Latest News

Friday, September 29, 2017

ထိုင်းဘုရင် ဘူမိဘောဈာပန လူ ၂ သိန်းခွဲတက်မယ်လို့ ခန့်မှန်းထား

ထိုင်းဘုရင် ဘူမိဘောဈာပန လူ ၂ သိန်းခွဲတက်မယ်လို့ ခန့်မှန်းထား

နတ်ရွာစံထိုင်းဘုရင် ဘူမိဘောရဲ့ဈာပနအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၂၉ ရက် နေ့ထိ ဘန်ကောက်မြို့မှာပြုလုပ်ဖို့ ပြင်ဆင်နေသလို၊ လူ ၂ သိန်းခွဲလောက် တက်လိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဈာပနအခန်းအနားလုံခြုံရေးအတွက် ရဲအင်အား ၇ သောင်းချထားမယ်လို့လည်း ထိုင်းစစ်အစိုးရ ဒုခေါင်းဆောင် ပရာဝစ် ဝမ်ဆူဝန်က ပြောပါတယ်။

မီးသင်္ဂြိုဟ်မယ့်အခမ်းအနားကို အမေရိကန်ဒေါ်လာ ၉၁ သန်း သုံးစွဲထားပြီး၊ အနုပညာရှင်တွေက ခမ်းခမ်းနားနားပြင်ဆင်နေကြပါတယ်။ ဘုရင်ဘူမီဘောဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အသက် ၈၈ အရွယ်မှာ နတ်ရွာစံတာဖြစ်ပါတယ်။

သူ့အရိုက်အရာကိုဆက်ခံတဲ့ သားဖြစ်သူ မဟာဗာဂျီယာလောင်ကွန်းရဲ့ နန်းတက်ပွဲကို ခမည်းတော် ဘူမီဘောရဲ့ ဈာပနပြီးရင် ကျင်းပမှာဖြစ်ပေမယ့် နေ့ရက်အတိအကျတော့ မသတ်ရသေးပါဘူး။

RFA

No comments:

Post a Comment