ ပတ်သတ်ပြီးဖြေကြားခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ ဒီချုပ်ပါတီတို့ ဟာ လက်ရှိမှာ တစ်နိုင်ငံလုံးအနေအထားအရကို အင်အားအကြီးဆုံးပါတီ ၂ ခုလည်းဖြစ်ပါတယ်။

ဖြိုးထက်အောင်
Popular News Journal

သင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ လာရောက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်နိုင်ငံသင့်တော်သည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လာရောက်မည်ဟု   ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာနမှ  ရေးသားထားသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီ ၀န်းကျင်ခန့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဘင်္ဂလားဒေ့ရှ်ကို လာရောက်လည်ပတ်ရန် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာကိုယ်စား ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ၏ ဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဖြေရှင်းသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်မှ   ရောက်ရှိနေသူများအား   ပြန်လည် စိစစ် လက်ခံရေးနှင့်ပတ်သက်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ဟု မြန်မာအစိုးရဘက်မှ သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာနိုင်ငံဘက်မှ ရောက်ရှိလာသူများအား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အဆိုပြုထားသော အချက်ငါးချက်နှင့် ကိုဖီအာနန် အကြံပေးကော်မရှင်မှ  အကြံပြုချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဒါကာထရီဗျူးတွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံမှုအပြင် ယမန်နေ့က ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံပြည်ထဲရေးဘက်မှ ကိုယ်စားလှယ်များ အကြား ဆွေးနွေးမှုတစ်ခုကိုလည်း   နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက် ၁၀ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။

Mizzima

နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီ၏ ရန်ပုံငွေတွင် ပြည်ပ အထောက်အပံ့ လုံးဝမပါဟု ဦးကိုကိုကြီး ဆို

နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ကော်မတီ၏ ရန်ပုံငွေတွင် ပြည်ပ အထောက်အပံ့ လုံးဝမပါဟု ဦးကိုကိုကြီး ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကျောင်းသားမျိုးဆက်အသီးသီးပါဝင်မည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီသုံးစွဲနေသည့် ငွေကြေးများတွင် ပြည်ပအထောက်အပံ့လုံးဝ မပါကြောင်း ဗဟိုကော်မတီတာဝန်ခံဦးကိုကိုကြီးကပြောသည်။ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီတွင် ရန်ပုံငွေအနည်းငယ်သာရှိပြီး ပြည်ပအထောက်အပံ့ယူ နေသည်ဟူသည့် သတင်းများမှာ မဟုတ်မမှန်သတင်းများသာဖြစ် ကြောင်း ဦးကိုကိုကြီးက ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၂၉ ရက်ကပြောသည်။


''ပြည်ပအကူအညီမပါဘူး။ အဲဒါကရှင်းတယ်။ အဲဒါတွေက တစ်ခုမှမဟုတ်ဘူး။ အခြေအမြစ်လည်းမရှိဘူး။ နောက်တစ်ခုက အဲဒါ ကစေတနာဆိုးတွေနဲ့ ဖြစ်နေကြတာ တွေ။ ဥပမာကိုယ်တွေလုပ်နေတဲ့ ငွေကြေးပမာဏဟာ ခြောက်ပြားတစ်ပဲပဲရှိတယ်။ အားလုံးမှန်းကြည့်လို့ရတယ်'' ဟု ၎င်းကပြောသည်။ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီအနေဖြင့် အဖွဲ့အစည်း စတင်ဦးဆောင်သူများ၏ ထည့်ဝင် ငွေများနှင့် တစ်ဦးချင်းအလှူရှင်တို့ ၏ငွေကြေးများသာ သုံးစွဲထားပြီး အချိန်မရွေးအစစ်ဆေးခံနိုင်ကြောင်း အောက်တိုဘာ ၃ဝ ရက် တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာရှိနိုင်ငံရေး ပါတီဖြစ်မြောက်ရေးဗဟိုလုပ်ငန်း ကော်မတီရုံးခန်းတွင်ပြုလုပ်သည့် ရုံးခန်းဖွင့်လှစ်ပွဲအခန်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးကိုကို ကြီးက မီဒီယာများသို့ပြောသည်။

''ကျွန်တော်တို့ငွေကြေးဘဏ္ဍာ ရေးကော်မတီက စာရင်းပြုစုပြီးတော့ ဝင်ငွေထွက်ငွေစတာတွေကို စနစ်တကျစီစဉ်ထားပါတယ်။ အဲဒီတော့ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ စတင်ဦးဆောင်သူများပေါ့။ စတင်စည်းရုံးလှုပ်ရှားသူများရဲ့ မတည်ငွေနဲ့ တစ်ဦးချင်းအလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ စတင်တာဖြစ်ပါတယ်။ အခုထိကျွန်တော်တို့လည်ပတ်နေတဲ့ ပမာဏကလည်း တော်တော်ကို အကျဉ်းရုံးပြီးတော့ တတ်နိုင် သလောက်အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် အချိန်မရွေးလည်း အစစ်ဆေးခံနိုင်အောင် ကျွန် တော်တို့ဘဏ္ဍာရေးကော်မတီက နေပြင်ဆင်ထားတာရှိပါတယ်'' ဟု ဦးကိုကိုကြီးကပြောသည်။ လက်ရှိအချိန်တွင်လည်း ဗဟို ကော်မတီဝင်များထံမှ တစ်ဦးလျှင် ကျပ်တစ်သောင်းနှင့်ပါတီဝင်များထံမှလည်း ငွေကြေးပမာဏတစ်ခုသတ်မှတ်၍ လစဉ်ကြေးကောက်ခံကာ ပါတီရန်ပုံငွေအတွက် စီစဉ်ထား ကြောင်း ၎င်းကဆက်လက်ပြောသည်။

HWA

Democracytoday

ရခိုင်အရေးတွင် နိုင်ငံတကာအကြံပြုချက်အတိုင်း လုပ်နေပါက ပိုဆိုးလာနိုင်ဟု USDP ပြော

ရခိုင်အရေးတွင် နိုင်ငံတကာအကြံပြုချက်အတိုင်း လုပ်နေပါက ပိုဆိုးလာနိုင်ဟု USDP ပြော

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိစ္စများအပေါ်တွင် နိုင်ငံတကာ၏ အကြံပြုချက်များအတိုင်းလုပ်ဆောင်နေပါက ပိုမိုဆိုးရွား သည့်အခြေအနေများကြုံတွေ့လာနိုင်သည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောဆို လိုက်သည်။

ယနေ့ (အောက်တိုဘာ ၃၀ ရက်) ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အစည်းအဝေးခန်းမတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံတကာကအကြံပြုချက်အတိုင်း၊ နိုင်ငံတကာက ဖိအားပေးတဲ့အတိုင်းသာ လိုက်ပါလုပ်ဆောင်နေမယ် ဆိုရင်တော့ ဒီထက်ပိုပြီးဆိုးရွားတဲ့ အနေအထားတွေကို ကျွန်တော်တို့ဖြတ်သန်းလိုက်ရလိမ့်မယ်။ ပြည်သူတွေပဲ နစ်နာမှာဖြစ်ပါတယ် “ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကိုဖြေရှင်းရာတွင် ပြည်တွင်းရှိ အင်အားစုများနှင့် နိုင်ငံရေး ပါတီများ၏ အကြံဥာဏ်ကို ရယူသင့် ကြောင်းလည်း ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်ကိုလည်း ကန့်ကွက်ခဲ့ပြီး ကော်မရှိင်၏ အကြံပြုချက်များထဲမှ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်ပြင်ဆင်ရန်ဆိုသည့်အချက် အား လက်မခံနိုင်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် USDP တာဝန်ရှိ သူများက ပြောဆိုခဲ့သည်။

မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီအရင်ခံစာကို သြဂုတ်လ နောက်ဆုံးအပတ်ကထုတ်ပြန်ခဲ့ ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အဆိုပါအကြံပြုချက်များကို သင့်လျာ်သလို အကောင်အထည်ဖော်သွားမည်ဟု ပြောဆိုထားသည်။

ကိုဖီအာနန် ကော်မရှင် အကြံပြုစာတွင် သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဆီးအတားမရှိဘဲ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးကာ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ ပဋိပက္ခ ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုက်သင့်သလို အပြစ်ဒဏ်များ ချမှတ်ပေးရန် စသည့် အကြံပြုချက်များပါဝင်သည်။

Mizzima

မွန်ပြည်နယ်တွင် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွား

မွန်ပြည်နယ်တွင် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်တွင် အောင်တိုဘာလ ၃၀ ရက် နံနက် ၇ နာရီခန့်က  အငှားတက္ကစီမောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည်က ပြောသည်။

မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု  သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ ဒိုင်ဝန်းကွင်းရပ်နေ ကိုသန်းဇော်မိုးဖြစ်ပြီး သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အင်္ကျီဝတ်ဆင်ထား၍ ၎င်း၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲစခန်းမှူးက ပြောဆိုသည်။

သေဆုံးသူ ကိုသန်းဇော်မိုး၏ အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူ၌ ကျန်ရှိနေသည့် သဲလွန်စ သက်သေပစ္စည်းများကို သိမ်းဆည်း၍ လူသတ်သွားသူ ဖမ်းဆီးရမိရေးတွက်  စစ်ဆေးဆောင်ရွက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

"သေတဲ့သူက ဒီရပ်ကွက်ကလည်းမဟုတ်တော့ အရင်စုံစမ်းရတာပေါ့။ ခုက သေတဲ့သူကို သိရပြီးဆိုတော့ သတ်သွားတရားခံ အမြန်ဆုံးဖမ်းမိဖို့အတွက် ကျွန်တော်နဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး လိုက်လံစုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်"ဟု ရဲအုပ်အောင်မင်းကြည်က ထပ်လောင် ပြောသည်။

သေဆုံးသူ ကိုသန်းဇော်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး လူသတ်သွားသူကို ဖမ်းဆီးအရေးယူနိုင်ရန် စစ်ဆေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှူးက ဆိုသည်။

Mizzima

မြိုင်မြိုင်ဆိုင်ဆိုင် လော်စပီကာ တန်ဆောင်တိုင်

မြိုင်မြိုင်ဆိုင်ဆိုင် လော်စပီကာ တန်ဆောင်တိုင်

အလှူကာလတွေဖြစ်တဲ့ သီတင်းကျွတ် တန်ဆောင်တိုင်ကာလမှာတော့ မြိုင်မြိုင်ဆိုင်ဆိုင် ကြားရတာကတော့ လော်စပီကာသံပါပဲ။

ဘာသာရေးအတွက် အလှူခံကြ ၊ လှူကြတန်းကြတာ ဖြစ်လို့ ဘာသာရေးနဲ့ ဆက်နွှယ်နေတယ်ဆိုပေမယ့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ အများစုက ပြောဆိုကြပါတယ်။ ဒီလို ဆူညံတာဟာ ဘာသာရေးကို အကြောင်းပြ ဆူညံတာလား၊ ဘာသာရေးဟာ လော်စပီကာနဲ့ ဆက်နွှယ်နေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

တစ်ချို့ကလည်း မြန်မာ့ယဉ်ကျေးမှုဓလေ့ လို့ ပြန်လှန်ပြောကြပါတယ်။ တစ်ချို့ကလည်း ဒါဟာ  ဘာသာရေးပါ လို့ ပြောကြပါတယ်။ ဒါဟာ ပြဿနာ မဟုတ်သေးပါဘူး။

ပြဿနာက လော်စပီကာ စပါတယ်။ အသံချဲ့စက်ဖွင့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်းရတာ ရော၊ အသံချဲ့စက်ဥပဒေရှိတယ်ဆိုတာရော သိသူ နည်းပါးနေပါသေးတယ်။

အသံချဲ့စက်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး ၊ ရပ်ကွက်(သို့) ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ (၁၄) ပုဒ်မခွဲ(ဂ) ပါ ပြဌာန်းထားရှိထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာတရားရုံးများ တွင် တရားစွဲဆိုနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနှစ် သြဂုတ်လ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းဝေးတွင် ပြောခဲ့ပါတယ်။

“အသံချဲ့စက် ဖွင့်လှစ်ခွင့်ရရှိသူဟာ အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာ အတွင်း အများပြည်သူ ကြားသိရုံသာ ဖွင့်လှစ်ခြင်း၊ ယေဘုယျအားဖြင့် ၊ အသံလှိုင်းဖိအားကို ကျင်းပသည့် အခမ်းအနားပေါ်မူတည်ပြီး Sound Level သတ်မှတ်ထိန်းချုပ်ဖွင့်လှစ်ရန်နှင့် အသံချဲ့စက်ဖွင့်ရန် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်းမပြုပါက ဥပဒေပုဒ်မ (၂၇)ဖြင့် သက်ဆိုင်ရာ တရားရုံးများမှာ တရားစွဲတင်ဆောင်ရွက်နိုင်သည်” လို့ ဥပဒေတွင် ပါရှိပါတယ်။

အသံချဲ့စက်များဖွင့်ရာတွင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျပ် ၅၀၀၀ ထက် မပိုသော ဒဏ်ငွေချမှတ်ရမည် ဖြစ်ပြီး ၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ( ၇ )ရက်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည်ဟု အဆိုပါ ဥပဒေတွင် ပြဌာန်းထားပါတယ်။

အသံချဲ့စက် ဖွင့်လှစ်မည်ဆိုပါက “ ရပ်ကွက် (သို့ )ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (ဂ) အရ အသံချဲ့စက် ဖွင့်လှစ်မယ့် ကာယကံရှင်က ဖြစ်စေ အဖွဲ့ အစည်းက ဖြစ်စေ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်ကဖြစ်စေ အကျိုးအကြောင်းနှင့် အသံချဲ့စက် ဖွင့်လိုသည့် ရက်နှင့် အချိန်ကို ဖော်ပြပြီး အနည်းဆုံး သုံးရက် ကြိုတင်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လျှောက်ထားရမည်” လို့ ဥပဒေ မှာ ပြဌာန်းထားပါတယ်။

