Latest News

Wednesday, September 20, 2017

စည်းကမ်းမဲ့အမှိုက်ပစ်သူများကို အချူပ်ထဲထည့်၊ ကြိမ်ဒဏ်ပေးသင့်ဟု ရန်ကုန်မြို့တော်ဝန်ပြောဆို

စည်းကမ်းမဲ့အမှိုက်ပစ်သူများကို အချူပ်ထဲထည့်၊ ကြိမ်ဒဏ်ပေးသင့်ဟု ရန်ကုန်မြို့တော်ဝန်ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း စည်းကမ်းမဲ့အမှိုက်ပစ်သူများကို ဒဏ်ငွေရိုက်သည့်စနစ်အစား အချူပ်ထဲထည့်၊ ကြိမ်ဒဏ်ပေးသင့်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။

စက်တင်ဘာလ ၂၀ ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးတွင်၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

'ချမ်းသာလေ စည်းကမ်းပျောက်လေပဲ အချူပ်ထဲထည့်၊ ကြိမ်ဒဏ်ပေးနိုင်ရင်အကောင်းဆုံးပဲ' ဟု ဦးမောင်မောင်စိုးက ဆိုသည်။

မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ဒဏ်ငွေတိုးမြှင့်ကောက်ခံရန် မေးမြန်းချက်အား ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Voice

No comments:

Post a Comment