Latest News

Saturday, September 23, 2017

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာမွတ်စလင်အရပ်ဘက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို ကြိုဆိုထောက်ခံကြောင်း မြန်မာမွတ်စလင်အရပ်ဘက်အဖွဲ့အစည်းများ သဘောထားထုတ်ပြန်

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည် မိန့်ခွန်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဆိုင်ရာ ကြိုးပမ်းအား ထုတ်မှုများကို အသိပေးသည်သာ မက နိုင်ငံတကာ အသိုင်းအဝိုင်း ကိုပါ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် ထား၍ လှိုက်လှဲစွာ ထောက်ခံကြို ဆိုကြောင်း မြန်မာမွတ်စလင် အရပ်ဘက်အဖွဲ့အစည်းများက သဘောထား ကြေညာချက်ထုတ် ပြန်သည်။

 ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကို ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ယုံကြည်ချက်အပေါ် အခြေခံပြီး သွေးကွဲနေသည့် နိုင်ငံတစ်ခုအသွင်သို့ မဖြစ်စေလို၍မြန်မာမွတ်စလင်အဖွဲ့အစည်းများက နိုင်ငံတော်အစိုးရ၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့်အတူတက်ညီလက်ညီ ပူးပေါင်းမည်ဖြစ်ကြောင်းလည်း စက်တင်ဘာ ၂၁ရက်ထုတ်ပြန်ချက်တွင် ပါရှိသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ကိုဖီအာနန်ရဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ကို အဲဒီတစ်ပိုဒ်လုံးပေါ့။ ကျွန်မတို့က အရမ်းသဘောကျတယ်။ ရခိုင်ပြည်နယ်ပတ်သက်ပြီးပေါ့။ အပြစ်မဲ့တဲ့ပြည်သူကို ဘယ်သူမဆိုပေါ့၊ ကာကွယ်ပေးရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ ငြိမ်းချမ်းရေးကိုလည်း အကောင်အထည်ဖော်စေချင်တယ်’’ဟု မွတ်စလင်အဖွဲ့ငါးဖွဲ့တွင် ပါဝင်သော Social Aliance (လူမှုမဟာမိတ်အဖွဲ့)တည်ထောင်သူ မဒါလီမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက် ခဲ့သည့် ဖြစ်ရပ်များနှင့် လက်ရှိဖြစ် ပွားနေသည့် အခြေအနေများ သာမက ရခိုင်ပြည်နယ် အနာ ဂတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက်ပါ မျှော်မှန်းထားရာ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အတိုင်း ရခိုင်ပြည်နယ်တစ်ခုလုံး ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နှင့် တည်ငြိမ်အေးချမ်းရေးတွင် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပေး ကြရန် မြန်မာမွတ်စလင်အရပ် ဘက်အဖွဲ့အစည်းများက မေတ္တာ ရပ်ခံထားသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရည်ညွှန်း ပြောကြားသည့်အတိုင်း ဘာသာ၊ လူမျိုး၊ ရာထူး စသည်များကို ငဲ့ညှာမှုမပြုဘဲ လူ့အခွင့်အရေးနှင့် တည်ဆဲဥပဒေများကို ဆန့်ကျင်ချိုးဖောက်သူ မည်သူမဆို ထိထိရောက်ရောက် အရေးယူ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အထူးအလေးထားဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရည်ရွယ်ချက်အတိုင်း မတူကွဲပြားမှုများကို အခြေပြုကာ အားကောင်းသော၊ ခိုင်မာတည် တံ့သော၊ လုံခြုံသောအနာဂတ် မျိုး ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ဆောက်ရာတွင် မိမိ တို့ မြန်မာမွတ်စလင်အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ တော်အစိုးရ၊ နိုင်ငံသူနိုင်ငံသား အားလုံးနှင့်အတူ တက်ညီလက် ညီ ပူးပေါင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ လက်ရှိတွင် ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်းကိုကချင်အမျိုးသားအစည်းအရုံး (KNO) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC)တို့က ထောက်ခံကြိုဆို ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေမှုနှင့်ပတ်သက်ပြီး ဘာသာ တစ်ခုနှင့်တစ်ခုကြား ပဋိပက္ခများ ဖြစ်ပေါ်စေရန် ဘာသာရေးလှုံ့ ဆော်မှုများကို စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းများ မပြုလုပ်ရန်နှင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်အောင် နိုင်ငံသားပြည်သူတစ်ရပ်လုံးနှင့် အတူပူးပေါင်းဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက  ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များအား စက်တင်ဘာ ၁၀ရက်တွင် အသိပေးထုတ်ပြန်ထား သည်။

7Day News

No comments:

Post a Comment