Latest News

Saturday, September 30, 2017

ယာဉ်မောင်းများက ခရီးသွားပြည်သူများအား ယဉ်ကျေးစွာ ဆက်ဆံဖို့ သင်ယူရန်လိုအပ်

ယာဉ်မောင်းများက ခရီးသွားပြည်သူများအား ယဉ်ကျေးစွာ ဆက်ဆံဖို့ သင်ယူရန်လိုအပ်

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်များ၏ ယာဉ်မောင်းများအနေဖြင့် ခရီးသွားပြည်သူများအပေါ် ယဉ်ကျေးစွာဆက်ဆံခြင်းအပါအဝင် ဝန်ဆောင်မှုအပိုင်းများ သင်ယူရန်လိုအပ်ကြောင်း Power Eleven အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

YBS စနစ်မှာ ခရီးသည်များအား ဝန်ဆောင်မှုပေးသည့် စနစ်ဖြစ်သည့်အတွက် ဘတ်စ်ကားအား အန္တရာယ် ကင်းဘေးရှင်းစွာ မောင်းနှင်နိုင်ခြင်း၊ ခရီးသွားပြည်သူများကို ယဉ်ကျေးစွာပြောဆိုနိုင်ခြင်း၊ ဘတ်စ်ကားတွင် ပါရှိသည့် စက်ပစ္စည်းအစိတ်အပိုင်းများအား ကောင်းမွန်စွာ အသုံးချနိုင်ခြင်းနှင့် ဌာနတစ်ခုနှင့်တစ်ခု ကောင်းမွန် စွာ ချိတ်ဆက်ပြောဆိုဆက်သွယ်နိုင်ခြင်း စသည့်အချက် ၄ ချက်အား သိရှိလိုက်နာသင့်ကြောင်းကိုတရုတ် လေးက မဇ္ဈိမသို့ ပြောသည်။

“ဒီကနေ့ သယ်ယူပို့ဆောင်ရေးက ဝန်ဆောင်မှုလုပ်ငန်းဖြစ်လာတဲ့အချိန်မှာ အရင်လို အလုအယက်မောင်း စရာမလိုတော့ဘူး။ ပုံမှန်လေးနဲ့ ခရီးသည်ကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်လာတယ်… ဖြစ်လာတော့ ကျွန်တော်တို့ ယာဉ်မောင်းသူတွေအနေနဲ့ ဒီဝန်ဆောင်မှုပိုင်းကို ပေးနိုင်အောင် ကြိုးစားရတော့မယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ဆက်လက်၍ “ဝန်ဆောင်မှုပိုင်းကို မပေးနိုင်ဘူး။ မကြိုးစားဘူး။ မသင်ယူဘူးဆိုရင် သူတို့ နောင်တစ်ချိန်မှာ ဘတ်စ်ကား လောကမှာ ရပ် တည်ဖို့အတွက် အလုပ်မရှိဖြစ်သွားမယ်။ လိုက်နာပြောင်းလဲတဲ့ အနေနဲ့ ဒီဝန် ဆောင်မှုဆိုတဲ့ အပိုင်းကို သင်ယူရ မယ်။ ဆိုလိုတာက အရင်က လိုင်းကားမောင်းရင် လိုင်းကားယာဉ် မောင်းပေါ့။ ဒီကနေ့မှာ တော့ သူတို့က ဘတ်စ်ကပ္ပတိန် တစ်ယောက်ဖြစ်ဖို့လိုတယ်”ဟု ကိုတရုတ်လေးက ပြောသည်။

လက်ရှိတွင် မ.ထ.သ စနစ်မှ အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ဖြင့်  YBS စနစ်သို့ ပြောင်းလဲပြေးဆွဲနေသော် လည်း အပြိုင်အဆိုင်မောင်းနှင်သော ဘတ်စ်ကားများလည်း ရှိနေပြီး ခရီးသည်များအပေါ် မချေမငံ ဆက်ဆံ ခြင်းများရှိနေကြောင်း ခရီးသည်တစ်ဦးဖြစ်သည့် မရမ်းကုန်းမြို့နယ်မှ ဦးမြင့်အောင်က ပြောသည်။

“ မနေ့ညကဆိုရင် ကျွန်တော် တာမွေကနေ မရမ်းကုန်းဘက်ကို ၇၉ ယာဉ်လိုင်းကို စီးသွားတာပေါ့။ အဲ့ဒီမှာဗျာ ယာဉ်မောင်းက တက္ကစီကိုကားလမ်းတောင်းတာ မပေးလို့ဆိုပြီး မိုးမွန်းအောင်ဆဲတာဗျ။ ကားကိုလည်း အုန်းဒိုင်း နဲ့ ဘရိတ်အုပ်လိုက် ဆောင့်လိုက်နဲ့ မောင်းတာ။ ကားပေါ်မှာလည်း သက်ကြီးရွယ်အိုတွေလည်းပါတယ်။ အကုန် လုံး ဖရိုဖရဲနဲ့။ ကျွန်တော်စီးလာတဲ့ ကားရှေ့မှာက ၇၉ နှစ်စီးရှိတယ်လေ။ ယာဉ်မောင်းက အဲ့ဒါကို ကျော်တက် ချင်နေတာ။ အရှေ့မှာထိုင်တဲ့ အမကြီး တစ်ယောက်က မနေနိုင်လို့ ဖြည်းဖြည်းမောင်းဖို့ပြောတော့ အော်ကြီး ဟစ်ကျယ်နဲ့ ခင်ဗျားနဲ့ ဘာနဲ့ပြောနေတာဗျ။ ပြီးတော့ ရအောင်ကျော်တက်ပြီး အတင်းမောင်းချသွားတယ်။ ကျွန်တော် မှတ်တမ်းမယူထားလိုက်လို့။ မဟုတ်ရင်တိုင်တယ်”ဟု ခရီးသည် ဦးမြင့်အောင်က ပြောသည်။

မကြာသေးမီကလည်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၊ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ကုမ္ပဏီ (YUPT) နှင့် Omni Focus ကုမ္ပဏီတို့မှ ယာဉ်မောင်း ၅၆ ဦးကို ခိုက်ရန်ဖြစ်ပွားခြင်း၊ အရက်သေစာ သောက်စား ကာ ယာဉ်မောင်းခြင်း၊ လမ်းပြောင်းပြန်မောင်းခြင်း၊ ခရီးသည် များအား မချေမငံ ဆက်ဆံခြင်း၊ မီးနီဖြတ်မောင်း ခြင်း၊ YRTA မှ သတ်မှတ်ထားသော အချက်ကြီး ၄ ချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကုမ္ပဏီစည်းကမ်းများ မလိုက်နာခြင်း၊ ယာဉ်စီးခများ ခိုးယူခြင်းနှင့် ခရီးသည်များထံက ယာဉ်စီးခများ တောင်း ခံခြင်းများ ပြုလုပ်ခဲ့သည် ဟုဆိုကာ ရာသက်ပန်ထုတ်ပယ်ခဲ့သည်။

Mizzima


အမ်းတွင် ဆူပူအောင်လုပ်ရန် စည်းရုံးကြံစည်မှုအတွက် အရေးယူပေးရန် မကွေးတိုင်းအစိုးရလျှောက်ထား

အမ်းတွင် ဆူပူအောင်လုပ်ရန် စည်းရုံးကြံစည်မှုအတွက် အရေးယူပေးရန် မကွေးတိုင်းအစိုးရလျှောက်ထား

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးသူရှိသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ အသက် ၆၀ ရှိ အမျိုးသား တစ်ဦးကို ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် တိုင်းအစိုးရက စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေ၏ ဦးတိုက်လျှောက်ထားမှုကို မကွေးခရိုင် တရားရုံး တရားသူကြီး ဒေါ်မိမိစိန်က ရာဇသတ်ကြီး အမှုအမှတ် ၅၅/၂၀၁၇ ဖြင့်  လက်ခံခဲ့ကြောင်း တိုင်းဥပဒေချုပ် ဦးဆန်းလင်းက စက်တင်ဘာ ၃၀ ရက်နေ့က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တရားလိုပြု၍ လျှောက်ထားခဲ့ကြောင်း၊ ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည်ဟူသော မကွေးမြို့မှ အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလျှောက်ထားချက်တွင် စည်းရုံးခံရသူနှင့် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအ၀င် သက်သေငါးဦး ထည့်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့ ညနေ ၃နာရီခွဲခန့်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ၎င်း၏ ရုံးခန်းသို့ သတင်းမီဒီယာများအား ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသားတစ်ဦးကို ကျပ် ငါးသိန်း ပေးမည်ဟု စည်းရုံးသူ ရှိနေပြီး မကွေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများအား   ဆောင်ရွက်သင့်သည်များ ညွှန်ကြားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) တွင် မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊  အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ   ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်   သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Mizzima

Friday, September 29, 2017

ဒေါ်​အောင်​ဆန်းစုကြည်​ ​ထောက်​ခံပွဲ ပုသိမ်​မှာ စစ်​​ကြောင်း ငါး​ကြောင်းနဲ့ ချီတက်​မည်

ဒေါ်​အောင်​ဆန်းစုကြည်​ ​ထောက်​ခံပွဲ ပုသိမ်​မှာ စစ်​​ကြောင်း ငါး​ကြောင်းနဲ့ ချီတက်​မည်
via Karlu soe



အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေးနဲ့ ဆက်ဆံရေး ပြန်သုံးသပ်ဖို့ ကန်အမတ်တွေ တိုက်တွန်း

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေးနဲ့ ဆက်ဆံရေး ပြန်သုံးသပ်ဖို့ ကန်အမတ်တွေ တိုက်တွန်း

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အ၀န်းကြား စိုးရိမ်မှုတွေ၊ ဖိအားတွေ တိုးလာနေချိန်မှာပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက မနေ့တုန်းကပဲ တိုက်တွန်း လိုက်ကြပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူ ၅ သိန်းလောက်အထိ ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာပြီး နောက်မှာပဲ အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက အစိုးရကို တိုက်တွန်းလိုက်ကြတာပါ။

လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လတ်တလော ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာမှာ တဖက်တလမ်းက မကူညီရင်၊ ရရှိထားပြီးသား တိုးတက်မှုတွေကို ထိခိုက်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID အကြီးအကဲ Mark Green တို့ထံ ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ စွပ်စွဲချက်တွေ ရှိနေတာကြောင့်၊ ကျုးလွန်သူတွေကို ဖော်ထုတ်ပြီး၊ ဒဏ်ခတ်အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးအပ်နိုင်အောင် ခွင့်ပြုဖို့နဲ့ အမေရိကန် အစိုးရ အနေနဲ့လည်း အကူအညီ အထောက်အပံ့တွေ တိုးမြှင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်၊ ရေရှည် အကျိုးဆက်တွေဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးကိုပါ ရိုက်ခတ်လာနိုင်ကြောင်းလည်း အမေရိကန် အထက်လွှတ်တော်အမတ်တွေက သတိပေးထားတာပါ။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေထံ ပေးပို့တဲ့စာကို လက်မှတ် ရေးထိုးခဲ့သူတွေထဲမှာတော့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဒီမိုကရက်အထက်လွှတ်တော်အမတ် Ben Cardin အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာ ကော်မတီဥက္ကဋ္ဌ John McCain တို့လည်း ပါဝင်ကြပါတယ်။

ရှေ့သီတင်းပတ်ထဲမှာလည်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ရိုဟင်ဂျာ အကျပ်အတည်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲတခုလုပ်ဖို့ စီစဉ်ထားပြီး၊ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy လည်း တက်ရောက်ထွက်ဆိုမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့
ပ၀ါရဏာပွဲ။     ။ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။

မီးမြင့်မိုရ်ပွဲ။     ။သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။

ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။

သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။

ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။

ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။
ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-
(၁)ပလ္လင်္ကသတ္တာဟ။        ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။
(၂)အနိမိသ သတ္တာဟ။          ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃)စင်္ကမ သတ္တာဟ။           ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင်
 ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက်
ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။
(၄)ရတနာဃရ သတ္တာဟ။          ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅)အဇပါလသတ္တာဟ။         ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆)မုစလိန္ဒ သတ္တာဟ။        ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇)ရာဇာယတန သတ္တာဟ။               ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။

ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။

အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော်

သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)
ဓမ္မ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Posted by aung myin
Tin Maung Hlaing

စိတ်ကြွရူးသွပ်ဆေးပြား ရောင်း/၀ယ်သူများကို ဆေးပြားတစ်သိန်း ကျော်နှင့်အတူ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြား ရောင်း/၀ယ်သူများကို ဆေးပြားတစ်သိန်း
ကျော်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ သီရိမွန်ပလာဇာဝင်း၊ လုံးချင်းအိမ်ယာ၊ (၁၀) လမ်းပေါ်တွင်မူးယစ်ဆေးဝါးသတင်းအရ အမှတ် (၄၁) မူးယစ်ဆေး ၀ါးနှိမ်းနင်းရေးရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောအဖွဲ့သည် ယာဉ်အမှတ် 3E/------HONDA FIT အမျိုးအစာ
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းယာဉ်ပေါ်၌ ယာဉ်မောင်း စိုင်းပြည့်ကျော်၊(၃၀)နှစ်၊ ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်သူ မောင်းနှင်ပြီး ၎င်း၏ဘေးတွင် သန်းအောင် ၊(၅၆)နှစ် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နေ လိုက်ပါစီးနင်းလာသော ယာဉ်ပေါ်၌ Speed Team စာတန်းပါ ခရီးဆောင်အိတ်အတွင်း မှိုင်းခံစက္ကူဖြင့် ထုပ်လျက် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော 88 စာတန်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၂၀၀ ပြားစီပါ
အထုပ် ၃၀ ထုပ်အား စုထုပ်ထားသည့် ဆေးပြား ၆၀၀၀ ပြားစီပါ ၂၂ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀၀ ပြား၊ တန်းဖိုးငွေကျပ် ၄၆၂,၀၀၀,၀၀၀ ၊ ဆင်းကတ်နှစ်ခုပါ Samsung အမျိုးအစား လက်ကိုင်းဖုန်းတစ်လုံး၊ ဆင်းကတ်ပါ ZTE အမျိုးအစား လက်ကိုင်းဖုန်းတစ်လုံး၊ သန်းအောင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်၏သက်သေခံလက်မှတ်တစ်ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းပြည့်ကျော်ပါနှစ်ဦးတို့အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း မယ(ပ)၁၃/၂၀၁၇ ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာပြည် လာရောက်ရန် ဖိတ်ခေါ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာပြည် လာရောက်ရန် ဖိတ်ခေါ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တွေ ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ကြဖို့ မြန်မာအစိုးရက  တရားဝင် ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့  စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တံခါးဖွင့် အစည်းအဝေးမှာ  မြန်မာနိုင်ငံ  အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ သောင်းထွန်းက ပြောကြားလိုက်တာပါ။

“ရန်ကုန်က သံတမန် ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ သတင်း မီဒီယာတွေ လိုက်ပါပြီး လာမယ့် တနင်္လာနေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားဖို့ရှိပါတယ်။ သူတို့တွေ အနေနဲ့ မြေပြင်က အခြေအနေတွေကို မျက်မြင် တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နဲ့ လက်ထောက် အတွင်းရေးမှူးချုပ် တွေ ကိုလည်း မြန်မာနိုင်ငံကို လာဖို့ မြန်မာ အစိုးရ အနေနဲ့ ဖိတ်ကြားပါတယ်။  မြန်မာအစိုးရ အနေနဲ့ မကြာခင် အနာဂတ်မှာ ကုသမဂ္ဂနဲ့ မြန်မာအကြား  ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာဖို့လည်း မျော်လင့်ပါတယ်”

ဒါ့အပြင် မြန်မာနိုင်ငံ အပေါ်  လူမျိုးစု သုတ်သင် ရှင်းလင်းမှုနဲ့၊ လူမျိုးသုဉ်း သတ်ဖြတ်မှု ရှိနေတယ် ဆိုပြီး စိတ်ခံစားချက်နဲ့  စွပ်စွဲပြောဆို ချက်တွေနဲ့ ပတ်သက်ပြီးလည်း မြန်မာ ကိုယ်စားလှယ်က ကန့်ကွက် ပြောကြားသွားပါတယ်။

“မြန်မာနိုင်ငံ ခေါင်းဆောင်တွေဟာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ အတွက် အချိန်တွေ အကြာကြီး ကြိုးပမ်း လာခဲ့တဲ့သူတွေ ဖြစ်တာကြောင့် လူမျိုးပြုတ် ရှင်းလင်းတာ၊ လူမျိုးသုဉ်း သတ်ဖြတ်မူ ဆိုတဲ့ မူဝါဒကို ဘယ်တော့မှ ထောက်ခံ အားပေးမှာ မဟုတ်သလို အစိုးရအနေနဲ့ အကြမ်းဖက်မှု လူမျိုးတုံး သတ်ဖြတ် တာတွေ မဖြစ်အောင် တားဆီး ကာကွယ်ဖို့ အားလုံး လုပ်သွားမယ်”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတော့  ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့၊ လူသာခြင်း စာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို နေရပ် အာဏာပိုင်တွေကို တောင်းဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံခြား သံတမန်တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေက တာဝန် ရှိသူတွေ ပါဝင်တဲ့အဖွဲ့တခု  စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ သွားရောက်ဖို့ အစိုးရက စီစဉ် ခဲ့ပေမယ့်  ရာသီဥတုအခြေအနေနဲ့ သံတမန်အဖွဲ့ အကြီးအကဲရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် သွားရောက် နိုင်ခဲ့ခြင်း မရှိဘဲ အောက်တိုဘာ ၂ ရက်နေ့မှာ သွားရောက်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-UN
DVB

ကျိုက်ထီးရိုး ကေဘယ် ကားစီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန် စီစဉ်

ကျိုက်ထီးရိုး ကေဘယ် ကားစီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန် စီစဉ်

ကျိုက်ထို  စက်တင်ဘာ  ၂၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အထိ ဆက်သွယ်ပြေးဆွဲမည့် ကေဘယ်ကား (ကောင်းကင်ကြိုးရထား) စီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သဖြင့် နိုဝင်ဘာ နောက်ဆုံးပတ်၌ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း Sky Asia ကုမ္ပဏီ အကြံပေး ဦးမျိုးဝေထံ မှ သိရသည်။

အဆိုပါ ကေဘယ်ကားကို အောက်တိုဘာလ အတွင်းရှိ သီတင်းကျွတ် လပြည့်နေ့ ဘုရားပွဲတော်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း မိုးရာသီဖြစ်သဖြင့် မိုးများရွာသွန်းမှုကြောင့် စက်များတပ်ဆင် တည်ဆောက်ရန် ခက်ခဲခြင်းနှင့် ကေဘယ်ကြိုးကြီးများအား တိုင်ပေါ်သို့ တင်မည့်စက်များ မြန်မာနိုင်ငံ၌ မရှိ၍ ပြင်သစ်နိုင်ငံမှ မှာယူခဲ့ရာ နောက်ကျမှ ရောက်ရှိခဲ့သဖြင့် လုပ်ငန်းပြီးစီးမှု နှောင့်နှေးကြန့်ကြာပြီး အချိန်မီ မဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ''အောက်တိုဘာလမှာ မဖွင့်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီကေဘယ် ကားစီမံကိန်း လုပ်ငန်းတစ်ခုလုံးက အောက်တိုဘာ လကုန်မှာ ရာနှုန်းပြည့်ပြီးစီးမှာပါ။

နိုဝင်ဘာ ပထမပတ်မှာတော့ စက်ယန္တရား ကြံ့ခိုင်မှု ပိုမိုရှိစေဖို့နဲ့ စီးနင်းသူ ခရီးသည်တွေရဲ့ အသက်အန္တရာယ် ပိုမိုလုံခြုံမှုရှိစေဖို့အတွက် စတင် စမ်းသပ် လည်ပတ်ပါမယ်။ နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်''ဟု ဦးမျိုးဝေက ပြောသည်။ ကေဘယ်ကား စီးနင်းသူ ခရီးသည်များ၏ လုံခြုံရေး အနေဖြင့် အသက်အန္တရာယ် ကယ်ဆယ်ရေး အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းပေးထားပြီး မီးဘေးအန္တရာယ် အတွက် စက်ယန္တရားများ တွင် ရေပိုက်များ တပ်ဆင်ပေးထားခြင်းနှင့် ကေဘယ်ကား စက်အိမ်တစ်လုံးချင်းစီတွင် မီးသတ်ဆေးဘူး တပ်ဆင်ပေးထားသည်။ ထို့ပြင်စီးနင်းသူ ခရီးသည်များ လုံခြုံစွာစီးနင်းနိုင်ရန် ဘဏ်များနှင့် ချိတ် ဆက်၍ အလုံးစုံ အာမခံ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ''ကေဘယ်ကား စီမံကိန်းပြီးသွားရင် ပြည်တွင်းပြည်ပက ဘုရားဖူးတွေ အရင်ထက်ပိုပြီး ဝင်ရောက်နိုင်ပါတယ်။ ဒီလုပ်ငန်းကို လူအများက စိတ်ဝင်စားကြတယ်။ ဖွင့်တဲ့အခါကျရင် စမ်းသပ်စီးချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေ လာစီးကြမှာပါ။

စီးနိုင်အောင်လည်း ဘုရားဖူးကားတွေက ရသေ့တောင်မှာ ရပ်ေ ပးကြမှာပါ'' ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ ဦးလှသောင်းက ပြောသည်။ ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုး သစ်တောကြိုးဝိုင်း နယ်မြေအတွင်းရှိ ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ B.O.T စနစ်ဖြင့် နှစ် ၅ဝ စာချုပ်ချုပ်ဆို ငှားရမ်းအသုံးပြုခြင်း ဖြစ်သည်။ ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂ဝ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းဖြစ်ကာ ပြင်သစ်နိုင်ငံ POMA ကုမ္ပဏီမှ နည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ ပြင်သစ်ပညာရှင်များနှင့် ကိုရီးယား ပညာရှင်များ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်သည်။ စီးနင်းသူများအတွက် ကေဘယ်ကား ၄၃ စီးနှင့် အရန်တစ်စီးတို့ဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်းနှင့် ကေဘယ်ကား တစ်စီးလျှင် လူရှစ်ဦးစီးနင်းနိုင်ပြီး စီးနင်းခအနေဖြင့် ပြည်တွင်းခရီးသွားများအတွက် ငွေ ကျပ်သုံးထောင်နှင့် နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ အကြမ်းမျဉ်း သတ်မှတ်ထားကြောင်း သိရသည်။
မြဝတီ

ထိုင်းဘုရင် ဘူမိဘောဈာပန လူ ၂ သိန်းခွဲတက်မယ်လို့ ခန့်မှန်းထား

ထိုင်းဘုရင် ဘူမိဘောဈာပန လူ ၂ သိန်းခွဲတက်မယ်လို့ ခန့်မှန်းထား

နတ်ရွာစံထိုင်းဘုရင် ဘူမိဘောရဲ့ဈာပနအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၂၉ ရက် နေ့ထိ ဘန်ကောက်မြို့မှာပြုလုပ်ဖို့ ပြင်ဆင်နေသလို၊ လူ ၂ သိန်းခွဲလောက် တက်လိမ့်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဈာပနအခန်းအနားလုံခြုံရေးအတွက် ရဲအင်အား ၇ သောင်းချထားမယ်လို့လည်း ထိုင်းစစ်အစိုးရ ဒုခေါင်းဆောင် ပရာဝစ် ဝမ်ဆူဝန်က ပြောပါတယ်။

