Latest News

Friday, September 22, 2017

မူးယစ်အမှုမှ နဂါးလေးလွတ်မြောက်၊ ကျန်အမှုလေးမှု ဆက်လက်ရင်ဆိုင်ရမည်

မူးယစ်အမှုမှ နဂါးလေးလွတ်မြောက်၊ ကျန်အမှုလေးမှု ဆက်လက်ရင်ဆိုင်ရမည်

မူးယစ်မှုဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် နဂါးလေး (ခ)အောင်နိုင်မြင့်နှင့် ကိုမျိုး(ခ) မျိုးဦးဇော်တို့နှစ်ဦးအနက် မျိုးဦး ဇော်ကို မူးယစ်ပုဒ်မဖြင့်ထောင် ဒဏ် ၁၁ နှစ်ချမှတ်ပြီး နဂါးလေး ကို အဆိုပါအမှုမှ အပြီးပြတ်လွှတ် ခဲ့သည်။

အဆိုပါမူးယစ်အမှုကို ရန် ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဒုတိယခရိုင်တရားသူကြီး(၂)က တာဝန်ယူစစ်ဆေးပြီး တရားရုံး သို့တင်သွင်းသည့် သက်သေများ ကိုစစ်ဆေးကာ စက်တင်ဘာ ၂၁ ရက်က အမိန့်ချမှတ်ခဲ့သည်။

သို့သော် နဂါးလေးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲ စခန်းက စွဲဆိုထားသည့် မူးယစ်မှု မှ လွတ်မြောက်ခဲ့သော်လည်း လမ်းမတော်မြို့မရဲစခန်းက ရာဇ သတ်ကြီးပုဒ်မ ၃၈၆ ခြိမ်းခြောက် မှု၊ ပုဒ်မ ၃၂၃ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှုနှင့် ကျင့် ၅၁၂ တရားခံပြေးအမှုများဖြင့် ဆက်လက်အရေးယူထားဆဲဖြစ် သည်။

အခင်းဖြစ်ပွားစဉ်က နဂါး လေးနှင့်အတူနေထိုင်သည့် မျိုးဦး ဇော်၏ အင်္ကျီအိတ်ကပ်အတွင်းမှ WY ဆေးပြားများတွေ့ရှိသော ကြောင့် အသက်(၃၇)နှစ် အရွယ် မျိုးဦးဇော်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ၀ါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉ (က)အရ အလုပ်ကြမ်းနှင့်ထောင် ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

နဂါးလေးသည် တရားခံမျိုး ဦးဇော်ကို ဖမ်းဆီးစဉ်ကအတူရှိနေ သဖြင့် ဆက်စပ်အရေးယူခံခဲ့ရ ခြင်းဖြစ်ပြီး အမှုနှင့်ပတ်သက်မှုမရှိ ကြောင်း ပေါ်ပေါက်သဖြင့် အပြီး အပြတ်လွှတ်ပေးခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆ မေလ ၁ ရက်က တောင်ဒဂုံမြို့နယ် (၁၉) ရပ်ကွက် လှော်ကားလမ်းမပေါ်ရှိ စား သောက်ဆိုင်တစ်ခုအတွင်း ရဲ တပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် တရားခံမျိုးဦးဇော်ထံမှ WY စိတ် ကြွဆေးပြား ၃၀၀ ကျော်တွေ့ရှိ သဖြင့် ၎င်းအပါအ၀င်အတူရှိနေ သည့် နဂါးလေးကိုပါ တောင်ဒဂုံ မြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အ ရေးယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

7Day News

No comments:

Post a Comment