ပုဇွန်တောင်မြို့နယ်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ “ လက်ရှိမှာတော့ ခွင့်တောင်းပြီး အသံချဲ့စက် ဖွင့်တဲ့သူ မရှိသေးပါဘူး။ ရပ်ကွက်ထဲက အသေးတွေဆိုတော့ သိပ်မညံပါဘူး။ ဆူညံတာကတော့ ဖြတ်သွား ဖြတ်လာအလှူခံတွေကတော့ ပိုပြီးတော့ ကျယ်တယ်။ ဖြတ်သွားဖြတ်လာ အလှူခံတွေကြတော့ တိုင်းရုံးက ခွင့်ပြုချက်နဲ့ သွားတာ။ မနှစ်ကတော့ ဟိန္ဒူဘာသာရေးအဖွဲ့ လှည့်လည်တာ ဆူညံလို့ သတိပေး တယ်။ နောက်တစ်ခေါက်ကြတော့ သတိပေးရုံနဲ့မရလို့ ဖမ်းဆီးအရေးယူတယ်” လို့ အောက်တိုဘာလ ၃၀ ရက် မှာ မဇ္ဈိမသို့ ပြောပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ် အတော်များများမှာ (ရှစ်လုံးတပ် လော်စပီကာ Loud Speaker) နှင့် တွဲလျက် (Sound Box)အလုံးကြီးများ စည်းကမ်းမဲ့စွာ ဖွင့်လှစ်နေကြသလို တစ်ချို့ကတော့ အသံမဆူဘဲ အေးဆေးစွာ အသံချဲ့စက်ဖွင့် အလှူခံနေကြသူများလည်း ရှိပါတယ်။

"တည်တည်ငြိမ်ငြိမ်လေးပဲ ရှိတယ်။အရမ်းကြီးကို အော်ကြီးဟစ်ကျယ်လည်း မရှိဘူး။ သူများတကာတွေကို နှောင့်ယှက်တဲ့အသံလည်း မရှိဘူး။အတိုင်းအတာတစ်ခုလောက်ပဲ ရှိပါတယ်" လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ ကိုတင်အောင်လှိုင်က ပြောပါတယ်။

လော်စပီကာ ဖွင့်လို့ အသံချဲ့စက်ဥပဒေနှင့် အရေးယူဖို့ အသာထား၊ ဒီရက်ပိုင်းအတွင်းမှာပဲ လောစပီကာသံ ညံလို့ လာရောက်တားမြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကို ပြန်လှန်ထိုးကြိတ်တယ် ဆိုတဲ့ သတင်းပါပဲ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ည ၁၁း၄၀ အချိန် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် မြရိပ်ညို(၅)လမ်းထောင့်ရှိ ဘုံကထိန်အလှူခံမဏ္ဍာပ်တွင် အသံချဲစက်များ ဆူညံစွာဖွင့်လှစ်၍ ကျော်ဇင်လေး ပါ လူငယ် ၃၀ ဦးခန့် ကခုန်ပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က  သွားရောက် တားမြစ်ခဲ့သော်လည်း ဆက်လက်ကခုန်နေခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန် ထားပါတယ်။

ဒါကြောင့် ရပ်ကွက်နယ်ထိန်း ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း၊ ရဲတပ်သား ကြည်ဖြိုးကြည်နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့က  ထပ်မံ သွားရောက်တားမြစ်ခဲ့ရာ ကျော်ဇင်လေးမှ ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းအား လက်သီးဖြင့် ထိုးခဲ့သဖြင့် ရဲဒုတပ်ကြပ်ထက်ပိုင်ဝင်းက ပန့်အက်ရှင် သေနတ်ဖြင့် လူစုခွဲရန် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း ကျော်ဇင်လေးနှင့်အတူ လူငယ် ၃၀ ဦးအဖွဲ့က ထပ်မံရန်ပြုရန် ၀ိုင်းအုံလာသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျော်ဇင်လေး အပါအ၀င် ၁၂ ဦး အား ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ ပါတယ်။

မနှစ်က မန္တလေးမှာ  နိုင်ငံခြားသားတစ်ဦး ရပ်ကွက်က အသံချဲ့စက်ကို ၀င်ရောက်ဖြုတ်ရာ ပြဿနာဖြစ်ပွားခဲ့ပြီး အဲဒီ နိုင်ငံခြားသားအား အရေးယူခဲ့ပါတယ်။

"အသံတွေက အကျယ်ကြီးဆိုတော့ ကလေးတွေလည်း အနှောင့်အယှက် ဖြစ်တယ်။ ကိုယ် စာပြန်သင် တော့ လည်း ဆူညံသံတွေကြောင့် ကလေးတွေ အနှောင့်အယှက်ဖြစ်တယ်။ကိုယ်လည်း အနှောင့်အယှက် ဖြစ်တယ်။ ကလေးတွေလည်း အနှောင့်အယှက်ဖြစ်တာပေါ့။ ခု နောက်ပိုင်းဆို ပိုဆိုးလာတယ်။ ဘုရား လှည့်တာပဲဖြစ်ဖြစ်၊ အလှူခံတာပဲဖြစ်ဖြစ်၊ ဆူညံသံတွေ အရမ်းများလာတယ်ဆိုတော့ သိပ်တော့ မကောင်းဘူးပေါ့" လို့ လူငယ် ကျူရှင်ဆရာတစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးနီးပါးဖြစ်နေတဲ့ ဘာသာရေး လူမှုရေးပွဲတော်တွေနဲ့ တချို့အခမ်းအနားတွေမှာ ပတ်ဝန်းကျင်ကို လွန်စွာ အနှောက်အယှက်ပြုတဲ့ ၊ အလွန်ကျယ်လောင်တဲ့ အသံချဲ့စက်များ ဖွင့်လှစ်ခြင်းကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရန် တင်ပြလိုက်ရပါတယ် ။   ။

အေးချမ်းခိုင် ၊ စိုးသူရ

Mizzima

မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် (ရွှေရတု) အခမ်းအနား ကျင်းပ

မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် (ရွှေရတု) အခမ်းအနား ကျင်းပ

မင်းကွန်းဆရာတော် ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် စာအောင်ဘွဲ့နှင်းသဘင် အခမ်းအနားအား တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်တွင် အောက်တိုဘာ ၃၀ ရက်နေ့တွင်ကျင်းပ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

မင်းကွန်းဆရာတော်ဘုရားကြီး၏ ၁၀၆ နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် ဖွားဖတ်ကုသိုလ်အဖြစ် အကြိမ် (၅၀) ပြည့် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် ပွဲတော်ကို နံနက် ၁၀ နာရီမှစတင်ကာ မဟာဗန္ဓုလ ဓမ္မာရုံတွင် မင်းကွန်းတောင်ရိုး ပရိယတ္တိသာသနာနုဂ္ဂဟအဖွဲ့ သြဝါဒစရိယ ဆရာတော်ကြီးများမှ သီလတရားပေးခြင်း၊ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး စာအောင်သံဃာ/သီလရှင်များအား ဘွဲ့တံဆိပ်များ ဆပ်ကပ်လှုန်းခဲ့ကာ မွန်းလွဲပိုင်းတွင် မင်းကွန်းဆရာတော်ကြီး ကိုယ်ပွားရုပ်တုနှင့် စာအောင်သံဃာများအား ပင့်ဆောင်ကာ မင်းကွန်းဒေသအတွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။

