Latest News

Wednesday, September 20, 2017

ထိုင်းနတ်ရွာစံဘုရင် ဈာပနပွဲအတွက် အသင့်ဖြစ်ပြီ

ထိုင်းနတ်ရွာစံဘုရင် ဈာပနပွဲအတွက် အသင့်ဖြစ်ပြီ

နိုင်ငံ၏အကြီးဆုံး မီးသင်္ဂြိုဟ်လောင်တိုက်တော်ကနေ ရွှေမြင်းရထားများကို ပြန်လည်ပြင်ဆင်ခြင်း၊ ဟိုတယ်များ အခန်းပြည့်ဖြစ်နေခြင်းဖြင့် ထိုင်းနိုင်ငံသည် သူတို့၏ ချစ်မြတ်နိုးစွာသော နတ်ရွာစံဘုရင်ဘူမိဘော အဒူလရာဒေ့ရှ်ကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ပြင်ဆင်နေသည်။

ဘုရင်ကြီး နတ်ရွာလားခဲ့ သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း သူ၏အရိပ်အငွေ့များက သိသိသာသာ ခံစားနေရဆဲပင်။ လာမည့် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် သူ့ရုပ်အလောင်းတော်ကို ဖုတ်သွင်းမီးသင်္ဂြိုဟ်မည့် အစီအစဉ်က နိုင်ငံတစ်ဝန်းမှ ထောင်သောင်းချီ ထိုင်းလူမျိုးများကို ဘန်ကောက်မြို့တော်သို့ လာရောက်ဖို့ ဖြစ်စေသည်။

တစ်နိုင်ငံလုံးက အဆိုပါ အခမ်းအနားကို အာရုံစိုက်နေ သည့်အတွက် ထိုင်းနိုင်ငံ၏ မတည်မငြိမ်ဖြစ်နေသော နိုင်ငံ ရေးအခြေအနေမှာ အတော်အသင့် ငြိမ်သက်နေမည်ဟု အကဲ ခတ်သူများက ခန့်မှန်းသည်။

ဈာပနအခမ်းအနား အဓိက စင်မြင့်ကို ဘုရင့်နန်းတော်၏ အရှေ့ ကဆနန်လူ့ ကဆန်နန်လူ ဝမ်ခေါ်ကွင်းပြင်ကျယ်ကြီးထဲမှာ ကျင်းပမည်ဖြစ်သည်။ ထိုကွင်း ပြင်ကြီးသည် ဈာပနကျင်းပရာ နေရာကြီးအဖြစ် တဖြည်းဖြည်းပုံပေါ်လာနေပြီဖြစ်၏။ ဗုဒ္ဓဘာသာ ထုံးတမ်းဆိုင်ရာ အခမ်းအနား ကျင်းပရာနေရာကနေ အစားအစာဧည့်ခံသည်အထိ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အဆောက်အအုံကြီးငယ် ဆယ်ခုကျော်ကိုလည်း ထိုကွင်းထဲမှာ ဆောက်လုပ်ထားသည်။

ဈာပနကျင်းပရာနေရာ ကွင်းပြင်၏ အလယ်တည့်တည့် မှာရှိနေသည့် စတုရန်းမီတာ သုံး သောင်းကျော်ကြီးမားသောအရာ ကြီးက ရွှေရောင်လောင်တိုက် တော်ဖြစ်သည်။ လေးထောင့်ပုံ အဆိုပါလောင်တိုက်တော်သည် အောက်ခြေတွင် အလျား၊ အနံ ၆၀ မီတာစီရှိပြီး အမြင့် ၅၀ မီတာ ရှိ၏။ ဘုရင်ကြီးလုပ်ဆောင်ခဲ့ သည့် တိုင်းပြည်၏ ရေစီမံကိန်း ခန့်ခွဲမှုစနစ်ကို အသိအမှတ်ပြု သည့်အနေဖြင့် ရေများဖြင့် ဝန်းရံ ထားသည်။

ဘုရင့်နန်းတော်ထဲမှာရှိနေ သည့် ထိုင်းဘုရင်၏ ရုပ်ကလာပ်ကို အောက်တိုဘာ ၂၆ ရက်တွင် အဆိုပါနေရာကို သယ်လာခဲ့ကြ မည်။ ထို့နောက် လောင်တိုက် တော်၏ အမြင့်ဆုံးအထပ်သို့ တင်ပြီး လျှင်စစ်မီးသင်္ဂြိုဟ်စက် ဖြင့်သင်္ဂြိုဟ်မည်ဖြစ်သည်။