မီးသင်္ဂြိုဟ်မယ့်အခမ်းအနားကို အမေရိကန်ဒေါ်လာ ၉၁ သန်း သုံးစွဲထားပြီး၊ အနုပညာရှင်တွေက ခမ်းခမ်းနားနားပြင်ဆင်နေကြပါတယ်။ ဘုရင်ဘူမီဘောဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အသက် ၈၈ အရွယ်မှာ နတ်ရွာစံတာဖြစ်ပါတယ်။

သူ့အရိုက်အရာကိုဆက်ခံတဲ့ သားဖြစ်သူ မဟာဗာဂျီယာလောင်ကွန်းရဲ့ နန်းတက်ပွဲကို ခမည်းတော် ဘူမီဘောရဲ့ ဈာပနပြီးရင် ကျင်းပမှာဖြစ်ပေမယ့် နေ့ရက်အတိအကျတော့ မသတ်ရသေးပါဘူး။

RFA

ကန်ထရိုက်က ကွန်ကရစ်လမ်းအား သတ်မှတ်နှုန်း အတိုင်း မခင်း သဖြင့် စည်ပင် ပြန်ဖြိုဖျက်

ကန်ထရိုက်က ကွန်ကရစ်လမ်းအား သတ်မှတ်နှုန်း အတိုင်း မခင်း
သဖြင့် စည်ပင် ပြန်ဖြိုဖျက်

မြိတ်မြို့၊ ရွှေပြည်တန် လမ်းမကြီးအား ကန်ထရိုက်က သတ်မှတ် စံနှုန်းအတိုင်း လမ်းမခင်းလို့ စည်ပင်သာယာရေး ကော်မတီက ပြန်လည် ဖြိုဖျက်ခဲ့ပါတယ်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင် ရပ်ကွက်ရှိ ရွှေပြည်တန် လမ်းမကြီးကို ကွန်ကရစ် လမ်းခင်းရာမှာ တာဝန်ယူထားတဲ့ ကန်ထရိုက်က သတ်မှတ် ထားတဲ့ ပေအတိုင်း မခင်းပဲ ပေလျော့ ခင်းထားလို့ မြိတ်မြို့နယ် စည်ပင် သာယာရေး ကော်မတီက စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင် ဖြိုဖျက်ခဲ့တယ် လို့ သိရပါတယ်။

“ကန်ထရိုက်က ကျနော်တို့ အမြဲ တာဝန်ပေးနေတဲ့ အဖွဲ့ပါ။ လမ်း ကော်မတီတွေ၊ အရပ်သားတွေကလည်း ဒီရက်ပိုင်းမှာ ရာသီဥတု ဆိုးရွားနေလို့ ကြီးကြပ်မှု အပိုင်းမှာ အားနည်းမှု ဖြစ်သွားတယ်။ ဒါကို အခွင့်ကောင်း ယူပြီး သတ်မှတ် ထားတဲ့ ၆ လက်မခင်းရမယ့် ကွန် ကရစ်ထုကို ၅ လက်မ၊ ၄ လက်မ စသဖြင့် ခင်းသွားတယ်၊ ကျနော် ကိုယ်တိုင် သွားရောက် စစ်ဆေး တော့ တကယ်ပဲ ပေတွေ လျော့ပြီး ခင်းထားတာ တွေ့ရတယ်။ ဒါကြောင့် ဘက်ဟိုးနဲ့ ချက်ချင်း ပြန်တူး ပစ်လိုက်တယ်။ ကန်ထရိုက် ကိုလည်း သတ်မှတ် ထားတဲ့ ထုထည်အတိုင်း ပြန်ခင်းဖို့ ညွှန်ကြား ခဲ့ပါတယ်” လို့ မြိတ်မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့ပါတယ်။

ရွှေပြည်တန် လမ်းမကြီးကို အရှည်ပေ ၂၇၀၀ ၊ အနံ ၂၄ ( စည်ပင် ၁၂ ပေ + ပြည်သူ ၁၂ ပေ ) ထုထည် ၆ လက်မခင်းဖို့ စီစဉ်ထားသလို အစိုးရနဲ့ ပြည်သူ ပူးပေါင်း ဆောင်ရွက်နေတဲ့ လမ်းမကြီးတခု ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အနေထားအရ ပေ ၁၀၀၀ အထိ ခင်းထားပြီး ဖြစ်ကာ စံနှုန်းမညီတဲ့ ကွန်ကရစ် လမ်းမှာ ပေ ၁၈၀ အထိ တွေ့ရှိရလို့ စံနှုန်းမမီတဲ့ နေရာများကို ပြန်လည်း တူးဖော်နေကြာင်း သိရပါတယ်။

“စည်ပင်သာယာရေး ကော်မတီရဲ့ ဆောင်ရွက်ချက်ကို လေးစားပါတယ်။ ဒီလို ပြတ်ပြတ် သားသားလုပ်မှ နောက်ပိုင်း ကန်ထရိုက်တွေလည်း နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အလွဲသုံးစား မလုပ်ရဲတော့မှာ၊ အခု ရပ်ကွက်သားတွေ ကတော့ ဒီလို ဆောင်ရွက်ပေးတဲ့ အတွက် ကျေနပ် အားရ သွားကြတယ်၊ လမ်း ကော်မတီတွေ အနေနဲ့လည်း သေချာ စောင့်ကြည့် သွားမယ်လို့ ပြောနေပါတယ်” လို့ ရွှေပြည်တန် လမ်းတွင် နေထိုင်သူ တဦးက ပြောပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ပြည်သူနဲ့ အစိုးရ ပူးပေါင်းပြီး လမ်း အများအပြားကို ကွန်ကရစ် ခင်းတာတွေ ဆောင်ရွက် နေကြောင်း သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

DVB

ညအိပ်ခွန်မထုတ်ပေးနိုင်သည့်ကားများကို အခွန်ကောက်ကာ ယာယီဖြေရှင်းသင့်ဟု အဆိုတင်

ညအိပ်ခွန်မထုတ်ပေးနိုင်သည့်ကားများကို အခွန်ကောက်ကာ ယာယီဖြေရှင်းသင့်ဟု အဆိုတင်

ရန်ကုန်မြို့တွင်းရှိ တရားဝင် ညအိပ်ခွန်မပေးနိုင်သည့်ကားများအား အခွန်ကောက်ခြင်းဖြင့် ယာယီဖြေရှင်းပေးရန်အဆိုကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တွင်  ယနေ့ တင်သွင်းခဲ့သည်။

ပုဇွန်တောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကားတင်သွင်းမှုအား ကားပါကင်ရှိမှတင်သွင်းခွင့်ပေးထားခြင်းနှင့် ရန်ကုန်လိုင်စင်မပေးထားသည့်ကားများမှာ ညအိပ်ခွန်မရသဖြင့် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်ကဒါတွေကိုပြန်ပြင်ဖို့မလွယ်ဘူးဆိုတာသိတယ်။ ယာယီအားဖြင့်မူဝါဒတွေပြန်မပြင်နိုင်ခင် တရားဝင်ညအိပ်ခွင့်မရတဲ့ကားတွေကို နိုင်ငံတော်ကနေမူဝါဒတစ်ခုသတ်မှတ်ပြီးတော့ အခွန်ကောက်မလားယာယီပေါ့နော် စဉ်းစားကြည့်တာ။ ဒါပေမယ့်ခက်တာကမြို့တော်ဝန်ကဆုံးဖြတ်ပေးလို့မရသေးတာပဲ"ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကပြောသည်။

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ထိုကိစ္စ၌ မှားယွင်းနေသည့်မူဝါဒများရှိနေသည်ဟုဆိုသည်။

ထို့ကြောင့် Workshop(ဆွေးနွေးပွဲ)များပြုလုပ်ကာ စဉ်းစားမည်ဟု  ဖြေကြားခဲ့ကြောင်း ဦးတင့်လွင်က ပြောပြသည်။

ရန်ကုန်မြို့တွင်းရှိမော်တော်ကားများမှာ မူလလျောက်ထားသည့် ကားရပ်မည်ဆိုသောနေရာတွင် သာရပ်ရမည်ဖြစ်သည်။

မရပ်ပါကဖမ်းရမည်ဟူသော မူဝါဒများတည်ရှိနေဆဲဖြစ်၍ မြို့တော်ဝန်ဘက်မှ လုပ်ကိုင်ပေး၍မရခြင်းဖြစ်နိုင်သည်ဟု ထင်ကြောင်း ဦးတင့်လွင် က ဆက်ပြောသည်။

"နယ်လိုင်စင်ဆိုရင်တော့ပြဿနာရှိတာပေါ့ကွာ။ ဆိုလိုတာကဥပဒေစည်းမျဉ်းအရဆိုရင်တော့ ကားက နောက်ပိုင်းမှာ ပါကင်နဲသွင်းရတယ်။  ပါကင်ပြရတယ်ကွ" မင်္ဂလာဒုံမြို့နယ်မှ ကားရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။

ညအိပ်ခွန်မပါရှိသည့်ကားများကိုအရေးယူရာတွင် ပထမဦးဆုံးအနေဖြင့် စာကပ်ပြီး မြို့နယ်စည်ပင်ကိုသွားရောက် ဒဏ်ငွေဆောင်ရသည်။

၎င်းနောက်ထပ်မံတွေ့ရှိပါက ဒဏ်ငွေနှစ်ဆမှစတင်ကာ လူကိုအရေးနိုင်သည်အထိ ဥပဒေသတ်မှတ်ထားသည်။

ရန်ကုန်မြို့တွင်းယာဉ်ကြောကြပ်တည်းမှုပြသနာများကိုဖြေရှင်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်လိုင်စင်ချထားပေးမှုကိုပိတ်သိမ်းထားသည်။

ထို့အပြင် ကားရပ်နားခွင့်ထောက်ခံချက်မပါရှိလျင် ညအိပ်ခွန်ပေးဆောင်ခွင့်ကိုပါ ပိတ်ပင်ထားခြင်းဖြစ်သည်။


Mizzima

YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ် စတင်တပ်ဆင်

YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ် စတင်တပ်ဆင်

YUPT ကုမ္ပဏီပိုင် YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ်ကို စတင်တပ်ဆင်နေပြီဖြစ်ကြောင်း YUPT ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ထိုသို့ ဘတ်စ်ကားစီးရေ ၁၅ဝတွင် အလိုအလျောက်ကား မှတ်တိုင်ကြေညာပေးသည့်စနစ်များ တပ်ဆင်နိုင် ရန်အတွက် နည်းပညာဆိုင်ရာပစ္စည်းများ  စက်တင်ဘာလ ၂၈ ရက်နေ့တွင်   ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အလိုအလျောက် မှတ်တိုင်ကြေညာပေးသည့်စနစ်ကို LED စာတမ်းအပါအဝင် အသံစနစ်များထည့်သွင်းကာ GPS ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး  ဘတ်စ်ကားအတွင်း ယာဉ်မောင်းနောက်ကျောတွင် ၂၂ လက်မ တီဗွီတစ်လုံးနှင့် ခရီးသည်အဆင်းတံခါးပေါက်အနီးတွင် တစ်လုံးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ဆင်ထားသော အလိုအလျောက်မှတ်တိုင်များ ကြေညာပေးသည့်စနစ်တွင် ရောက်ရှိမည့် ကား မှတ်တိုင်အမည်အား ကြိုတင် ကြေညာပေးမည်ဖြစ်သည်။ ထို့အပြင် တံခါးအဖွင့်၊ အပိတ်ကြေညာသံများကိုလည်း ထည့်သွင်း ထားသည်။