စာအောင် အခမ်းအနားတွင်ယခုရွှေရတုနှစ်တွင် အာဂုမ်ပြန် အငယ်တန်းမှ စာချတန်းထိ အောင်မြင်ခဲ့သော သံဃာ/သီလရှင် ၁၇၂ ပါးအား ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အနှစ် ၅၀ အတွင်း ပရိယတ္တိ သာသနာလင်္ကာရဘွဲ့ရ သံဃာ/ သီလရှင် ၂၉ ပါးအား ပြန်လည်ပင့်/ဖိတ်၍ ပူဇော်ခြင်း၊ ဘွဲ့လက်မှတ်နှင့် စာအောင်ဆုများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘွဲ့နှင်းအခမ်းအနားပြီး မွန်းလွဲပိုင်းတွင် ၁၀၆-နှစ်ပြည့် မွေးနေ့ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး အမှူးပြုသော ဘွဲ့ရသံဃာ သီလရှင်များအား မင်းကွန်းဒေသ နယ်မြေအတွင်း၌ မင်းကွန်းတောင်ရွာ/မြောက်ရွာ/ရွာသစ်၊ ထန်းမြင့်တောင်/မြောက်ရွာ၊ ရှားရောင်း၊ ဈေးကုန်း၊ ကင်းရွာများမှ ဝတ်အသင်းများ၊ ဓမ္မစကြာ အသင်းများ၊ အတီးအမှုတ်အကအခုန်များ၊ မင်္ဂလာဗျောများဖြင့် မင်းကွန်းဒေသအတွင်း လှည့်လည်အပူဇော်ခံခဲ့ကာ မင်းကွန်းပုထိုးတော်ကြီးတွင် လှည့်လည်ပူဇော်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်

အန်အယ်လ်ဒီအစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ယခင်အစိုးရလောက် မကောင်းဟု စစ်တမ်းထုတ်

လက်ရှိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာဟာ ပြီးခဲ့တဲ့ အစိုးရနဲ့ နှိုင်းယှဉ်ရင် မကောင်းဘူးလို့  စီးပွားရေးလုပ်ငန်းရှင်အများစုက ဖြေဆိုခဲ့တယ်လို့  ပြည်တွင်း စစ်တမ်းတခုက ဆိုပါတယ်။

Myanmar Insider စီးပွားရေးဂျာနယ်က သုံးလတကြိမ် ပြုလုပ်တဲ့ စီပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲတာကို ကောင်းတယ်လို့ ဖြေသူ ၁၂ ရာခိုင်နှုန်းရှိပြီး ၅၈ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စီးပွားရေးစီမံခန့်ခွဲမှု ကောင်းတယ်လို့ ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းရှိပြီး ၁၉ ရာခိုင်နှုန်းက မကောင်းဘူးလို့ ဖြေပါတယ်။ အစိုးရ နှစ်ရပ်လုံးလက်ထက်မှာ ပုံမှန်ပဲလို့ ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းစီနဲ့ တူညီတာ စစ်တမ်းမှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေးအခြေအနေ မကောင်းဘူးလို့ ၆၃ ရာခိုင်နှုန်းက ဖြေထားပြီး နောက် ၃ လမှာ ပိုဆိုးမယ်လို့ အများစုက ဖြေထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်နဲ့ယှဉ်ရင် ကုမ္ပဏီတွေရဲ့ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေဟာ အတူတူပဲ ဖြစ်ပြီး လာမယ့် သုံးလမှာတော့ အလားအလာ ပိုကောင်းမယ်လို့ ယုံကြည်သူကတော့ အများစု ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိထက်ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ မသေချာဘူးလို့ အများစုက ဆိုပါတယ်။

စစ်တမ်းအရ စီးပွားရေး အလားအလာ အနုတ်ပြနေတယ်လို့လည်း လုပ်ငန်းရှင် အများစုက ဆိုပါတယ်။

လုပ်ငန်းတခုချင်းစီရဲ့ အခြေအနေမှာတော့ အခွန်အပါအဝင် ကုန်ကျစရိတ်တွေက လုပ်ငန်းအတွက် စိုးရိမ်စရာလို့ ဆိုကြပြီး လာမယ့် သုံးလအတွင်း ပြည်ပနဲ့ ပြိုင်ဆိုင်ရတာက လုပ်ငန်းတွေအပေါ် သက်ရောက်မှု ပိုများတယ်လို့ ဆိုပါတယ်။

နိုင်ငံတခုရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲရာမှာ မိုက်ခရို စီးပွားရေးကို တည်ငြိမ်အောင် လုပ်တာနဲ့ အခြေခံအဆောက်အဦတွေ ပြုပြင်ပြောင်းလဲရေးလို့ နှစ်ဆင့်ရှိပြီး ဒုတိယအဆင့်က ပိုခက်တယ်လို့ စီးပွားရေး သုတေသီ ဒေါက်တာဇော်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ အစိုးရက မိုက်ခရိုစီးပွားရေးကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒီအစိုးရ လက်ထက်မှာတော့ ပိုခက်တဲ့အဆင့်ကို ကြုံနေရတယ်။ တခြားနိုင်ငံတွေလည်း ဒီအဆင့်မှာ ခက်တာပါပဲ။ ကျနော်တို့ တိုင်းပြည်ကတော့ ဒီဒဏ်ကို ပိုပြီးခံရပါတယ်” လို့ ပြောပါတယ်။

ဒီစစ်တမ်းကို အလုပ်သမား ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိရှိတဲ့ လုပ်ငန်းရှင် အယောက် ၅၀ ကျော်ကို မေးမြန်းထားတာဖြစ်ပြီး ဖြေဆိုသူတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ Myanmar Insider ဂျာနယ်က ဆိုပါတယ်။

DVB

ရခိုင်တွင် ယာယီခိုလှုံသည့်စခန်းများ ပိတ်ခိုင်းသဖြင့် ပြန်စရာနေအိမ် မရှိသူများ အခက်ကြုံ

ရခိုင်တွင် ယာယီခိုလှုံသည့်စခန်းများ ပိတ်ခိုင်းသဖြင့် ပြန်စရာနေအိမ် မရှိသူများ အခက်ကြုံ

မောင်တောဒေသမှာ နယ်မြေအခြေအနေ အေးချမ်းနေပြီဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေ နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းရမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားလာခဲ့တဲ့အတွက် နေအိမ်ပျက်စီးသွားခဲ့သူတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့ ကျေးရွာတွေက လူတွေ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

မောင်တောမြို့၊ ဟိန္ဒူ လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးနီမောလ်က “အစိုးရရဲ့ ညွှန်ကြားစာကို အောက်တိုဘာ ၂၈ ရက်နေ့က ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ခေါ်ပြောတယ်။ ကျနော်တို့ ဟိန္ဒူတွေကတော့ အိမ်တွေ မီးလောင်ခံထားရတဲ့အပြင် မွတ်စလင်တွေကြားထဲမှာဆိုတော့ လုံးဝ မပြန်ကြဘူးပြောတယ်။ ကျနော်တို့ကို မြို့အနီးအနားဖြစ်ဖြစ်၊ လမ်းဘေးနီးတဲ့နေရာဖြစ်ဖြစ် နေပါရစေလို့ ခွင့်တောင်းထားတယ်။ သူတို့က တမန်းသား၊ ကြိမ်ချောင်း၊ ရွှေဇားမှာ ချပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မွတ်ဆလင်ရွာကြားမှာ မနေရဲတော့ဘူး။ အိမ်ပြန်ကြပါပေါ့။ ကျနော်တို့ ဒုက္ခသည်တွေမှာ အိမ်တွေမီးလောင်ကုန်တာ ရှိတယ်။ မိသားစုတွေ အသတ်ခံရတဲ့လူတွေရှိတယ်။ တော်တော်များများက နေစရာမရှိတော့ဘူးဆိုတော့ တော်တော် အခက်အခဲဖြစ်နေပြီ” လို့ ပြောပါတယ်။

