Latest News

Saturday, September 23, 2017

အောင်မင်္ဂလာအဝေးပြေးတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်

အောင်မင်္ဂလာအဝေးပြေးတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး
စစ်ဆေးဆောင်ရွက်


 အောင်မင်္ဂလာအဝေး ပြေး ကားဂိတ်အတွင်း မိုင်းအန္တ ရာယ်ကင်းရှင်းရေး နေ့စဉ်လိုက် လံစစ်ဆေးဆောင်ရွက်နေ ကြောင်း လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူးသွင်ထူးက ပြောသည်။

အကြမ်းဖက်ခြိမ်းခြောက်မှု သတင်းများ  ထွက်ပေါ်လာပြီး နောက် အောင်မင်္ဂလာကားဂိတ် အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီလုံခြုံရေးများ ချထားကြောင်း ၎င်းက ပြောကြားသည်။

‘‘ဒီမှာ နေ့စဉ် ဝင်ထွက်နေတဲ့ သူတွေ သောင်းဂဏန်းကျော်ရှိ တယ်။ ဒီအတွက်လည်း မသင်္ကာ တဲ့ ပစ္စည်းတွေတွေ့ရင် အကြောင်းကြားပေးဖို့ အသိပညာပေးပွဲတွေ လုပ်တယ်။ ဖောက်ခွဲရေးပစ္စည်း တွေ ပါ၊ မပါကိုလည်း ကုန်တင် ကုန်ချလုပ်တဲ့အခါမှာ အဖွဲ့လိုက် စစ်ဆေးမှုတွေ လုပ်ပါတယ်’’ဟု ရဲမှူးသွင်ထူးက ပြောသည်။

အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အတွင်း လုံခြုံရေးကင် မရာ ၂၀၀ ကျော် တပ်ဆင်ထား ပြီး အများဆုံး ဝင်ထွက်သွားလာ သည့် ဂိတ်နံပါတ် (၁)၊ (၃)၊ (၄) တို့တွင်လည်း အထူး CCTV ကင် မရာများ တပ်ဆင်ကာ လုံခြုံရေး စောင့်ကြည့်နေကြောင်း ယာဉ်ရပ် နားကြီးကြပ်ရေးမှူးကော်မတီအ တွင်းရေးမှူး ဦးလွင်ဦးက ပြောကြားသည်။

‘‘ကားဂိတ်အခန်းပေါင်း ၂၁၇ ခန်းရှိတယ်။ အဲဒီဂိတ်အခန်း တွေအကုန်လုံး လုံခြုံရေးကင်မရာ တွေ တပ်ဆင်ထားပါတယ်။ လူ နေဆိုင်ခန်း ၅၀၀ ကျော်ရှိတယ်။ အားလုံးပေါင်း အခန်း ၈၀၀ ကျော်လောက်ရှိပြီး နေ့စဉ်အတွက် လုံ ခြုံရေးကို စစ်ဆေးနေပါတယ်’’ဟု ၎င်းက ပြောသည်။

မိုင်းအသိပညာပေးပွဲကို စက်တင်ဘာ ၂၂ ရက် နေ့လယ် တွင် အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အတွင်း ကျင်းပခဲ့ပြီး ဓာတ်ခဲ၊ ဝိုင်ယာကြိုး၊ ရွှေဝါဆပ် ပြာခဲနှင့် ဆပ်ပြာမှုန့်ကဲ့သို့ အဖြူ မှုန့်များ တွေ့ရှိပါက နီးစပ်ရာ ရဲကင်းများသို့ အကြောင်းကြားရန် အကူအညီတောင်းခံထားကြောင်း ပညာပေးပွဲတက်ရောက်သူ အမျိုး သားတစ်ဦးက ပြောသည်။

‘‘ရှင်းပြတာတွေကတော့ ကောင်းပါတယ်။ M-150 လို အ အေးပုလင်းကို အသံဗုံးလုပ်မယ် ဆိုရင်တောင် ငွေတစ်ထောင် လောက်ပဲ ကုန်တယ်လို့ သိရ တယ်။ မိုင်းရှိတဲ့နေရာနဲ့ ဝေးဝေး နေပြီး သွားမကိုင်ဖို့ ပြောတယ်။ မသင်္ကာတဲ့ ပစ္စည်းတွေ့ရင် ဝေး ဝေးနေဖို့ ရှင်းပြပေးတာပါ’’ဟု ၎င်းက ပြောသည်။

ဩဂုတ် ၃၁ ရက်က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ဝင်းအတွင်း ရန်ကုန်-မြောင်းမြပြေးဆွဲသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ကျည်ဆန်အသစ် ၂၅ တောင့် ထည့်ထားသည့် ဘူးတစ်ဘူးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ရဖူးသည်။

7Day News

No comments:

Post a Comment