 “ ပစ္စည်းတွေက အစီး ၁၅ဝ စာရောက်ပြီ။ လောလောဆယ်မှာ ၇ လိုင်းမှာ ဘတ်စ်ကား ၅ စီးကို စမ်းသပ်ပြေးဆွဲ ထားပြီးပါပြီ။ စမ်းသပ်ပြေးဆွဲထားတော့ ကျွန်တော်တို့က ကားမှတ်တိုင်တွေကို GPS နဲ့ပေါ့ လတ္တီကျူ၊ လောင်တီကျူနဲ့ချိန်ပြီးတော့ မှတ်တိုင်ရောက်တဲ့နေရာ မရောက်ခင်မှာ မှတ်တိုင်ကြေညာတဲ့ မိန်းကလေး အသံထွက်လာမယ်။ နောက်ပြီး တီဗွီမျက်နှာပြင်မှာလည်း LED စာတမ်းတွေပေါ်လာမယ်။ အခု ပစ္စည်းတွေလည်း ရောက် နေပြီ ဆိုတော့တပ်ဆင်ဖို့ စီစဉ် ဆောင်ရွက်နေပြီ။ ဆော့ဝဲလ်တွေက ထည့်ထားပြီးသား။ တပ်ရင်းနဲ့ အားလုံးချိတ်ဆက် သွားမှာပေါ့”ဟု ဦးမောင်မောင်လွင်က ပြောသည်။

ထိုသို့ အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ်များတပ်ဆင်ရာတွင် Wifi စနစ်များ တပ်ဆင်ထား သည့် သင်္ကန်းကျွန်းကားကြီးဂိတ်မှ ဆူးလေထိ ပြေးဆွဲသော ဝါစိမ်းနီ ၇၊ ဒဂုံတက္ကသိုလ်မှ ဒညင်းကုန်းထိ ပြေးဆွဲ နေသော ဝါစိမ်းနီ ၁၅ ယာဉ်၊ ဒဂုံမြောက်ပိုင်းမှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၂၄၊ ဒဂုံတက္က သိုလ်မှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော YBS ၂၆ နှင့် ရွှေပေါက္ကံမှ ဆူးလေအထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၃၆ ယာဉ်လိုင်းတို့တွင် အဓိက တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima

မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှု ပိုမြင့်မားလာတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးပြော

မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှု ပိုမြင့်မားလာတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးပြေ


မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေက အရင်ကထက် မြင့်တက်လာတယ်လို့ သုံးသပ်ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက နေပြည်တော်၊ Park Royal Hotel မှာ ကျင်းပတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ကုသရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်စိုးက အခုလိုထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေး ပြဿနာအဖြစ်ခံယူပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နည်းလမ်းတွေနဲ့ ကာကွယ် တိုက်ဖျက်ခဲ့ပေမယ့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေက တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်းတွေ မြင့်တက်လျက်ရှိပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ဖမ်းဆီးရမိမှု မြင့်တက်လာတာကြောင့် ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမြင့်တက်လာတယ်လို့ သုံးသပ်ရကြောင်း ဒုဝန်ကြီးက ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို မူးယစ်ဗဟိုအဖွဲ့နဲ့ မူးယစ်ဗဟိုအောက်က လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့က ကိုယ်စားလှယ်တွေ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Ladies News

Duwun

မူးယစ်ဆေးဝါး သုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပေးမယ့် မူဝါဒသစ်၂၀၁၇ နှစ်ကုန်မှာ ပြဌာန်းမယ်

မူးယစ်ဆေးဝါး သုံးစွဲသူကို လူမှုရေးပြစ်ဒဏ်ပေးမယ့် မူဝါဒသစ်၂၀၁၇ နှစ်ကုန်မှာ ပြဌာန်းမယ်

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒအသစ်ကို ၂၀၁၇ ခုနှစ် နှစ်ကုန် (သို့မဟုတ်) ၂၀၁၈ ခုနှစ် နှစ်စမှာ ပြဋ္ဌာန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှီမ်နင်းရေးတပ်ဖွဲ့ စီမံကိန်းဌာန (ဌာနမှူး)၊ မူဝါဒအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

“ လူငယ်တွေ မူးယစ်ဆေး ၀ါးသုံးစွဲမှုအပေါ်မှာ ဘယ်လိုအရေးယူမယ်ဆိုတဲ့ အပိုင်းရယ်၊ နောက်ပြီး အသေးစားပြစ်မှုတွေအပေါ် ဘယ်လိုအရေးယူ ဆောင်ရွက်သွားမလဲဆိုတဲ့ အပိုင်းတွေ ပါဝင်ပါတယ်။ နောက်တခုက အကြီးစားပေါ့။ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ဖြစ်စဉ်တွေပေါ့။ အကြီးစားဖမ်းဆီးရမိမှုတွေ၊ အကြီးမား သယ်ဆောင်ရောင်းဝယ်မှုတွေ ပါဝင်တာပေါ့။ ဒါတွေကို ဘယ်လိုထိန်းချုပ် တားဆီးသွားမလဲဆိုတဲ့ ကိစ္စမူဝါဒထဲမှာ ပါဝင်ပါတယ်”လို့  ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးဆွဲရေးကော်မတီမှာ ၀န်ကြီးဌာန ၁၇ ခုပါဝင်ပြီး မူဝါဒအသစ်ကို ၂ နှစ်စာအက်ရှင် ပလန်တခုရေးဆွဲပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်မချမှတ်တော့ဘဲ လူမှုရေးပြစ်ဒဏ်ပဲချမှတ်တော့ မယ်လို့ သိရပါတယ်။

“မကြာမီမူးယစ်ဆေးဝါး ဥပဒေပြင်တော့မယ်။ မူးယစ်ဆေးဝါးသုံးစွဲသူကို ပြစ်ဒဏ်မပေးတော့ဘူး။ သူတို့ကို လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းထဲကို ပြန်ခေါ်မယ်။ ဒါကိုဘယ်သူတွေ လက်ခံပေးမလဲ။ လူထုက လက်ခံပေးရမယ်။ အဲဒီအခါမှာ လူထုရဲ့ပူးပေါင်းပါဝင်မှုက သူတိုရဲ့ဘ၀ရှင်သန်ရေးကို အများကြီးအထောက်အကူဖြစ်စေ မှာဖြစ်ပါတယ်”လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

Source & Photo : New Watch,Frontier

Duwun

လျှပ်စစ် ဖြန့်ဖြူးရေး အတွက် ထရန်စဖော်မာ အလုံး ၅,ဝဝဝ ကျော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဝယ်ယူ

လျှပ်စစ် ဖြန့်ဖြူးရေး အတွက် ထရန်စဖော်မာ အလုံး ၅,ဝဝဝ ကျော်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဝယ်ယူ

လျှပ်စစ် ဖြန့်ဖြူးရေး တိုးချဲ့ လုပ်ဆောင်ရန် အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းနှင့် ညီမျှသည့် ဖြန့်ချီရေး ထရန်စဖော်မာ (Distribution Transformer) အလုံး ၅,ဝဝဝ ကျော်ကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက နိုင်ငံခြား ဖက်စပ် ကုမ္ပဏီ တစ်ခုထံမှ မှာယူထားကြောင်း အဆိုပါ ကုမ္ပဏီက တရားဝင် ထုတ်ပြန်လိုက်သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အတွက် ဖြန့်ချီရေး ထရန်စဖော်မာ အလုံးရေ ပေါင်း ၅,၄ဝဝ ခန့်ကို ပေးပို့ရန် ပြည်တွင်း၊ ပြည်ပ ပူးပေါင်း ရင်းနှီးမြှုပ်နှံ ထားသည့် Hitachi Spe Electric & Machinery Co,Ltd  က အမှာစာကို လက်ခံ ရရှိခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်တွင် ကုမ္ပဏီဘက်မှ ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး အတွက် ရည်ရှည် စီမံကိန်းများ အတွက် တစ်နှစ်ပြီး တစ်နှစ် တဆင့်ခြင်း အကောင် အထည်ဖော် လုပ်ဆောင်နေသည့် ထဲတွင် လျှပ်စစ် ဖြန့်ဖြူးရေး တိုးချဲ့ လုပ်ငန်းစဉ်များ အတွက် ထရန်စဖော်မာ တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းစဉ်များ ပါဝင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ လက်ထောက် အတွင်းဝန်၊ ဦးအောင်ကျော်ထူးက မြန်မာတိုင်းမ်ကို ပြောသည်။

''ကျွန်တော်တို့ ကမ္ဘာ့ဘဏ် ကနေ ပိုက်ဆံ ချေးတာ ရှိတယ်။
Transmission Line  များအတွက် လုပ်ရတာ ရှိတယ်။
ဂက်(စ်) တာဘာတိုင်တွေ ပြန်လည် ပြုပြင် မွန်းမံတာ လုပ်ရတာ ရှိတယ်။ လိုအပ်တဲ့ ဆက်စပ် ပစ္စည်း ကိရိယာ၊ ထရန်စဖော်မာတွေ၊ ဘာတွေ ဝယ်ရတာ ရှိတယ်။ အဲဒါတွေက သူ့ Action Plun  နဲ့ သူသွားနေတာ။ အဲဒါတွေက ပုံမှန် စီမံကိန်း အနေနဲ့ သွားနေတာ'' ဟု ၄င်းက ပြောသည်။

NEP  အကောင်အထည် ဖော်ရန်အတွက် ပထမဆုံး အကြိမ် ပုံမှန် လေလံ ခေါ်ယူခဲ့ပြီး ဟီတာချီစိုး လျှပ်စစ် ကုမ္ပဏီက အမှာစာ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ကုမ္ပဏီက Distribution Transformer များကို စတင် ပေးပို့မည် ဖြစ်သည်။ ယင်း အစီအစဉ်သည် ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ၅ဝ ရာခိုင်နှုန်းခန့် အထိ လျှပ်စစ်စွမ်းအား တိုးမြှင့် ပေးဝေနိုင်စေမည့် အစီအစဉ်ကို ပြည့်မီစေရန် အကူအညီ ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

မြန်မာတိုင်း(မ်)
Photo  - Facebook

ထရမ့်၏ ခေါင်းဆောင်အပေါ် ထိုးနှက်မှုများကြောင့် တစ်ပတ်အတွင်း စစ်ထဲဝင်ရန် စာရင်းပေးသူ ငါးသန်းနီးပါး ရှိဟု မြောက်ကိုရီးယား ပြော

ထရမ့်၏ ခေါင်းဆောင်အပေါ် ထိုးနှက်မှုများကြောင့် တစ်ပတ်အတွင်း စစ်ထဲဝင်ရန် စာရင်းပေးသူ ငါးသန်းနီးပါး ရှိဟု မြောက်ကိုရီးယားြြေြေေ
ပာ

ပြီးခဲ့သည့် သီတင်းပတ်က စပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုစကားများကို   မြောက်ကိုရီးယား ခေါင်းဆောင်က   ပြန်လှန်ထိုးနှက်   နေခဲ့ရချိန်ကနောက်ပိုင်း စစ်တပ်ထဲ ဝင်ရောက် စာရင်းပေးလာကြသည့် မြောက်ကိုရီးယားပြည်သူပေါင်းက တစ်ပတ်အတွင်း ၄ ဒဿမ ၇ သန်းခန့် ရှိကြောင်း Rodong သတင်းစာက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

ထိုသို့ မြောက်ကိုရီးယား ပြည်သူ့စစ်တပ်သို့ ဝင်ရောက်ရန် စာရင်းပေးကြရာတွင် အမျိုးသမီးဦးရေက ၁ ဒဿမ ၂၂ သန်းရှိပြီး ကျောင်းသားနှင့် အလုပ်သမားများလည်း အပါအဝင်ဖြစ်ကြောင်း အစိုးရအာဘော်သတင်းစာက ရေးသည်။

မြောက်ကိုရီးယားကို လုံးဝချေမှုန်းဖျက်ဆီးပစ်မည်ဟု ကုလသမဂ္ဂတွင် ပြောခဲ့သည့် ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို ဝေဖန်တုံ့ပြန်သည့် ထုတ်ပြန်ချက်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ထုတ်ပြန်လိုက်သည်။

ထရမ့်သည် သူငယ်နာပြန်နေသူဟု ကင်ဂျုံးအွန်က ပြောဆိုထားကာ အမေရိကန်သမ္မတ စော်ကားမော်ကား လုပ်သည်ဟု မှတ်ယူစရာဖြစ်သည်နှင့် အမြင့်ဆုံးအဆင့် တုံ့ပြန်သွားတော့မည်ဖြစ်ကြောင်း   ပြောထားသည်။