ကိုင်းကြီး မြိုရွာသားတွေကတော့ ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွေက ပြောင်းသွားခဲ့ပြီး ကိုင်းကြီးရွာ မူလတန်းကျောင်းမှာ ယာယီခိုလှုံနေကြပါတယ်။ သူတို့အတွက် နေအိမ်အလုံး ၅၀ ကို ဆောက်လုပ်ပေးဖို့ အစိုးရက အစီအစဉ်လုပ်ထားပြီးဖြစ်ပေမယ့် လောလောဆယ် နေထိုင်စရာ အဆင်မပြေသေးလို့ ကိုင်းကြီးရွာထိပ် လမ်းဘေးမှာ ယာယီတဲအိမ်တွေ ကိုယ့်အစီအစဉ်နဲ့ ဆောက်လုပ်နေထိုင်ဖို့ ဆောင်ရွက်နေပါတယ်။

ကိုင်းကြီးရွာသား ဦးစံထွန်းကတော့ “စာသင်ကျောင်းမှာ မိသားစု ၄၀ ကျော် စုနေရတော့ ကျပ်တည်းပါတယ်။ ရွာဟောင်းကို ပြန်နေဖို့ကလည်း တောထဲမှာရှိနေတယ်။ လူလည်း ၈ ယောက် အသတ်ခံထားရတော့ စိုးရိမ်စိတ် ရှိနေတုန်းပါ။ ဒါကြောင့် လောလောဆယ် ဒီရွာထိပ်မှာ ယာယီတဲနဲ့နေဖို့ စီစဉ်လိုက်တာပါ” လို့ ပြောပါတယ်။

ကျေးရွာတခုလုံး မီးရှို့ခံရတဲ့ နံ့သာတောင်ကျေးရွာသား ၂၀၀ ကျော်နဲ့ ပရဟိတ ကျောင်းသားတွေကတော့ မောင်တောမြို့ သာသနာ့ဗိမာန် ယာယီကယ်ဆယ်ရေးစခန်းနဲ့ မြို့မကျောင်းတွေမှာ နေထိုင်ကြရဆဲဖြစ်ပြီး ရွာပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

“ကျနော်တို့ကိုတော့ ဒီနေရာက ပြောင်းရမယ်ဆိုတာ လာပြောတာမရှိသေးဘူး။ ကျနော်တို့ နံ့သာတောင်ကို လုံးဝ ပြန်လို့မရသေးဘူး။ မပြန်ရဲကြသေးဘူး” လို့ လက်ရှိ မောင်တောမှာ နေထိုင်နေတဲ့ နံ့သာတောင်ရွာသား မောင်ဝင်းလှိုင်က ပြောပါတယ်။

မောင်တောဒေသမှာ သြဂုတ်နဲ့ စက်တင်ဘာလ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း နေရပ်က တိမ်းရှောင်ထွက်ပြေးလာသူတွေ အများအပြား ရှိလာခဲ့ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့ပေါ်တွေနဲ့ တခြားမြို့နယ်တွေကို တိမ်းရှောင်ပြီး ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခဲ့ကြတာပါ။

အများစုကတော့ မူလနေရပ်ကို ပြန်လည်နေထိုင်ကြပြီး ဖြစ်ပေမယ့် ပျက်စီးသွားခဲ့တဲ့ ရွာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့ ကျေးရွာတွေက လူတွေကတော့ မပြန်နိုင်ကြသေးဘဲ ရှိနေတာပါ။

နေရပ်ပြန်ဖို့ အခက်အခဲရှိနေဆဲလူတွေဟာ စစ်တွေ ဓညဝတီဘောလုံးကွင်း၊ မောင်တော သာသနာ့ဗိမာန်နဲ့ အထကကျောင်းတို့မှာ ခိုလှုံနေကြပါတယ်။ အဲ့ဒီထဲမှာ ဟိန္ဒူမိသားစုတွေ အများဆုံးဖြစ်ပြီး စစ်တွေမြို့မှာ လူဦးရေ နှစ်ထောင်ခန့်၊ ဘူးသီးတောင်မှာ တထောင်နီးပါးထိ ရှိနေပါတယ်။

ရခိုင်ပြည်နယ်အစိုးရကတော့ နေရပ်စွန့်ခွာသူတွေ မိမိနေရပ်ပြန်နိုင်ရေး လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့အတွက် မြို့နယ်အာဏာပိုင်တွေနဲ့ ရပ်ကွက်ကျေးရွာတွေအထိ အသိပေး ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပြီး နိုဝင်ဘာ ၂ ရက်နေ့နောက်ပိုင်း ကယ်ဆယ်ရေးစခန်းတွေကို ရိက္ခာ၊ ငွေသားထောက်ပံ့တဲ့ အစီအစဉ်တွေ ရပ်ဆိုင်းတော့မယ်လို့ အသိပေးထားပါတယ်။

သတင်း၊ ဓာတ်ပုံ – ကိုအောင်

DVB

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် သို့မဟုတ် ခေတ်သစ်အတွက် အကြီးကျယ်ဆုံး အပြောင်းအလဲ

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက် သို့မဟုတ် ခေတ်သစ်အတွက် အကြီးကျယ်ဆုံး အပြောင်းအလဲ

ငါးနှစ်တကြိမ် ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အောင်အောင်မြင်မြင်ပဲ ကျင်းပပြီးစီးသွားပါပြီ။ နှစ်ပေါင်းများစွာအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးမားဆုံး အပြောင်းအလဲတခုလည်း ဖြစ်သလို တရုတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်အရွေးခံရလို့ တရုတ်နိုင်ငံ သမ္မတလည်း ပြန်ဖြစ်လာမှာ သေချာသွားပြီဖြစ်တဲ့ မစ္စတာရှီကျင့်ဖျင်ဟာ ခေါင်းဆောင်ကြီး မော်စီတုံးပြီးရင် နိုင်ငံရဲ့ သြဇာအာဏာအရှိဆုံး ပထမဆုံး ရရှိလာတဲ့ ခေါင်းဆောင်တယောက် ဖြစ်လာခဲ့ပြီလို့ တရုတ်နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။

