Latest News

Sunday, September 17, 2017

ကိုရီးယားနိုင်ငံမှ ဟွမ်းမတ်ဆွာ လူမှုပရဟိတအဖွဲ့၏အကူအညီဖြင့် အခမဲ့ အထည်ချုပ်သင်တန်းဖွင့်


ကိုရီးယားနိုင်ငံမှ ဟွမ်းမတ်ဆွာ (NGO Geen World Korea)လူမှုပရဟိတအဖွဲ့၏အကူအညီဖြင့် အခမဲ့ အထည်ချုပ်သင်တန်းကို ပုသိမ်မြို့ တွင် ဖွင့်လှစ်ခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီးဘေးရှိ NLD ပညာရေးကွန်ယက်(ဗဟို)ရုံးခန်းမတွင် စက်တင်ဘာလ၁၇ရက်နေ့ နေ့လည်ပိုင်းတွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဖက်ရှင်နှင့်အဝတ်အထည်စက်မှုလုပ်ငန်းပွဲတော်အတွက်ရည်ရွယ်ကာ
ကိုရီးယားနိုင်ငံမှ ဟွမ်းမတ်ဆွာ (NGO Geen World Korea)လူမှုပရဟိတအဖွဲ့၏အကူအညီဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမူးကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်(ဗဟို)ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပညာရေးကွန်ယက်(ဗဟို)မှအဖွဲ့အဝင် ဦးလှသိန်းကပြောသည်။

"  လူငယ်တွေကိုတတ်စေခြင်တယ် တိုင်းပြည်မှာဒီလိုအခမဲ့သတင်တန်းတွေ ကျောင်းတွေတက်ရဖို့ဆိုတာမလွယ်ကူပါဘူး ဒါကြောင့်လည်း ကျောင်းသားကျောင်းသူတွေကိုပညာကိုတတ်နိုင်သလောက်သင်ယူပါ တန်းဖိုးထားပါ ထိရောက်တဲ့နေရာမှာအသုံးချပါဟု"၄င်းကဆက်ပြောသည်။

သင်တန်းတွင် တက်ရောက်သည့်သင်တန်းသား သင်တန်းသူ၃၀ကျော်ရှိပြီး သင်တန်းနည်းပြအပါအဝင်ဆရာ l ဆရာမ ၅ဦးဖြင့်သင်တန်းကိုစတင်သင်ကြားနေသည်။
သင်ကြားမှုအပိုင်းတွင် လိုအပ်သော အက်ချုပ်စက် l အထည် နှင့်အခြားသင်ထောက်ကူပစ္စည်းများကို ဟွမ်းမတ်ဆွာ (NGO Geen World Korea)လူမှုပရဟိတအဖွဲ့မှ လှူဒါန်းထားသောပစ္စည်းများကိုအသုံးပြုသွားမည်ဖြစ်ကြောင်းသင်တန်း တာဝန်ခံကပြောသည်။
သင်တန်းတွင်တက်ရောက်အောင်မြင်သော အထည်ချုပ်သင်တန်းသားlသင်တန်းသူများသည် လာမည့်ဒီဇင်ဘာလအတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမူးကျင်းပသော မြန်မာ့ဖက်ရှင်နှင့်အဝတ်အထည်စက်မှုလုပ်ငန်းပွဲတော်၏ အထည်ချုပ် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ယခုဖွင့်လှစ်နေသော အခမဲ့ သင်တန်းများကိုလှိုင်သာယာ l မုံဒုံ l မော်လမြိုင် lသံလျှင် နှင့် မုတ်ပလ္လုင်မြို့များတွင်ဖွင့်လှစ်ထားကြောင်း သင်တန်းဆရာတစ်ဦးထံမှသိရသည်။

 ထက်ဝဠာမင်း

No comments:

Post a Comment