မြောက်ကိုရီးယား မီဒီယာများသည် တင်းမာမှုများ မြင့်တက်သည့် ကာလများ၌ ၄င်းတို့၏ ပြည်သူများ စစ်ထဲဝင်ရန် စာရင်းပေးသည့် သတင်းများကို ပုံမှန်ဖော်ပြလေ့ရှိသည်။

မြောက်ကိုရီးယား၏ ဇူလိုင်လအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ချိန် သြဂုတ်လအတွင်းကလည်း ထိုသို့ စစ်ထဲဝင်ရန် စာရင်းပေးသည့် သတင်းများကို နောက်ဆုံးဖော်ပြထားဖူးသည်။

ကင်ဂျုံးအွန်က စက်တင်ဘာ ၃ ရက် နျူကလီးယား စမ်းသပ်မှုအပါအဝင် လက်နက်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့ရာ ဝါရှင်တန်နှင့် ပြုံယမ်းကြား အပြန်အလှန် စကားလုံးစစ်ပွဲများ သီတင်းပတ်ကြာ ဖြစ်ပွားနေရာ ကိုရီးယားကျွန်းဆွယ်အရေးက တင်းမာမှုအရှိန် မြင့်သထက် မြင့်တက်နေသည်။

သမ္မတ ထရမ့်က ဝါရှင်တန်အနေဖြင့် မရွေးချယ်ချင်သည့် လမ်းကြောင်းဖြစ်သော်လည်း အမေရိကန်စစ်ရေးအရေးမှုက မြောက်ကိုရီးယားအတွက် ယူကျုံးမရ ဖြစ်သွားနိုင်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ပြောထားသည်။

Mizzima

ရခိုင်မှာ အစိုးရရဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ၀င်ရောက်ခွင့် ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ရခိုင်မှာ အစိုးရရဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ၀င်ရောက်ခွင့် ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ (ရိုဟင်ဂျာ) မွတ်ဆလင်တွေ ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခခံစားမှု ဖြစ်စဉ်တွေ နဲ့ပတ်သက်လို့ များစွာ စိတ်မကောင်းဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ယင်းဒေသမှာ မြန်မာအစိုးရရဲ့ စစ်ဆင်ရေးရှင်းလင်း ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ ၀င်ရောက်ခွင့် ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

" အခြေအနေက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကို ရောက်ရှိနေပါတယ်၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ   ကြောက်မက်ဖွယ်အတွေ့အကြုံတစ်ခုပါ" ဆိုပြီး ဂူတာရက်စ်က ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားပါတယ်။

ဘင်္ဂလီ ဒုက္ခသည် ငါးသိန်းကျော်လောက်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အလုံးအရင်းနဲ့ ထွက်ပြေးရောက်ရှိထားတယ်လို့ ဂူတာရက်စ် က ပြောပါတယ်။  ပြီးခဲ့တဲ့လက ဘင်္ဂလီစစ်သွေးကြွတွေက လုံခြုံရေးရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း မြန်မာစစ်တပ်က ရှင်းလင်းဆောင်ရွက်ခဲ့ရပြီး ယင်းနောက်ပိုင်း ယခုလို အလုံးအရင်းနဲ့ ထွက်ပြေးမှုတွေ ဖြစ်ရတာဆိုပြီးတော့လည်း ၎င်းက ပြောပါတယ်။

ခုချိန်မှာ နေရပ်တွေကို စွန့်ခွာထွက်ပြေးသွားသူ ဦးရေ အတိအကျကို မသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ၎င်းတို့ထဲက ၉၄ ရာခိုင်နှုန်းလောက်ဟာ ဘင်္ဂလီ တွေဖြစ်ကြတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေဟာဆိုရင် ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က ARSA အဖွဲ့က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း တစ်ဖြည်းဖြည်း ပိုဆိုးလာခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ယင်းတိုက်ခိုက်မှုတွေအပေါ်လည်း ပြစ်တင်ရှုတ်ချကြောင်း ယခု မိန့်ခွန်းပြောကြားမှုမှာ ဂူတာရက်စ်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် လက်လွတ်စပယ် လက်နက်သုံး ပစ်ခတ်မှု၊ အရပ်သားတွေကို ထိခိုက်စေနိုင်တဲ့ မြေမြှုပ်မိုင်းတွေ အသုံးပြုမှု၊ လွန်လွန်ကဲကဲ အကြမ်းဖက်မှု၊ လူသားအခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုတို့နဲ့ ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့ထားရတယ်ဆိုတဲ့ အထောက်အထားသတင်းတွေ ကုလသမဂ္ဂဘက်က လက်ခံရရှိထားကြောင်း  ဂူတာရက်စ်က ပြောပါတယ်။

"ဒါဟာ လက်သင့်ခံနိုင်စရာမရှိသလို ချက်ချင်း ရပ်တန့်ရမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ကုလအစည်းအဝေး မိန့်ခွန်းပြောကြားမှုမှာ မြန်မာအာဏာပိုင်တွေကို အချက်သုံးချက် ချက်ချင်းလုပ်ဆောင်ပေးဖို့ တောင်းဆိုပါကြောင်း ဂူတာရက်စ်က ပြောပါတယ်။ ယင်းသုံးချက်ကတော့ စစ်ဆင်ရေးဆောင်ရွက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းထောက်ပံ့ကူညီမှုအတွက် အတားအဆီးမရှိ လွတ်လပ်စွာ ၀င်ထွက်ခွင့်ပြုဖို့၊ ဒုက္ခသည်တွေကိုလည်း သူတို့တွေရဲ့ မူလ နေရာတွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားနိုင်အောင် လုပ်ဆောင်ပေးဖို့ တို့ ဖြစ်ပါတယ်။

" တကယ့် မြေပြင်မှာ ဖြစ်နေတဲ့ ပကတိအခြေအနေအရ ဆိုရင် လူတွေကို ကာကွယ်ပေးဖို့၊ သူတို့ခံစားနေရတဲ့ ဒုက္ခတွေကို ပြေငြိမ်းသက်သာသွားစေဖို့၊ နောက်ထပ် မတည်ငြိမ်မှုတွေ ထပ်မဖြစ်မလာစေဖို့၊ အခြေအနေရဲ့ တကယ့်ဇစ်မြစ်ပြဿနာကို ရှာဖွေကိုင်တွယ်ဖို့၊ ခိုင်မာတဲ့ ဖြေရှင်းချက်နည်းလမ်း ရှာဖွေဖို့ အားချင်း လုပ်ဆောင်သွားဖို့ တောင်းဆိုပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်သွားစေနိုင်သလို မွတ်ဆလင် ၂၅၀,၀၀၀ လောက် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးသွားရနိုင်သေးကြောင်း ၎င်းက မှတ်ချက်ပြုပြောသွားပါသေးတယ်။

ယခု အခြေအနေတွေမှာ အာဏာပိုင်တွေရဲ့ အင်အားအသုံးပြုမှုနဲ့ပတ်သက်လို့  ပြောကြားရာမှာတော့ နိုင်ငံတကာဥပဒေတွေအောက်မှာ မြန်မာအစိုးရလက်ခံထားပြီးဖြစ်တဲ့ လူ့အခွင့်အရေး ကတိက၀တ်တွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တည်ရှိပြီးဖြစ်တဲ့ လူ့အခွင့်အရေး စံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ဂူတာရက်စ် က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်နောက်ပိုင်း ရခိုင်မှာ အစိုးရရဲ့ လုံခြုံရေးရှင်းလင်းဆောင်ရွက်ချက်တွေ ရပ်ဆိုင်းထားတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောထားတယ်ဆိုပေမယ့် နေရပ်စွန့်ခွာထွက်ပြေးမှုတွေကတော့ ဆက်ဖြစ်နေသေးကြောင်း၊ မွတ်ဆလင်ကျေးရွာတွေမှာ မီးလောင်မှုသတင်းတွေ၊ လုယက်မှုနဲ့ ခြိမ်းခြောက်မှု လုပ်ရပ်သတင်းတွေ ဆက်ကြားနေရသေးကြောင်း ၎င်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့အကြားလည်း ပိုမိုပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားသွားသလို မြန်မာဘက်က အဆင့်မြင့်တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်ဆီ သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့လည်း ကြိုဆိုပါကြောင်း ၎င်းက ပြောပါတယ်။

အခြေအနေတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

အလားတူ လက်ရှိအချိန်မှာ လူမျိုးရေးအမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် သွေးထိုးလှုံ့ဆောင်နေမှုတွေကိုလည်း ပြစ်တင်သွားပြီး လူ့အသိုင်းအ၀ိုင်းတွေအကြား တင်းမာမှုတွေကို လျော့ပါးပြေပျောက်စေဖို့ လုပ်ဆောင်ပေးကြဖို့ကိုလည်း မြန်မာခေါင်းဆောင်တွေ ကို  တောင်းဆိုကြောင်း ၎င်းက ပြောသွားပါသေးတယ်။

ဒါ့အပြင် ယခုအစည်းအဝေးမှာ မြန်မာရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဦးသောင်းထွန်း ပူးပေါင်းပါဝင်တက်ရောက်လာတာကိုလည်း ကြိုဆိုပါကြောင်း ၎င်းက ပြောသွားပါသေးတယ်။

လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ သမ္မတရုံးကတော့ တစုံတရာပြောဆိုထုပ်ပြန်တာမျိုးမရှိသေးပါဘူး။

Mizzima

Thursday, September 28, 2017

နည်းပြ အန်စလော့တီကို ဘိုင်ယန်မြူးနစ် ထုတ်ပယ်

နည်းပြ အန်စလော့တီကို ဘိုင်ယန်မြူးနစ် ထုတ်ပယ်


ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ အန်စလော့တီကို ထုတ်ပယ်လိုက်ပါတယ်။

အသင်းဘုတ်အဖွဲ့က ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးတဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်အပြီးမှာ ထုတ်ပယ်လိုက်တာပါ။

အသက် ၅၈ နှစ်အရွယ် အီတလီသားနည်းပြ အန်စလော့တီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့ရာသီက ဘွန်ဒတ်စ်လီဂါမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်အောင် ပို့ဆောင်ထားပါတယ်။

လောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို လက်ထောက်နည်းပြက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

DVB

ရခိုင်ဒေသ ပြဿနာကို အမေရိကန် အပြင်းအထန်ဝေဖန်

 လုံခြုံရေးကောင်စီ အစည်းအဝေး
ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် ဒုက္ခသည် သိန်းချီ ထွက်ပြေးတဲ့အပေါ် လူ့အခွင့်အရေး ချိုးဖေါက်တာကို ဖေါ်ထုတ်အရေးယူဖို့နဲ့ စစ်တပ်က လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haleyက လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီပြဿနာကို တာဝန်ယူ ဖြေရှင်းမှု မလုပ်မချင်း မြန်မာနိုင်ငံကို လက်နက်ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့မှု ရပ်ဆိုင်းထားဖို့ အမေရိကန် သံအမတ်ကြီးက တိုက်တွန်းသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ ဒုက္ခသည် အရေးပေါ် အခြေအနေနဲ့ လူ့အခွင့်အရေး ပြဿနာဆိုးကြီး တခုအဖြစ်ကို တမဟုတ်ချင်း ပြောင်းသွားခဲ့တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရခိုင်ဒေသမှာ စစ်တပ်ရဲ့ စစ်ဆင်မှုတွေ အဆုံးသတ်ပေးဖို့ မြန်မာ အစိုးရကို မစ္စတာ ဂူတာရက်စ်က တိုက်တွန်းလိုက်ပါတယ်။