အခမ်းအနားကျင်းပရာ ကွင်းပြင်သည် ဘုရင့်မိသားစုဝင် များ၊ အစိုးရအရာရှိများနှင့် နိုင်ငံ ခြားဧည့်သည်များအပါအဝင် လူ ၇,၀၀၀ ကို နေရာချဧည့်ခံမည်ဖြစ် သည်။ သာမန်ပြည်သူများအနေ ဖြင့် ထိုနေရာအတွင်းပိုင်းသို့ အသုဘအခမ်းအနား ကျင်းပနေ စဉ်အတွင်း ဝင်ရောက်ခွင့်ရှိမည် မဟုတ်ပါ။ သို့သော် အခမ်းအနား ပြီးလျှင် ဝင်ရောက်နိုင်သည်။

 အသုဘကျင်းပရာနေရာ အတွက်ချည်းပဲ ဘတ်ငွေ သန်း ၅၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၅ သန်း) သုံးစွဲထားသည်။ ဆောက်လုပ်မှုများကို ဖေဖော်ဝါရီ ကစခဲ့ပြီး စက်တင်ဘာလကုန်မှာ အပြီးသတ်မည်ဟု မျှော်လင့်ထား သည်။

‘‘ဒီစီမံကိန်းကြီး ပါဝင်ရတာ တကယ့်ကို အထူးတလည်ပါ။ ကျွန်တော်က ဘုရင်ကြီးကို ချစ် ပါတယ်။ သူက သက်ရှိနတ်ဒေဝ တာတစ်ဦးပါ။ အခု ကျွန်တော်တို့ သူ့ကို နတ်ပြည်ပြန်ပို့ပေးတော့ မှာပါ’’ဟု အနုပညာဌာနမှ ပုံစံ ဒီဇိုင်းဆွဲ ဗိသုကာပွန်ထွန်သွန် ဝင်မိုလ်က ပြောကြားသည်။

ဆနန်လူဝမ်ကွင်းပြင်ကြီးက နေ လမ်းတစ်ခဏလျှောက် ရသော နေရာမှာရှိသည့် ဘန်ကောက်အမျိုးသားပြတိုက်တွင် လက်မှုပညာရှင်များက အခမ်းအနားမှာသုံးမည့် တော်ဝင်ရွှေရထားနှင့် တစ်ခြားရထားလုံးများကို ပြန်လည်ပြင်ဆင်ပြီး အလုပ်များနေကြသည်။ အဆိုပါတော် ဝင်ရထားလုံးသည် ၁၇၈၂ မှာ စတည်ထောင်ခဲ့သည့် လက်ရှိချက်ကရိ(ရာမ)မင်းဆက် ပထမဆုံးဘုရင်ရာမ (၁) လက်ထက်ကတည်းက အသုံးပြုခဲ့တာဖြစ်သည်။ ဘူမိဘောဘုရင်သည် ကိုးဆက်မြောက် ရာမဘုရင်ဖြစ် သည်။

ပြည်သူလူထုတွေကလည်း ဈာပနအခမ်းအနား ပြင်ဆင်ရေး မှာလည်း ပါဝင်လုပ်ဆောင်နေ သည်။ မီးလောင်တိုက်သွင်းမည့် အခမ်းအနားအတွက် နိုင်ငံတစ် ဝန်းက လုပ်အားပေးများက နံ့သာ တုံးများနှင့် ပန်းအတုများပုံဖော် ကြသည်။ ဈေးဝယ်ကုန်တိုက်ကြီး များ၊ မြို့တော်ခန်းမများနှင့် အခြား လူထုနေရာများမှာလည်း သူတို့ရည်ရွယ်ချက်နှင့်သူတို့ အထူးအလုပ်လုပ်သော နေရာများ ပြင်ထားသည်။

မနှစ်က အောက်တိုဘာ ၁၃ ရက်မှာ နတ်ရွာစံခဲ့သော ဘုရင် ဘူမိဘောအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုင်း အများစုသည် ယခုထိ အနက် ရောင်များ ဝတ်ဆင်ထားကြတုန်း ပင်။ ထိုင်းဘုရင် ရုပ်ကလာပ် ထားရှိရာ နန်းတော်အရှေ့က နေပူထဲတွင် နေ့စဉ် အတန်းရှည် ကြီးဖြင့် နာရီပေါင်းများစွာ တန်းစီ ကာ လာရောက် အရိုအသေပေး ကြသည်။

