Latest News

Saturday, September 23, 2017

အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေက မူကြိုကလေးတွေလို ပြုမူနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေက မူကြိုကလေးတွေလို ပြုမူနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဝေဖန်

အမေရိကန်သမ္မတထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့က မူကြိုကလေးတွေလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားစစ်ထိုးနေကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

သမ္မတထရမ့်က မြောက်ကိုရီးယားနိုင်ငံကို ဖျက်စီးမယ်လို့ ခြိမ်းခြောက်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်က သမ္မတထရမ့်ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူ၊ သူငယ်ပြန်သူဆိုပြီး ခေါ်ဝေါ် ပြောကြားခဲ့ပါတယ်။

သမ္မတထရမ့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ရူးနှမ်းနေသူဆိုပြီး တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ကတော့ ဒီလို တစ်ဖက်နဲ့တစ်ဖက် မူကြိုကလေးတွေလို ပြောကြားနေတာကို ရပ်တန့်ပြီး ခေါင်းချင်းဆိုင် ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလိယားခြိမ်းခြောက်မှုတွေကို တိတ်တဆိပ် ကြည့်မနေနိုင်တာ မှန်ပေမဲ့ ကိုရီးယားကျွန်းဆွယ်မှာလည်း စစ်ပွဲဖြစ်ပွားမှာကို မလိုလားဘူးလို့ လက်ဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။

Photos-AP
5plus

No comments:

Post a Comment