အဲဒီမှာ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ အမြန်ဆုံး ပေးပို့ခွင့် ပြုဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ လူမျိုးတုံး သတ်ဖြတ်တာမျိုး မဖြစ်အောင် အစွမ်းကုန် ကာကွယ်နေတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ကပြောကြားပြီး စွပ်စွဲချက်တွေကိုပယ်ချခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လက်ထောက် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ အစိုးရက ဖိတ်ကြားကြောင်း ဦးသောင်းထွန်းက လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရိုဟင်ဂျာအရေး ဘီဘီစီ လေ့လာစုံစမ်းချက် ထွက်

ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေ
ရိုဟင်ဂျာ အရေး အပေါ် ကုလသမဂ္ဂက ဘယ်လို ကိုင်တွယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ လေ့လာစုံစမ်းချက်အရ အကြီးအကျယ် မေးခွန်းထုတ်စရာတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပေါက်ကြား ပေါ်ထွက်လာတဲ့ အထောက်အထား စာရွက် စာတမ်းတွေနဲ့ ဆက်သွယ် မေးမြန်းချက်တွေအရ လတ်တလော ပဋိပက္ခတွေ မပေါ်ပေါက်ခင် နှစ်ပိုင်းတွေအတွင်း ရိုဟင်ဂျာ ပြဿနာကို ထောက်ပြ မေးမြန်းတဲ့ ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းက တားမြစ်ဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ဖော် သိရပါတယ်။

လူ့အခွင့်အရေး ကာကွယ် လှုပ်ရှားသူတွေကို အတိမ်းအစောင်း မခံတဲ့ နေရာတွေဆီ မသွားကြဖို့ကို ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်တွေက အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲက ကြေညာချက်ထုတ် ငြင်းဆိုလိုက်ပြီး လူ့အခွင့်အရေးကိစ္စရပ်ဟာ အမြဲပဲ ဦးစားပေး ကိစ္စရပ် ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

WE STAND WITH YOU DAW AUNG SAN SUU KYI

ပုသိမ်မြို့ · 
ဒီစုရပ်မှာရှိနေမယ်
၈-၁၀-၂၀၁၇ပုသိမ်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲ။
ဘန့်ဘွေးကုန်း(ကမ်မစန်)စုရပ် ပူးပေါင်းချီတက်မညိ့အဖွဲ့များ
၁.ပညာပါရမီ အခမဲ့ပညာဒါနကျောင်း
၂.ဖြူစင်မေတ္တာ လူမူကူညီရေးအသင်း
၃.မေတ္တာရှင်လူမူကူညီရေးအသင်
၎-ဓမ္မလုလင် တရားအလှုတော်အဖွဲ့
၅-အမှတ်၆ရပ်ကွက်ပြည်သူများ
၆-အမှတ်၆ရပ်ကွက်NLDပါတီဝင်များ
၇.အမှတ်၇ရပိကွက် ပြည်သူများ
၈.အမှတ်၇ရပိကွကိNLDပါတီဝင်များ
ပါဝင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်
Aung Aung Pathein






"ကျွန်ုပ်တို့ ပြတ်ပြတ်သားသားဘက်လိုက်မည်။"
WE STAND WITH DAW AUNG SAN SUU KYI
........................................................................................
ယနေ့ မြန်မာနိုင်ငံ၏ အနေအထားသည့်
ဒီမိုကရေစီနိုင်ငံတော်သို့အသွင်ကူးပြောင်းစ
တိုင်းပြည်က နုနု ၊မုန်တိုင်းကထန်ထန် ဆိုသည့်ခက်ခဲလှသည့်အချိန်ကာလပင်ဖြစ်သည်။
မုန်တိုင်းကြားထဲတွင်ကျွန်ုပ်တို့ ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က 
သူမ၏ဥာဏ်ပညာ၊မေတ္တာ၊ဆင်ခြင်တုံတရားတို့ဖြင့် ဒီမိုကရေစီပန်းတိုင်သို့ 
အကောင်းဆုံး ပဲ့ကိုင်သွားနေသည်မှာအားလုံးမျက်မြင်ပင်ဖြစ်ပေသည်။
မီဒီယာမျက်နှာဖုံးစွပ်အောက်မှ ခပ်ပါးပါးတမျိုး၊သိသိသာတစ်ဖုံ လူထုခေါင်းဆောင်ကို 
ရည်ရွယ်ချက်ရှိရှိဖြင့်ဝိုင်းဝန်းထိုးနှက်ကြသည့် မီဒီယာကို မီဒီယာဖြင့်တုန့်ပြန်ရန်မှ တစ်ပါး
အခြားမရှိပေ။ မြန်မာ့မီဒီယာများ ကမ္ဘာအဆင့်သို့ တက်လှမ်းရပ်တည်နိုင်ကြပါစေ။
CITIZEN JOURNALIST(TIME AYEYAR)
ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ပုသိမ်တွင်စစ်ကြောင်းငါးကြောင်းဖြင့်ချီတက်မည်။
ပုသိမ်မြို့ကမ်းနားလမ်းရှုခင်းသာရင်ပြင်တွင်ပြုလုပ်မည်။
စုရပ်ငါးခုမှ ပြည်သူများစစ်ကြောင်းပုံစံဖြင့်ချီတက်ကြမည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မှတ်ပုံတင်မှု ပြုလုပ်ရာ၌ လူမျိုးအစုနှင့် ပတ်သက်၍ သတ်မှတ်ရေးက အဟန့်အတား ဖြစ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မှတ်ပုံတင်မှု ပြုလုပ်ရာ၌ လူမျိုးအစုနှင့် ပတ်သက်၍ သတ်မှတ်ရေးက အဟန့်အတား ဖြစ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသည့် တစ်သန်း၏ ထက်ဝက်မျှရှိသော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအနက် လူပေါင်းများစွာတို့က မှတ်ပုံတင်ပေးခြင်းကို ငြင်းဆန်နေကြောင်း သိရသည်။ အခါအားလျော်စွာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် အဓိကအချက်ဖြစ်သော အဓိကလုပ်ငန်းစဉ်တစ်ရပ် နှေးကွေးနေရခြင်းမှာ ၎င်းတို့၏ မျိုးနွယ်စု အမည်ကို အထောက်အထား မှတ်ပုံတင်မှု၌ ထည့်သွင်းခြင်း မရှိမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်က လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်အတွင်း ရောက်ရှိလာသည့် လူပေါင်း ၄၈၀,၀၀၀ ခန့်ကို မှတ်ပုံတင်မှု စတင်ပြုလုပ်ပေးနေပြီ ဖြစ်သော်လည်း ယခုအထိ ယင်းလုပ်ငန်းစဉ်၌ လူပေါင်း ၂၄,၀၀၀ ကိုသာ ပြုလုပ်ပေးနိုင်သေးကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် မှတ်ပုံတင်ဌာနများအတွက် စေ့စပ်ညှိနှိုင်းရေးမှူးများက ဒုက္ခသည်များသည် မြန်မာနိုင်ငံသားဟုသာ ရည်ညွှန်းဖော်ပြသော ပုံစံဖြည့်ရာ၌ ဘာသာစကား အမည်ကို ထည့်သွင်းရန် ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ အချက်အလက်တွေအရ နိုင်ငံသားဆိုတာအပြင် သူတို့ရဲ့ ကတ်တွေမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုပဲ ဖော်ပြဖို့ လိုလားကြပါတယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ကို မြန်မာနိုင်ငံသားလို့ပဲ ဖော်ပြဖို့ပါ” ဟု ဗိုလ်မှူးကာဘာကီဘရီယာက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များကို မှတ်ပုံတင်မှု ပြုလုပ်ပေးခြင်းသည် အခါအားလျော်စွာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် အဓိကအချက် ဖြစ်သည်ဟု ရှုမြင်ကြသည်။ မြန်မာအရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေဖြင့် အတည်ပြုပြီးသား ဒုက္ခသည်များကိုသာ ပြန်လည်လက်ခံမည်ဟု ပြောကြားခဲ့သောကြောင့် ဖြစ်သည်။

အကူအညီပေးရေး အေဂျင်စီများက အထောက်အပံ့ပစ္စည်းများကို မျှတစွာ ဖြန့်ဝေနိုင်ရေး သေချာစေရန် အတွက်လည်း ယင်းလုပ်ငန်းစဉ်က အရေးကြီးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်မှ စတင်၍ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီ မွတ်စလင် အရေအတွက်သည် ၄၈၀,၀၀၀ ခန့် ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ယခင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ၃၀၀,၀၀၀ ထက် မနည်းသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရှိနှင့်ပြီးဖြစ်သည်။ အဆိုပါ ဘင်္ဂါလီမွတ်စလင်များသည် မျိုးဆက်ပေါင်းများစွာ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သော်လည်း တရားမ၀င် ၀င်ရောက်ခဲ့သူများအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီမွတ်စလင် အနည်းငယ်မျှကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး အများစုကို အထောက်အထား မရှိသည့် မြန်မာနိုင်ငံသားဟုသာ ရည်ညွှန်းဖော်ပြသည်။

Eleven Media Group

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သတင်းအမှားအတွက် စိတ်ပျက်မိတယ်ဆိုတဲ့ ခန့်စည်သူ

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သတင်းအမှားအတွက် စိတ်ပျက်မိတယ်ဆိုတဲ့ ခန့်စည်သူ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်ပြီဆိုတဲ့ သတင်းကို မှားယွင်းတင်ပြမှုနဲ့ ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူက နောက်ထပ်မမှားစေချင်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရွေးကောက်ပွဲကျင်းပနေစဉ်ကာလအတွင်း သတင်းမီဒီယာတစ်ခုက ဥက္ကဋ္ဌနာမည်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ သ ရုပ်ဆောင် ခန့်စည်သူက ဥက္ကဋ္ဌ နေ ရာရရှိသွားပြီ ဆိုတဲ့ သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ သည်လို အမှားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ခန့်စည်သူက ပြန် လည် ဖြေရှင်းခဲ့ပါတယ်။

“ဒါတွေကိုလဲ ခဏခဏ ပြော ပြီးပါပြီ၊ ဒီလို သတင်းအမှားဖော်ပြ လိုက်တဲ့အတွက် အဲဒီ မီဒီယာက တာဝန်ယူသင့်တယ်လို့ ထင်ပါ တယ်၊ သတင်းဆိုတာ သေချာမှ ထုတ်ပြောသင့်ပါတယ်၊ အခုလိုမျိုး ထင်ယောင်ထင်မှား ဖြစ်သွားတဲ့ အတွက် ကျွန်တော့် အဖွဲ့အစည်းတစ် ခုလဲ ထိခိုက်နစ်နာရပါတယ်၊ ကျွန် တော်က ဘယ်လိုမှ မခံစားရပေမဲ့ အခုဥက္ကဋ္ဌအသစ် ဦးဇင်ဝိုင်းဘက်ကဆိုရင် သတင်းမှားတဲ့အတွက် သူ့စိတ်ထဲမှာ တစ်စုံတစ်ရာ ဖြစ် ချင် ဖြစ်သွားနိုင်တယ်လေ၊ သတင်း မှားတဲ့အတွက် ကျွန်တော်ကတော့ စိတ်ပျက်မိတယ်၊ အရေးယူဖို့က တော့ မရှိသလို ဘာမှလုပ်ဖို့တော့ မရှိပါဘူး၊ ဒါက သူလဲ သတင်းဦး တင်ချင်ဇောနဲ့ တင်လိုက်တာနေမှာပါ၊ တကယ်တမ်းပြောရရင်တာ ဝန်ယူမှု၊တာဝန်ခံမှုဆိုတာ သတင်း သမားတိုင်းမှာ ရှိသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ အတွက်ကတော့ မီဒီယာနဲ့ သရုပ် ဆောင်ဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်း ကိုင်းမှီ နေကြတာ ဖြစ်တဲ့အတွက် အားလုံးကို အနုပညာ ညီအစ်ကို မောင်နှမလိုပဲ သဘောထားပါ တယ်၊ နောက်နောင်ကိုတော့ သတင်းအမှားတွေ မတင်စေချင်ဘူး၊  ထပ်မမှားစေချင်ပါဘူး၊ သေချာ မေးမြန်းပြီး တိကျတဲ့ အဖြေထွက် မှ ကိုယ့်ဘက်က အကောင်းဆုံး တင်ပြသင့်တယ်လို့ ထင်ပါတယ်၊ အခုလို တင်လိုက်တာက သူတစ်ပါးအတွက်လဲ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်˘ လို့ သရုပ် ဆောင် ခန့်စည်သူ က ပြောပါ တယ်။

