Latest News

Monday, September 25, 2017

လူငယ်ဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


သထုံ၊ စက်တင်ဘာ၊ ၂၅၊
ဟံသာနွန်

မွန်ပြည်နယ် သထုံမြို့ ကျုံးကြီးလမ်းရှိ ကရင်နှစ်ခြင်းအသင်းတော်ခန်းမ၌ စက်တင်ဘာလ ၂၅ရက်တွင် လူငယ်ဘဝဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို သထုံအခြေစိုက် Green Day Youth Network,မှ ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်
လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု, လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာ, အမျိုးသမီးနှင့် မသန်စွမ်းများအခွင့်အရေး, မှန်ကန်တိကျသော သတင်းများရရှိရေးနှင့် ကျား/မ (Gender) ခွဲခြားမှုစသည့် ခေါင်းစဉ် (၅)ရပ်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်,ဟု Green Day, ဥက္ကဋ္ဌ ကိုနေထက်မိုးထံကပြောသည်။

"ကျနော့သဘောပြောရရင် လူငယ်တွေ ကိုယ်တိုင်က အလုပ်လုပ်ချင်စိတ်ရှိပြီး မျက်စိဖွင့် နားစွင့်ထားဖို့ လိုပါတယ်။ ကိုယ်ဝါသနာပါလို့ လုပ်ချင်နေတဲ့ အလုပ်အတွက် အဆင်သင့် ဖြစ်နေဖို့ ကြိုတင်ပြင်ဆင် လေ့လာထားဖို့ လိုပါမယ်"ဟု Green Day, အတွင်းရေးမှူး ကိုခွန်ချမ်းမင်းပိုင်စိုးက ဆွေးနွေး ပွဲတွင်ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သထုံမြို့နယ်အတွင်းရှိ ဖိတ်ကြားထားသည့် ရပ်ကွက် ကျေးရွာအုပ်စု (၅၄)ရွာမှ တက်ရောက်လာသည့် လူငယ်(၇၀)ကျော်တို့ဖြင့် တစ်ရက်တာကျင်းပခဲ့ပြီး ၎င်းအလုပ်ရုံဆွေးနွေးမှ ရရှိလာသည့် အဖြေရလဒ်များကို မြို့နယ်တာဝန်ရှိသူများထံ တင်ပြသွားမည်,ဟု သိရသည်။

No comments:

Post a Comment