ဘေဂျင်းမြို့တော် မဟာပြည်သူ့ခန်းမကြီးထဲကို တနိုင်ငံလုံးက တက်ရောက်လာခဲ့ကြတဲ့ ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ် ၂၀၀၀ ရှေ့မှောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြန်လည်စွမ်းအားဖြည့်ဆည်းထားတဲ့ ကွန်မြူနစ်ပါတီအနေနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိဖို့ ပိုပြီး အင်အားစိုက်ထုတ်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြား တိုက်တွန်းသွားခဲ့ပါတယ်။ သူက အာဏာရပါတီအနေနဲ့ အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ဖို့ကနေ သာမန် တရုတ်ပြည်သူလူထုတွေကို ကိုယ်ကျင့်တရားအရ လမ်းညွှန်ထိန်းကျောင်းပေးဖို့အထိ အရာရာတိုင်းအတွက် ဦးဆောင်ဦးရွက်အဖြစ် တာဝန်ယူကြဖို့လည်း မှာကြားသွားခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းတလျှောက်လုံးမှာ တရုတ်ကွန်မြူနစ်ပါတီကို တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့သာမက တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ရှင်သန် အားကောင်းလာအောင် လုပ်ဖို့၊ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ဖို့နဲ့ ‘ဦးတည် ယုံကြည်မှုရှိတဲ့ တရုတ်လူမျိုး’ ဆိုတဲ့ ဘာသာတရားကို တိုးမြှင့်ပေးဖို့ အမျိုးသားရေး လမ်းကြောင်းချ ပြောကြားသွားခဲ့တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ရှီက “တရုတ်နိုင်ငံရဲ့ ကြီးမြတ်တဲ့ အားသစ်လောင်းမှုဟာ ပန်းခြံထဲမှာ လမ်းလျှောက်တာ၊ ဗုံတီးတာနဲ့ မောင်းထုတာ မဟုတ်ပါဘူး။ ပါတီတခုလုံးဟာ ပိုပြီး ခက်ခဲပင်ပန်းတဲ့ အားထုတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြရပါမယ်။ ခမ်းနားကြီးကျယ်တဲ့ စိတ်ကူးအိပ်မက်တွေကို အောင်မြင်ရယူဖို့ အကြီးအကျယ် ကြိုးပမ်းအားထုတ်မှု ရှိကြရပါမယ်” လို့ တွန်းအားပေး ပြောကြားခဲ့ပါတယ်။

တတိုင်းပြည်လုံးက ကွန်မြူနစ်ပါတီဝင် ကိုယ်စားလှယ်တွေကို ခေတ်သစ်ရဲ့ အစကို ကြိုဆိုရင်း တရုတ်ကွန်မြူနစ်ပါတီက ခေတ်မီခမ်းနားတဲ့ ဆိုရှယ်လစ်နိုင်ငံတခု ဖြစ်လာအောင် နိုင်ငံကို ဦးဆောင်မှုပေးသွားမယ့် မြော်မြင်မှုကိုလည်း အကြမ်းဖျင်း ချပြသွားခဲ့ပါတယ်။ ချီကာဂိုတက္ကသိုလ် တရုတ်နိုင်ငံရေးဗေဒ ကျွမ်းကျင်သူ ဒါလီယန်းက “ဆိုလိုတာကတော့ သူဟာ သူ့ကိုယ်သူ အတိတ်နဲ့ အတိတ်က ခေါင်းဆောင်တွေနဲ့စာရင် သဲကွဲခြားနားအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ပြောတာဖြစ်သလို သူဟာ တရုတ်ပြည်ကို အတော်အတန် ကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် လုပ်ဆောင်ရာမှာ အောင်မြင်ဖို့ အလွန်နီးကပ်လာနေပြီ” လို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။

“သူက ဒီသတင်းစကားကို အားမာန်ရှိရှိ ပြောကြားသွားခဲ့တာပါ” လို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရေး ဝေဖန်သုံးသပ်သူတွေကလည်း ရှီဟာ သူ့ရှေ့က သမ္မတ ဟူကျင်းတောင်းနဲ့ ကျန်ဇီမင်းတို့လို ပါတီတွင်းအုပ်စုတွေ အပါအဝင် သူ့ပြိုင်ဘက်တွေကို ဘေးရောက်သွားအောင်လုပ်ပြီး သူ့ အဲဒီအာဏာကို ခိုင်မာအောင် စုစည်းလိုက်တာပါပဲလို့ သုံးသပ်မှတ်ချက်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ မိန့်ခွန်းပြောကြားချိန်ပါပဲ။ သူက သူ့မိန့်ခွန်းကို ၃ နာရီခွဲကြာအောင် ပြောကြားခဲ့ရာမှာ စီပွားရေးအရ ရှားရှားပါးပါး အသိအမှတ်ပြုမှုတခုအဖြစ် “ရှေ့အလားအလာကတော့ တောက်ပနေပါတယ်။ ဒါပေမယ့် စိန်ခေါ်အားပြိုင်မှုတွေကလည်း စိုးရိမ်ထိတ်လန့်စရာပါ” လို့ ပြောကြားရင်း တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ကြီးမားတဲ့ စွန့်စားမှုတွေကို ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်သလို အဓိက ဆန့်ကျင်တားဆီးမှုတွေကိုလည်း ကျော်လွှားသွားရမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးကြီးက သမ္မတ ရှီက သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ဘယ်လိုနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိနေသလဲ ဆိုတာကို ပြသတာ ဖြစ်နိုင်ပါတယ်။ အခုထိကတော့ ရှီက စီးပွာရေးကဏ္ဍမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အားကောင်းတဲ့ အနေအထားရှိအောင် ထိန်းသိမ်းကာကွယ်မှုဟာ အလွန်အင်အားကောင်းတယ် ဆိုတာကို ပြသလိုက်တာပဲလို့ သတင်းမီဒီယာတွေက ပြောဆိုခဲ့ပါတယ်။

အများအားဖြင့်ကတော့ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးတွေဟာ တံခါးပိတ် ကျင်းပလေ့ရှိသလို လုံခြုံရေးကိုလည်း အထူးတင်းတင်းကျပ်ကျပ် ကာကွယ်ပြီး သဘောထား ကွဲလွဲသူတွေရဲ့ ပေးလာနိုင်တဲ့ အန္တရာယ်မရှိရအောင် အစစအရာရာ ပြင်ဆင်ပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ခု ၁၉ ကြိမ်မြောက် ကွန်ဂရက်ကတော့ အခန်းကဏ္ဍသစ်ကနေ ထွက်ပေါ်လာမယ့် အားကောင်းတဲ့ ကွန်မြူနစ်ပါတီရဲ့ ကေဒါတွေကို ကြည့်ရှုလိုက်တာပါပဲ။ သမ္မတ ရှီကျင့်ဖျင်အတွက်လည်း နောက် ၅ နှစ်အတွက် သူ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အမြော်အမြင်တွေကို လူသိရှင်ကြားချပြဖို့ အခွင့်အလမ်းတခု ဖြစ်သွားအောင် လုပ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောရင် မမှားလောက်ပါဘူး။ အရင်က ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်တွေနဲ့မတူတဲ့ အပြောင်းအလဲတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားခဲ့တာ တွေ့ရပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ကနေ ပါတီဗဟိုကော်မတီ အယောက် ၂၀၀ ကို ရွေးချယ်ခဲ့သလို အကြမ်းဖျင်းအားဖြင့် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ၂၅ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။