လက်ရှိ အချိန်မှာ သရုပ်ဆောင်ခန့်စည်သူက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ဆက်တွဲ ဆောင်ရွက်မှုတွေကို ရုပ်ရှင်အစည်းအရုံးအမှုဆောင်  များနဲ့ အတူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Author /  မိပုံ့

Kumudra

ကျား/မ တန်းတူ အခွင့်အရေးရရှိမှု အယူအဆနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်

ကျား/မ တန်းတူ အခွင့်အရေးရရှိမှု အယူအဆနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်

ကျား/မ တန်းတူ အခွင့်အရေး ရရှိမှု အယူအဆ Feminism နှင့် ပတ်သက်ပြီး မိမိတို့ ကိုယ်တိုင် Feminist တစ်ယောက် ဟုတ်ခြင်း ၊ မဟုတ်ခြင်းနှင့် ဖန်းမနစ်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ဆွေးနွေးကြသည့် ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် Rainfall Gender Study Organization မှ ဦးဆောင်ပြုလုပ်သည်၊

ဆွေးနွေးပွဲတွင် နယ်ပယ်အသီးသီးမှ အမျိုးသမီး အမျိုးသား ၁၂ ဦးတို့က မိမိတို့  နားလည်ထားကြသည့် Feminist ကျား/မ တန်းတူရေး ရှုထောင့်ကနေ ဆိုလိုရင်း အဓိပ္ပါယ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ တိုင်းရင်းသာများ၏ ရိုးရာဓလေ့ထုံးတမ်းတို့တွင် ခွဲခြားခြင်း မရှိဘဲ ကျား/မ တန်းတူ အခွင့်အရေး ရရှိမှုကို အခြေတည်ပြီး ဆွေးနွေးခဲ့ပြီး ဖန်းမနစ်ဆိုသည်မှာ မတူညီခြင်း မညီမျှခြင်းများကို ညီမျှစေသည့် အရာသာဖြစ်ပြီး လူများ၏ အကန့်အသတ်နှင့် အဓိပ္ပါယ်ဖွဲ့ဆိုမှု၊ ဖန်းမနစ်ကို အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်လိုက်ခြင်းကြောင့် လူတွေရဲ့ အမြင်များကို တစ်မျိုးဖြစ်သွားစေသည်ဟု အခရာ အဖွဲ့၏ ဒါရိုက်တာ ဒေါ်ထားထားက ဆွေးနွေးခဲ့သည်။

" Feminist ဖန်းမနစ်ဆိုတာ မတူညီတာကို ညီမျှချင်တာ၊ ဖန်မနစ် စကားလုံးကို လူတွေက အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွဲ့ကြတယ်၊ ဖန်းမနစ်ကို အဓိပ္ပါယ် အမျိုးမျိုး သတ်မှတ်လိုက်ကြလို့ အမျိုးသားတွေက သူတို့နဲ့ မသက်ဆိုင်သလို ဖြစ်နေတယ်၊ မတူညီတာတွေ တူညီလာဖို့ မမျှတတာတွေ မျှတလာဖို့ ဆိုရင် အမျိုးသားတွေက ပိုလို့တောင် ဖန်းမနစ် ဖြစ်သင့်တယ်"ဟု ဒေါ်ထားထားက ပြောသည်။

ဒီမိုကရေစီစနစ် အားကောင်းစွာ လည်ပတ်နိုင်အောင် ထူထောင်နိုင်မည်ဆိုပါက ကျား/မ တန်းတူ အခွင့်အရေး ရရှိမှု အယူအဆ Feminism ဝါဒသည်လည်း အထိုက်အလျောက်ရရှိလာမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

"လူတွေက တစ်ယောက်နဲ့တစ်ယောက် တွန်းမိတိုက်မိဖြစ်ကြတယ်၊ အဲဒီအချိန်မျိုးမှာ အားနည်းတဲ့သူ အားကြီးတဲ့သူ၊ identity အရ အားသာတဲ့သူ အားနည်းတဲ့သူ၊ အဲဒီဟာတွေကို ညီမျှဖို့ စနစ်တစ်ခု ထူထောင်ပေးရတယ်၊ အဲစနစ်ကို ထူထောင်နိုင်ရင်တော့ တရားမျှတမှုမရှိတာတို့ အထိုက်အလျှောက် လျှော့ချနိုင်မယ်၊ ဒီမိုကရေစီစနစ် လည်ပတ်နိုင်တဲ့ စနစ် ကောင်းကောင်း တည်ဆောက်နိုင်ပြီးဆိုလို့ရှိရင် ဖန်မနစ်တွေ မျှော်မှန်းတဲ့ ညီမျှခြင်း တရားမျှတခြင်း အနေအထားတစ်ခု ရောက်မှာပေါ့လေ"ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ဖန်မနစ်နှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ The Phayre's Gastronomy စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသား အမျိုးသမီး လိင်စိတ်ခံယူမှုကွဲပြားသူများ ပါဝင်ပြီး လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကာ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Mizzima

နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ရုရှားတို့ဖျက်ဆီးပစ်မည်ဟု ပူတင်ကြေညာ

နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ရုရှားတို့ဖျက်ဆီးပစ်မည်ဟု ပူတင်ကြေညာ

ရုရှားနိုင်ငံသည် သမိုင်းဝင်ပြယုဂ်အဖြစ် ၄င်းတို့၏နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ဖျက်ဆီးပစ် တော့မည်ဟု ရုရှားသမ္မတဗလက်ဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းမရှိသည့် အမေရိကန်ပြည်ထောင်စုအား  သူကပြစ်တင်ဝေဖန်ခဲ့သည်။

“ရုရှားလက်နက်တိုက်ထဲမှာ သိုမှီးထားတဲ့ နောက်ဆုံးပိတ်ဓာတုလက်နက်တွေကို ယနေ့မှာပဲ အပြီးတိုင်ဖျက်ဆီး ပစ်တော့မှာဖြစ်ပါတယ်” ဟု ပူတင်က ရုပ်သံမှတဆင့် ကြေညာခဲ့သည်။

“ဒါဟာတကယ့်ကို သမိုင်းဝင်ပြယုဂ်တစ်ခုပါပဲ။ ပညာရှင်တွေယုံကြည်ထားတဲ့အတိုင်းပဲ သက်ရှိအားလုံးကိုဖျက် ဆီးပစ်နိုင်စွမ်းရှိတဲ့ ဆိုဗီယက်ခေတ်က လက်နက်တွေကို ကျနော်တို့အမွေဆက်ခံခဲ့ရတာပါ” ဟု ပူတင်က ဖြည့် စွက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး သူက “ ယနေ့ခေတ်သစ်ကမ္ဘာကြီးကို ပိုမိုဘေးကင်းပြီး တည်ငြိမ်မှုရှိသွားအောင် ကြိုးပမ်းရာမှာ ယခုလိုလုပ်ဆောင်ခြင်းဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ပြောခဲ့သည်။

ရုရှားသမ္မတပူတင်က ရုပ်သံမှတဆင့် ထုတ်လွှင့်ခဲ့သော သူ၏မိန့်ခွန်းထဲ၌ ၀ါရှင်တန်အစိုးရကို ဝေဖန်မှုပြုလုပ်ခဲ့ ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ၄င်းတို့လုပ်ဆောင်ရမည့် အပြည်ပြည်ဆိုင်ရာတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

“ဓာတုလက်နက်တွေကို ဖျက်ဆီးရမယ့်အချိန် ရောက်လာတဲ့အခါမှာ ကံမကောင်းစွာနဲ့ပဲ အမေရိကန်တို့ဟာ သူတို့လုပ်ဆောင်ရမယ့် တာဝန်ကိုကျေပွန်းခြင်း မရှိပါဘူး။ ယခုလို လက်နက်ဖျက်ဆီးရမယ့် တာဝန်ကို သူတို့ လုပ်ဆောင်ဖို့ငြင်းဆန်ခဲ့တာ အခုဆိုရင်သုံးကြိမ်တိတိရှိပါပြီ” ဟု ပူတင်က ပြောခဲ့သည်။

ဒါ့အပြင်ပူတင်က ၀ါရှင်တန်အစိုးရသည် ၄င်းတို့၏ဓာတုလက်နက် ဖျက်သိမ်းရမည့်အစီအစဉ်ကို ရန်ပုံငွေမလုံ လောက်မှုအား အကြောင်းပြ၍ နောက်ဆုတ်ခဲ့သည်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အခြားနိုင်ငံတွေလိုပဲ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်မှာပါတဲ့ အတိုင်း သူတို့ထမ်းဆောင်ရမယ့် တာဝန်အားလုံးကို ကျေပွန်အောင်ထမ်းဆောင်မယ်လို့ ကျနော်တို့မျှော်လင့်ပါ တယ်” ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။

Mizzima

YBS ၇၊ ၁၅၊ ၂၄၊ ၂၆ တို့အမှန်တကယ်သုံးနိုင်မည့်ဖရီးဝိုင်ဖိုင်တပ်ဆင်

YBS ၇၊ ၁၅၊ ၂၄၊ ၂၆ တို့အမှန်တကယ်သုံးနိုင်မည့်ဖရီးဝိုင်ဖိုင်တပ်ဆ
င်

ဝါစိမ်းနီ YBS ၇၊ ၁၅၊ ၂၄၊ ၂၆ တို့တွင် အမှန်တကယ် အသုံးပြုနိုင်မည့် ဖရီးဝိုင်ဖိုင်ကို လာမည့် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ အသုံးပြုနိုင်ပြီဟု YUPT ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ပြောသည်။

“ အားလုံးပေါင်း ၁၉၈ စီးပေါ်မှာ ဝိုင်ဖိုင်တပ်ပြီးပြီ။ အဲ့ဒီကားတွေပေါ်မှာ လိုက်ပါစီးနင်တဲ့ ခရီးသည်တွေအနေနဲ့ လာမယ့် တနလာင်္နေ့ကျရင် ဝိုင်ဖိုင်ကို အခမဲ့အသုံးပြုလို့ရပါပြီ။ အစဆိုတော့ ဝိုင်ဖိုင်ကို အပြည့်သုံးလို့ရပါတယ်။ ကန့်သတ်ထားတာမရှိသေးပါဘူး။ ဝိုင်ဖိုင်အသုံးပြုလို့ရတဲ့ ကားတွေပေါ်မှာ စတစ်ကာတွေ ကပ်ထားပါမယ်။ အဲ့ဒီ လို စတစ်ကာကပ်ထားပြီဆိုရင် အဲ့ဒီကားပေါ်မှာ ဝိုင်ဖိုင် အခမဲ့သုံးလို့ရပါပြီ ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ( YUPT) ပိုင် ဘတ်စ်ကားစီးရေ ၁၉၈ စီးပေါ်တွင် ဖရီးဝိုင်ဖိုင်များအား စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အတည်ပြုပြောခဲ့ခြင်း ဖြစ်သည်။

သင်္ကန်းကျွန်းကားကြီးဂိတ်မှ ဆူးလေထိ ပြေးဆွဲသော ဝါစိမ်းနီ ၇၊ ဒဂုံတက္ကသိုလ်မှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော YBS ၂၆၊ ဒဂုံမြောက်ပိုင်းမှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၂၄၊ ဒဂုံတက္ကသိုလ်မှ ဒညင်းကုန်းထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၁၅ ယာဉ်များပေါ်တွင် Wifi စတစ်ကာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး လက်ရှိတွင် ရွှေပေါက္ကံမှ ဆူးလေအထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၃၆ ယာဉ်လိုင်းတွင် တပ်ဆင်ထားပြီး ဖြစ်သည်။

