Latest News

Wednesday, September 20, 2017

ချောင်းသာကမ်းခြေ ဖိုးကုလားကျွန်းပေါ်မှ ခွင့်ပြုချက်မရှိ အဆောက်အဦများ ဆောက်ပြီး ဟိုတယ်အဖြစ်တင်ပြလာခြင်းအပေါ် အရေးယူမည်

ချောင်းသာကမ်းခြေ ဖိုးကုလားကျွန်းပေါ်မှ ခွင့်ပြုချက်မရှိ အဆောက်အဦများ ဆောက်ပြီး ဟိုတယ်အဖြစ်တင်ပြလာခြင်းအပေါ် အရေးယူမည်

"အခု အဆောက်အဦတွေ ဆောက်လုပ်ပြီးမှ အစိုးရအဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက် တောင်းလာတဲ့အပေါ်မှာ စည်ပင်သာယာလုပ်ထုံးလုပ်နည်း ဟိုတယ် လုပ်ထုံးလုပ်နည်းမှာရော ကြိုတင်ခွင့်ပြုချက်တောင်းမထားဘဲ အဆောက်အဦကို ခွင့်ပြုပေးလိုမရတဲ့ အတိုင်အတာရှိတဲ့ အဲဒီလို တွေ့ရှိလာရင် ဥပဒေနဲ့ အညီအရေးယူမယ် အနေအထားမျိုးဖြစ်နေတယ်၊ ဒီဒေသ ဖွဲ့စည်းပုံအရ စည်ပင်ကအရေးယူရမှာလား အထွေထွေအုပ်ချုပ်ရေးက အရေးယူရမှာလားဆိုတာ သေချာထင်ရှားအောင် ကက်ဘိနက်က ဆုံးဖြတ်ချက်ချလိုက်တယ်၊အဆောက်အဦတွေ ဘယ်တုန်းကဆောက်ခဲ့တာလဲ။ ဘယ်သူခွင့်ပြုခဲ့တာလည်း သေချာထင်ရှားအောင် စုံစမ်းစစ်ဆေးပြီးပြန်လည်တင်ပြတဲ့ အပေါ်မှာ ကြည့်ရှုပြီး လိုအပ်တဲ့အရေးယူမှုတွေကို အရေးယူမယ်ဌာနက ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ် " ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

ချောင်းသာကမ်းခြေ ဖိုးကုလားကျွန်းခေါ် အောင်မင်္ဂလာကျွန်းပေါ်တွင် ခွင့်ပြုချက်မရှိ အဆောက်အဦ ဆောက်လုပ်ပြီး၊တိုင်းအစိုးရအား ဟိုတယ်လုပ်ခွင့်တင်ပြလာမှုအပေါ် စိစစ်ပြီး အရေးယူဆောင်ရွက်သွားမည် တိုင်းအစိုးရ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

Mizzima

No comments:

Post a Comment