Latest News

Friday, September 22, 2017

မကွေးတိုင်းအစိုးရ တစ်နှစ်အတွင်း တင်ဒါ ပိုလျှံငွေ ကျပ်သန်း တစ်သောင်းကျော်ရရှိ

မကွေးတိုင်းအစိုးရ တစ်နှစ်အတွင်း တင်ဒါ ပိုလျှံငွေ ကျပ်သန်း တစ်သောင်းကျော်ရရှိ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမတစ်နှစ်တာ  ဆောက်လုပ်ရေးတင်ဒါ လုပ်ငန်းများကို စနစ်တကျစိစစ်မှုကြောင့် တင်ဒါပိုလျှံငွေ ကျပ်သန်း တစ်သောင်းကျော် ရရှိပြီး အဆိုပါပိုလျှံငွေများဖြင့် လမ်းပန်းဆက် သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောသည်။

‘‘ကျွန်တော်တို့အစိုးရအဖွဲ့ တက်လာကတည်းကိုက နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ရရှိရေးကို အလေးအနက်ထား ဆောင်ရွက်ဖို့ ညွှန်ကြားချက်ရှိပါ တယ်’’ဟု ဒေါက်တာအောင်မိုးညို က ဆိုသည်။

ဆောက်လုပ်ရေးတင်ဒါများ ကို စနစ်တကျ စိစစ်ရာမှ ရရှိ သည့် တင်ဒါပိုလျှံငွေကျပ်သန်း တစ်သောင်းကျော်ဖြင့် မကွေးမြို့ ပေါ်ရှိ အဓိက လမ်းမကြီးများကိုလမ်းအကျယ်ချဲ့ခြင်း၊ နိုင်လွန် ကတ္တရာခင်းခြင်း၊ ထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်းများကို ကျပ်သန်း သုံးထောင့်ခြောက်ရာကျော် အ ကုန်အကျခံလုပ်ဆောင်နိုင်ခဲ့သ လို ယင်းပိုလျှံငွေဖြင့်ပင် တိုင်းဒေသကြီးရှိ မြို့ပြလမ်းများကို ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချောလမ်း၊ ဂ၀ံလမ်းနှင့် မြေသားလမ်းခင်းခြင်း လုပ်ငန်းများကိုလည်း ကျပ်သန်းနှစ်ထောင်ကျော် အကုန်ကျခံဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ကျန်းမာရေးကဏ္ဍတွင် (၅) နှစ်အောက်ကလေးငယ်သေဆုံး မှုနှုန်း လျော့ကျအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ဟု ဒေါက်တာ အောင်မိုးညိုက ပြောသည်။

အောင်မြင်တိုးတက်မှုများ ရှိသော်လည်း လယ်ယာမြေသိမ်း ဆည်းခံရမှုများ ဖြေရှင်းနိုင်ရေး သည် မကွေးတိုင်း အစိုးရအဖွဲ့ အတွက် အဓိကစိန်ခေါ်မှုဖြစ်နေ ဆဲဟု ၀န်ကြီးချုပ်က ဆိုသည်။

7Day News

No comments:

Post a Comment