အဆိုပါ ဖရီးဝိုင်ဖိုင်စနစ်မှာ ကြော်ငြာကုမ္ပဏီများနှင့်ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ်စ်ကားစီး ရေ ၂၄ဝ အတွက် ဝိုင်ဖိုင်များတပ်ဆင်သွားမည် ဖြစ်သည်။

“ ရောက်လာတဲ့ ပစ္စည်းတွေနဲ့ ယာဉ်အစီးရေ ၂၄ဝ မှာ ၁၉၈ စီး တပ်ဆင်ပြီးတာပေါ့။ ဝိုင်ဖိုင်ပစ္စည်းက ၂ဝဝ ရောက်လာတော့ ၂ ခုကတော့ ကျွန်တော်တို့က နည်းနည်းမကြိုက်လို့ ၁၉၈ ခုပဲ တပ်လိုက်တာဖြစ်တယ်။ နောက်တစ်သုတ် ဝိုင်ဖိုင်တွေကို ထပ်တပ်ပါမယ်။ လောလောဆယ်မှာ ဆောင်ရွက်နေပါပြီ”ဟု ဦးမောင်မောင် လွင်က ပြောသည်။

YUPT ကုမ္ပဏီမှာ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ဘတ်စ်ကားများကို WiFi အခမဲ့စနစ် အပါအဝင် ဘတ်စ် ကားတစ်စီးလျှင် စီစီတီဗီကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS များကို အဆင့်မြှင့်တပ် ဆင်ခဲ့သည်။

ထို့ပြင် YUPT ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကားသစ် အစီးရေ ၅ဝဝ ရရှိထားပြီး ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ စသည့်ယာဉ်လိုင်းများ အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်း အားပြေးဆွဲနေခြင်းဖြစ်ကာ ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

Mizzima


တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား သဂြိုလ်ပြီးစီး

တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား
သဂြိုလ်ပြီးစီး

တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ဟိန္ဒူဘာသာထုံးစံအရ သဂြိုလ်ပြီးစီးခဲ့ကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမာရ်က မဇ္ဈိမသို့ ပြောသည်။

“ သဂြိုလ်လိုက်ပြီးပြီိ။ ဟုတ်တယ်။ အဲဒီ ၄၅ လောင်းပဲ။ အခင်းဖြစ်တဲ့နေရာမှာပဲ သဂြိုလ်လိုက်တာပါ” ဟု  ဦးနီမာရ်က ပြောသည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင်များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးအလောင်း၊ ကလေးအလောင်းများ ပါသော အလောင်း ၂၈ လောင်း၊ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်ရရှိထားခဲ့သော ရုပ်အလောင်းများ ဖြစ်သည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် "သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ် ဘာသာသို့ ၀င်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" ဖော်ပြခဲ့သည်။

အစိုးရမှ ပျောက်ဆုံးသူ ဟိန္ဒူဘာသာဝင် ၉၃ ဦးရှိသည်ဟု ထုတ်ပြန်ထားပြီး တူးဖော်ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်က ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ယင်းနေရာသို့ လာရောက်သတင်းရယူခဲ့ကြသည်။

ယနေ့တွင်လည်း နိုင်ငံတကာသံတမန်များ အဆိုပါနေရာသို့ လာရောက်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် မလာရောက်ဖြစ်ခဲ့တော့ကြောင်း သိရသည်။

Mizzima

YBS ၄၂ ယာဉ်ပေါ် ခါးပှိုက်နှိုက်နေသူ အမျိုးသားသုံးဦအား ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီး

YBS ၄၂ ယာဉ်ပေါ် ခါးပှိုက်နှိုက်နေသူ အမျိုးသားသုံးဦအား ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ မီးပွိုင့်အနီး YBS ၄၂ ယာဉ်ပေါ် ခါးပိုက်နှိုက်နေသူ အမျိုးသားသုံးဦးအား ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီးနိုင်ခဲ့ကြောင်း   ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၄ ရက်က YBS ၄၂ ယာဉ်ပေါ်တွင် အသွင်ယူလိုက်ပါစီးနင်းနေစဉ် အသက် ၃ဝ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးလွယ် ထားသည့် အိတ်အတွင်းမှ ပစ္စည်းများနှိုက်ယူနေသော အမျိုးသားသုံးဦးအား လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခါးပိုက်နှိုက်နေသော အမျိုးသား ၃ ဦးမှာ ရွှေပြည်သာမြို့နယ်နေ အသက် ၂၃နှစ်အရွယ် ပြည့်ဖြိုး အောင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် အသက် ၂၂ နှစ်အရွယ် နိုင်လင်းဝေဆိုသူနှင့် အသက် ၃၈ နှစ် အရွယ် ထွန်းထွန်း(ခ) ထွန်းထွန်းအောင်ဆိုသူတို့ ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သော အမျိုးသား ၃ ဦးထံမှ ခေါက်ပိုက်ဆံအိတ်တစ်အိတ်အား တွေ့ရှိခဲ့ပြီး ပိုက်ဆံအိတ်အတွင်းတွင် ဇေယျာဖြိုးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ငွေကျပ် ၄၈၉ဝဝ တို့ပါရှိကြောင်း သိရသည်။

အဆိုပါ ပိုက်ဆံအိတ်မှာ YBS ၄၂ ယာဉ်ပေါ်ပါ အသက် ၃ဝ နှစ်ခန့်ရှိ ခရီးသည်အမျိုးသားတစ်ဦးလွယ်ထားသည့် အိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ပြီး ခေါက်ပိုက်ဆံအိတ်အား   နှိုက်ယူစဉ် ပြည့်ဖြိုးအောင်နှင့်နိုင်လင်းအောင်တို့မှ လူကာပေးပြီး ထွန်းထွန်း(ခ)ထွန်းထွန်းအောင်မှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိသူ ထွန်းထွန်း(ခ)ထွန်းထွန်းအောင်၏ အင်္ကျီအိတ်ကပ်အတွင်းတွေ့ရှိသော Telenor တံဆိပ် ပါ လက်ကိုင်ဖုန်းမှာလည်း စက်တင်ဘာလ ၁၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင်အနီး YBS ၄၂ ယာဉ်ပေါ်ပါ အသက် ၄ဝ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူရရှိခဲ့သော လက်ကိုင်ဖုန်းဖြစ်ကြောင်း ထပ် မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိခဲ့သူ ၃ ဦးကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုများ အသီးသီး ဖွင့်ကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

Mizzima

နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေ လုပ်ငန်းပိတ်သိမ်းဖို့ တရုတ် ညွှန်ကြား

နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေ လုပ်ငန်းပိတ်သိမ်းဖို့
တရုတ် ညွှန်ကြား

နိုင်ငံမှာ လာရောက်ဖွင့်လှစ်လုပ်ကိုင်နေလျက်ရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေကို လာမယ့်ဇန်န၀ါရီလမတိုင်မီ လုပ်ငန်းတွေ ရပ်ဆိုင်းပိတ်သိမ်းဖို့ တရုတ်အာဏာပိုင်တွေက ညွှန်ကြားထားလိုက်ပြီဖြစ်ပါတယ်။

ဒါဟာ ပြုံယမ်းအာဏာပိုင်တို့ရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအပြီး ချမှတ်လိုက်တဲ့ ကုလ ဆန်ရှင်တွေကို လိုက်နာဆောင်ရွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်မှာ ကြေညာပါတယ်။

ပြည်တွင်းကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအပါအ၀င် မြောက်ကိုရီးယားကုမ္ပဏီတွေအားလုံးကို လုပ်ငန်းတွေ ပိတ်သိမ်းရပ်ဆိုင်းဖို့ အချိန် ရက်ပေါင်း ၁၂၀ ပေးမှာဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားခဲ့တဲ့ ဆန်ရှင်တွေကို မိမိတို့လည်း လိုက်နာမှာဖြစ်ကြောင်း တရုတ်တို့ အတည်ပြုပြောကြားထားခဲ့ပြီးနောက် ယခုလို ကြေညာချက်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်လိုနေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်တွေ သူ့အလိုလို စွန့်လွှတ်သွားဖို့အတွက် ယင်းနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးသွားဖို့ တရုတ်ကို အမေရိကန်က တိုက်တွန်းထားပါတယ်။

Mizzima


ပုသိမ်​ ​လေတပ်​က ​ပျောက်​​နေတဲ့ ​လေယာဉ်​ ရှာ​ပေးနိုင်​ရင်​ ဆု​ငွေ ဆယ်​သိန်း

ပုသိမ်​ ​လေတပ်​က ​ပျောက်​​နေတဲ့ ​လေယာဉ်​ ရှာ​ပေးနိုင်​ရင်​ ဆု​ငွေ ဆယ်​သိန်း
via karlu soe

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဒေ အရ တပ်မတော် အပေါ်တွင် အစိုးရက ပြောဆို၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဒေ အရ တပ်မတော် အပေါ်တွင် အစိုးရက ပြောဆို၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များ အရ တပ်မတော် အပေါ်တွင် အစိုးရ အနေဖြင့် ပြောဆို၍ မရကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စက်တင်ဘာ ၁ ရက်က မွန်ပြည်ပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြာခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်မှ ၃၀ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကြီးမှူး ကျင်းပနေသော Stakeholder Consultation အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ၄င်း ဦးဆောင်သည့် မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် အတိုင်ပင်ခံ တွေ့ဆုံစဉ်က အတိုင်ပင်ခံနှင့် ပြောဆို ဆွေးနွေးခဲ့သည် များကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က အဓိကထားပြီး ဆွေးနွေးခဲ့သည်မှာ မွန်ပြည်သစ်ပါတီ၏ တော်လှန်ရေးနေ့ အခမ်းအနားနှင့် အမျိုးသားနေ့ အခမ်းအနားများ ပြုလုပ်ရာတွင် တပ်မတော်ဘက်မှ ကန့်သတ် ဟန့်တားခြင်း များနှင့် တပ်စခန်းများ ချထားကာ စစ်ရေးအရ ဖိအားပေးသည့် ပုံစံများ ပြုလုပ်ခဲ့ကြောင်း ယင်းကဲ့သို့ စစ်ရေးအရ ဖိအားပေးသည့် ပုံစံမျိုးသည် ငြိမ်းချမ်းရေးကို တည်ဆောက်သည့် နေရာတွင် ယုံကြည်မှုကို မြှင့်တင်ရာ မရောက်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်ဟု ၄င်းက ဆိုသည်။

`ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ နေရာမှာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ခိုင်မာဖို့ လိုတယ်။ အဲလို ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ ဖိအားပေးတဲ့ ပုံစံမျိုး အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ တည်ဆောက်လို့ မရဘူးလို့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ကို ပြောတယ်။ နောက်ဆုံး မလွှဲသာလို့ ကျပ်တည်းလွန်းလို့ လက်ခံလိုက် ရရင်တောင် ရေရှည်မခံ ဘူးလို့ ပြောခဲ့တယ်။ အဲဒီ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လက်ခံတယ်၊ ဟုတ်ပါတယ်။ ကျွန်မတို့လည်း လက်ခံပါတယ်။ ငြိမ်းချမ်း ရေးကို တည်ဆောက်တဲ့ နေရာမှာ ယုံကြည်မှုကို အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရဘူးဆိုတဲ့ ဟာကို ကျွန်မ နားလည်ပါတယ်လို့ ပြောတယ်။ တစ်ခု သူ ပြောပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအရ တပ်မတော်အပေါ်မှာ ကျွန်မတို့ လည်း ပြောလို့ မရဘူးလို့´ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း ကို UNFC ဥက္ကဋ္ဌ နိုင်ဟံသာက အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

UNFC ကြီးမှူးကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒရယ် နှင့် ပြည်နယ်အ ခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း UNFC ၏ ထုတ်ချက်အရ သိရသည်။


The Ladies News