အဲဒီ ၂၅ ဦးထဲကမှ ပီအက်စ်စီ (PSC) လို့ခေါ်တဲ့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၅ ဦး ဒါမှမဟုတ် ၉ ဦးကို ရွေးချယ်လေ့ရှိပါတယ်။ ဒီ ၁၉ ကြိမ်မြောက် ပါတီကွန်ဂရက်ကတော့ အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တွေအဖြစ် ထိပ်တန်းပါတီဝင် ၇ ဦးကို ရွေးချယ်တင်မြှောက်ပေးခဲ့ပါတယ်။ တကယ်တော့ ဖြစ်လေ့ဖြစ်ထရှိတာက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကွန်ဂရက်မတိုင်ခင်ကတည်းက ချမျတ်ထားပြီး ဖြစ်ပါတယ်။ ပါတီတွင်း အုပ်စုငယ်ကလေးတွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ ကြိုတင်ပြိုင်ဆိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူပဲနိုင်နိုင် နိုင်သူကတော့ ကမ္ဘာကြီးရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံကြီးအတွက် နောက် ၅ နှစ်တာ ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာအောင် သက်ရောက်မှု ရှိသွားမှာပဲ ဖြစ်ပါတယ်။

မစ္စတာ ရှီကျင့်ဖျင်ကတော့ ဗဟိုချက်မအကျဆုံးနေရာမှာ ရှိနေပါပြီ။ သူက ဗဟိုချက်မ ဖြစ်ပေမယ့် သူ့ရဲ့ မူဝါဒ အတွေးအခေါ်၊ ဆုံးဖြတ်ချက်တွေကို ကူညီပံ့ပိုးပေးမယ့်၊ ကျားကန်ပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၇ ဦးကလည်း သမ္မတ ရှီကျင့်ဖျင်အတွက် အရေးပါသလို တရုတ်နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတရှီက သူ့ကို ဝန်းရံပေးမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့ကို စိတ်တိုင်းကျ ရွေးချယ်ထားခဲ့ပြီဆိုတာ ရှင်းနေပါတယ်။ ဥပမာ တရုတ်ကွန်မြူနစ်ပါတီရဲ့ စည်းမျဉ်းဥပဒေသအရ အသက် ၆၈ နှစ်နဲ့အထက် ပါတီထိပ်တန်းခေါင်းဆောင်တွေဟာ တာဝန်က အနားယူပေးကြရပါတယ်။ ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်မှာ အဓိကမဟာမိတ်ဖြစ်တဲ့ ဝမ်ကီရှန်းကို အသက် ၆၉ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အမြဲတမ်း နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ဆက်လက်ရှိနေစေချင်သေးတဲ့အတွက် အသက်ကန့်သတ်ချက် စည်းမျဉ်းဥပဒေသကို ချိုးဖောက်ရတဲ့ အခြေအနေကို တွေ့ရပါတယ်။ တကယ်တော့ သမ္မတ ရှီရဲ့ ပထမသက်တမ်းဟာ သူ့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်သန့်စင်ရေး စီမံချက်နဲ့ နိုင်ငံခြားရေး မူဝါဒရေးရာကိစ္စတွေ၊ တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေ တိုးချဲ့တောင်းဆိုရေးကိစ္စနဲ့ အာရှ၊ ဥရောပ၊ အာဖရိက ကုန်သွယ်မှုကွန်ရက် ဖြစ်လာဖို့ သူ့ရဲ့ရပ်ဝန်းတခု လမ်းမတသွယ် မဟာဗျူဟာစီမံကိန်းကြီးတွေ ချပြပုံဖော်မှုတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံ ရှေ့ဆက် တိုးတက်ဖို့အတွက်နဲ့ အသစ်ဖွံ့ဖြိုးဖြစ်ပေါ်လာတဲ့ စီးပွားရေးအင်အားစုတွေကို ပျက်စီးစေတဲ့ ‘အလယ်အလတ် ဝင်ငွေထောင်ချောက်’ ကို ရှောင်ရှားနိုင်ဖို့ ပိုပြီးလွတ်လပ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လိုအပ်တယ်လို့လည်း လေ့လာသူတွေက ရှုမြင်ကြပါတယ်။ အခြခံမူဝါဒရေးရာကတော့ ဈေးကွက်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒီအတွက် အခု ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်သစ်တွေ ဘယ်အချိန်မှာ ဖယ်ထွက်ပေးရမလဲ ဆိုတာဟာ သူတို့ကို ဈေးကွက်ဖော်ဆောင်မှုအတွက် အထောက်အကူ ဖြစ်စေသလား၊ ဆန့်ကျင်တားဆီးမှု ဖြစ်စေသလား ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို့လည်း တရုတ်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ခုချိန်ထိကတော့ သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်စီးပွားရေးနယ်ပယ်က နိုင်ငံပိုင်ကုမ္ပဏီတွေအတွက် အလွန်အားကောင်းခိုင်မာတဲ့ နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တချို့တိုးတက်မှုတွေ ရှိနေခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အပိုင်းတွေကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် ဖွင့်လှစ်ပေးလိုက်တာကို မြင်ချင်ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မတ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို သူ့ရှေ့က တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုံးနဲ့ တိန့်ရှောင်ဖိန်တို့လို သူတို့ရဲ့ အတွေးအခေါ်ကို ပါတီရဲ့မူဝါဒအဖြစ် သတ်မှတ်ကိုင်စွဲခဲ့သလိုပဲ ကိုင်စွဲလိုက်ပြီ ဖြစ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့လည်း သဘောတူလိုက်ပြီ ဖြစ်တဲ့အတွက် ခုလာမယ့် သမ္မတ ရှီကျင့်ဖျင်ရဲ့ ဒုတိယသက်တမ်းမှာတော့ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့် တရုတ်ပြည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

အလားတူပဲ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း တရုတ်ပြည်ရဲ့ အပြောင်းအလဲနဲ့ ဦးဆောင်မှုပေးလာမယ့် အခြေအနေတွေကို တွေ့မြင်လာရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။      

DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ UEHRD စီမံကိန်း ဘယ်လို စိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်ရနိုင်သလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ UEHRD စီမံကိန်း ဘယ်လို စိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်ရနိုင်သလဲ

မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒါဏ်ခတ် အရေးယူဖို့ အထိ ဖြစ်လာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် အထူးကြိုးစားနေတာ တွေ့မြင်ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာကို ဖွဲ့ပြီး သူကိုယ်တိုင် ဦးဆောင်ပါတယ်။ အဲဒီစိမံကိန်းအတွက် ပြည်တွင်းက သူဌေးကြီးများ လှူဒါန်းငွေ ကျပ်ငွေ ၁၇ ဘီလျံကျော်၊ အမေရိကန် ဒေါ်လာနဲ့ဆို ၁၃ သန်းလောက်ရှိမယ့် အလှူငွေကို လက်ခံပါတယ်။ ပြည်တွင်း ပြည်ပမှာလည်း နောက်ထပ် အကူအညီ ထပ်တောင်းပါတယ်။ UEHRD စီမံကိန်းအတွက် နောက်ထပ် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းအဖွဲ့ (၉) ဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတွေ အမြန်အဆန် အကောင်အထည် ဖော်စေပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းရှိတာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို အကြီးအကျယ် ကြိုးစားအားထုတ် နေပေမယ့် နိုင်ငံတကာက အထူးအာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အဲဒီ ပြသနာကြီးကို တကယ်ပဲ ပြေလည်အောင် ဖြေရှင်းပေးနိုင်မလား ဆိုတာပါ။ သူကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အချက် (၁၀) ချက်ပါ သဘောတူညီချက် ရခဲ့ကြပေမယ့် မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်ပြီး လက်ခံရေးနဲ့ ပတ်သက်ပြီး အပြီးသတ် သဘောတူညီချက်တော့ မရခဲ့ကြပါဘူး။ ဒါကြောင့် နောက်ပိုင်း ပြန်လည်တွေ့ဆုံ ဆွေးနွေးပြီး ဆွေးနွေးမှုတွေ ၂၀၁၇ နိုဝင်ဘာလထဲမှာ ပြီးပြတ်အောင် လုပ်ကြဖို့ အကြမ်းဖျဉ်း သဘောတူထားတယ်လို့ သိရပါတယ်။ ပြောရရင် ဒုက္ခသည် ပြသနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပထမ ဦးဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြေလည်အောင် ညှိနှိုင်းနိုင်ရေးပါ။ ဒုက္ခသည် အရည်အတွက် ပြသနာ၊ မြန်မာဘက်က လက်ခံမယ့်ပုံစံ၊ လက်ခံမယ့် အချိန်ဇယား သတ်မှတ်ချက် စတာတွေမှာ သဘောကွဲလွဲမှုတွေ ရှိနေတာမို့ အများကြီး ညှိနှိုင်းကြရဦးမယ့် အခြေအနေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတွက် ဒုတိယ စိန်ခေါ်မှု ပြသနာကြီးက ဘဏ္ဍာငွေကြေး အခက်အခဲ ပြသနာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ ရံပုံငွေ ရှာဖွေရေး ညီလာခံ တစ်ခု ဂျီနီဗာ မှာ လုပ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့အတွက် လာမယ့် ၂၀၁၈ ဖေဖေါ်ဝါရီလ အထိ ဒေါ်လာ ၄၃၄ သန်း လိုမယ်လို့ ကုလသမဂ္ဂ ဘက်က ခန့်မှန်းထားပါတယ်။ အဲဒီ ညီလာခံမှာတော့ နိုင်ငံတကာ အလှူရှင်တွေဘက်ကနေ ဒေါ်လာ ၃၃၅ သန်း အကူအညီပေးမယ် ဆိုတဲ့ ကတိက၀တ်တွေ ရခဲ့တယ် လို့ ဆိုပါတယ်။ တကယ်တော့ ကုလသမဂ္ဂက လိုတယ်လို့ ပြောတဲ့ အဲဒီ ငွေပမာဏဟာ (၄) လ စာလောက်အတွက် ဒုက္ခသည်တွေ စားသောက်နေထိုင်၊ ကျန်းမာရေး ကိစ္စတွေအတွက် အဓိက ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် စီမံကိန်းကြီးကတော့ ပြန်လာမယ့် ဒုက္ခသည်တွေကို ယာယီ ကျွေးမွေးထားတာလောက်တင် မကပဲ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး တွေပါ ပါဝင်တဲ့ စီမံကိန်းကြီး ဖြစ်လေတော့ အဲဒီထက်မကတဲ့ ငွေပမာဏ လိုမယ် ဆိုတာ ပြောစရာတောင် မလိုပါဘူး။ အခု လက်ရှိ မြန်မာသူဌေးကြီးတွေ အစွမ်းကုန် လှူဒါန်းမှုတောင် ဒေါ်လာ ၁၃ သန်းလောက်ပဲ ရှိတာမို့ နောက်ထပ် ငွေကြေး ပမာဏ များများစားစား လိုအပ်မယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဲဒီငွေတွေ ဘယ်က ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာ မိသားစုကနေ အကူအညီ အမြောက်အများ မရဘူး၊ ရခဲ့ရင်တောင် လက်ခံလို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ အခက်အခဲတွေ အများကြီး ကြုံရနိုင်ပါတယ်။

နောက်အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေရဲ့ ပြသနာနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား ခံယူချက်ပါ။ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို အဓိက တာဝန်ယူထားတာ တပ်မတော်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနပါ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ရဲ့ အဲဒီ မူဆလင်တွေအပေါ် ထားတဲ့ သဘောထားဟာ ကိုလိုနီ နယ်ချဲ့တွေက ခေါ်သွင်းလာတဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံသားတွေ မဟုတ်ဘူး ဆိုတာပါပဲ။

အဲဒီ ခံယူချက်ကနေ ဆက်ပြီး ပေါက်ပွားလာတာကတော့ အဲဒီလူတွေဟာ နိုင်ငံသား မဟုတ်တဲ့အတွက် သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ တာဝန်မရှိဘူး၊ သူတို့နေထိုင်ရာ နေရာကိုလည်း ဖွံ့ဖြိုးတိုက်အောင် လုပ်ပေးဖို့ မလိုဘူး ဆိုတဲ့ သဘောထားမျိုးပါ။ အဲဒီ သဘောထားမျိုးနဲ့ အကောင်အထည် ဖော်ခဲ့လို့လဲ မူဆလင် ၉၅ ရာခိုင်နှုန်း နေထိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ဟာ အဖက်ဖက်က နိမ့်ကျ ဆင်းရဲနေတာပါ။ အဲဒီဒါဏ်ကို အဲဒီဒေသမှာ နေထိုင်တဲ့ ၅ ရာခိုင်နှုန်းသော ရခိုင်နဲ့ တိုင်းရင်းသားတွေလည်း ခံစားရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ပေးမယ်ဆိုရင် တပ်မတော်နဲ့ ပြည်ထဲရေး ဘက်ကလည်း အရင် သဘောထားတွေကို ပြောင်းလဲပြီး စိတ်ပါ လက်ပါ ၀ိုင်းဝန်း အကူအညီပေးဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တပ်မတော်နဲ့ ပြည်ထဲရေးရဲ့ အဲဒီဒေသက မူဆလင်တွေအပေါ် သဘောထားဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သေခြာပေါက် ကြုံရဦးမယ့် နောက်ထပ် စိန်ခေါ်မှုကြီး တစ်ခုကတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ သူတို့က ဦးဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုပ်ရပ်ပါ။ သူတို့ကလည်း အဲဒီဒေသက မူဆလင်တွေကို ခိုးဝင်တွေ၊ အကြမ်းဖက်သမားတွေ၊ သူတို့နဲ့ အတူတူ မနေနိုင်ဘူး၊ မူဆလင်တွေကိုလည်း အကူအညီ မပေးရဘူး ဆိုပြီး ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့် ကျင်းပ၊ အကူအညီပေးသူတွေကို အမျိုးမျိုး ဟန့်တားမှုတွေ လုပ်နေတာပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် စီမံကိန်းအတွက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ နားလည်အောင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ နားလည် လက်ခံပါမှ ရခိုင်တိုင်းရင်းသားတွေကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သဘောထားဟာလည်း ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် စီမံကိန်းကြီး အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ရရင် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဆိုတာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီကြားထဲ အဲဒီ မူဆလင်တွေထဲက အကြမ်းဖက်သမားတွေ၊ အကြမ်းဖက် လုပ်ရပ်တွေ ထပ်ပြီး ပေါ်ပေါက်လာဦးမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာ ပိုပြီး နက်ရှိုင်းသွားဖို့ ရှိနေပြီး နိုင်ငံတကာရဲ့ စွက်ဖက်မှုကိုလည်း ဒီထက် ပို ရင်ဆိုင်ရဖွယ် ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

ဗွီအိုအေ