ဘုရင်၏ မီးသင်္ဂြိုဟ်မည့် အခမ်းအနားက အချို့ စီးပွားရေး လုပ်ငန်းတွေကိုလည်း အလုပ်ဖြစ် စေသည်။ ဈာပနအခမ်းအနားသို့ ထိုင်းလူမျိုးတွေ ထောင်သောင်းချီ ဘန်ကောက်ကို လာကြမည်ဖြစ် ရာ အဆိုပါဒေသက ဟိုတယ်များ လည်း အခန်းများ လူပြည့်မည်ဟု မျှော်လင့်ရ၏။

အခန်း ၃၀၀ ရှိ ဘုရင့်နန်း တော်ကနေ တစ်ကီလိုမီတာသာ ဝေးသည့် ရိုင်ရယ်ဝတ္ထနာကိုစင်ဟို တယ်သည် ဈာပနသင်္ဂြိုဟ်မည့် ရက်ကို ၂၆ ရက်ဟုကြေညာလိုက် ပြီးကတည်းက ၂၅ ရက်နေ့ည  အတွက် သူတို့ဟိုတယ်အခန်းများ ကို အကုန်အပြည့် ကြိုမှာထားပြီး သားဖြစ်သွားသည်။ နယ်မြို့ တွေကနေ ဘန်ကောက်ကိုလာ မည့်သူများအတွက် ထိုင်းလေ ကြောင်းကလည်း အောက်တိုဘာ ၁၀ ရက်မှနေ ၃၀ ရက်အထိ အထူးနှုန်းများဖြင့် ရောင်းချပေး နေသည်။

တစ်ချိန်တည်းမှာပင် ထိုင်း နိုင်ငံဆင်ထရယ်အုပ်စုက ပိုင် ဆိုင်သည့် ဖယ်မလီမတ်စတိုးဆိုင် တွေကလည်း နတ်ရွာစံဘုရင်ကို ဂုဏ်ပြုသည့်အနေဖြင့် ထပ်တစ် ရာပန်း အဝါရောင်စိုက်သည့် အိုးများ ရောင်းချနေသည်။ အဝါ ရောင်သည် ဘုရင့်မွေးနေ့ အမှတ် အသားဖြစ်သည်။ ၁၇၅ ဘတ်ပေး ရသော အဆိုပါပန်းစိုက်သည့် အရာလေးတွင် ပန်းအိုး၊ မြေကြီး နှင့် ပန်းမျိုးစေ့တို့ပါသည်။

တိုင်းပြည်၏အကြီးမားဆုံး အခမ်းအနားကြီးကို တစ်နိုင်ငံလုံး က ပြင်ဆင်နေသဖြင့် တစ်ပြည် လုံး ညီညွတ်မှုတွေကို မြင်ရသည် ဟု လေ့လာသူတွေကဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံကို အုပ်ချုပ် နေသော စစ်ဗိုလ်ချုပ်များအတွက် စိတ်သက်သာရာရသည့် အခါ သမယဖြစ်ပါလိမ့်မည်။

 စက်တင်ဘာလအကုန်၌ ဆန်များကို မတရားစီမံခန့်ခွဲရာမှ ပါဝင်ခဲ့မှုအတွက် ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်လပ်ကို နိုင်ငံ ရေးဆိုင်ရာ ပြစ်ဒဏ်ကြီးစီရင်ရန် ရှိသည်။ ပြီးခဲ့သည့်တစ်ပတ်က တရားရုံးကိုလာရန် ယင်လပ်က ပျက်ကွက်ခဲ့သည့်အတွက် ပြစ် ဒဏ်စီရင်မှုကို ရက်ချိန်းပြန်ပေး ထားခြင်းဖြစ်သည်။

‘‘ပြစ်ဒဏ်စီရင်ဖို့ ရက်ပြန် ချိန်းလိုက်တဲ့အတွက် နောက်လ မှာ နိုင်ငံရေးပြဿနာတချို့ ပေါ် ကောင်းပေါ်မယ်။ မကြာခင်မှာ တော့ အောက်တိုဘာလထဲ ရောက်လာပြီး ဘုရင့်မီးသင်္ဂြိုဟ်ပွဲ ရှိတယ်။ ဒါပြီးရင် ဘုရင်အသစ် နန်းတက်ပွဲရှိတယ်။ ဘယ်သူမှ တော့ ဘာမှဖြစ်ချင်ကြမယ် မထင်ဘူး’’

ရက်အသေအချာ မကြေ ညာသေးသော်လည်း နတ်ရွာစံ ဘုရင်၏ သားတော်မဟာဗာဂျီရာ လောင်ကွန်၏ နန်းတက်ပွဲသည် နတ်ရွာစံဘုရင်၏ မီးသင်္ဂြိုဟ် ဈာပနပွဲအပြီးတွင် ကျင်းပမည်ဖြစ်သည်။

7Day News

No comments:

Post a Comment