ဟံသာနွန်
ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို အစိုးရကအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပြည်သူတွေကိုအခြေပြု ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတကာ ဖွံ့ ဖြိုးမှု အစီအစဉ် UNDP က မြို့နယ်အဆင့်ဝယ်ယူခြင်း၊ ကန် ထရိုက်ချုပ်ဆိုခြင်း ( PROCUREMENT) ဆိုင်ရာသင်တန်းကို သြဂုတ် ၂၃ ရက် မှ ၂၄ ရက်နေ့ အထိ သထုံမြို့ သုဝဏ္ဍခန်းမတွင် (၂)ကြာ ပြုလုပ်ခဲ့ သည်။
“ ပြည်နယ်အစိုးရရဲ့  လုပ်ငန်းဆောင်ရွက်မှုတွေကို ပြည်သူတွေ အခြေပြုပြီး ဆောင်ရွက်လာနိုင်အောင် ပြည် သူနှင့် အစိုးရပိုမိုထိတွေ့မှုရှိအောင် အားပေးမြှင့်တင်စေလိုတဲ့  ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ တာပါ “ဟု UNDP မှ Program Specialist Mrs.Anti Dellnas ကပြောသည်။
အစိုးရသစ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းများအတွက် အထောက်အပံ့ဖြစ်စေသော စီမံချက်များအား မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များအပေါ် ပွင့်လွင်းမြင်သာမှုရှိစွာ အတူတကွ ပူးပေါင်းအဖြေရှာ ပေးခြင်းသည် ပြည်သူ့ဆန္ဒနှင့်အတူ အုပ်ချုပ်သော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်ပြီးတစ်ချို့ သောလုပ်ငန်းဆောင်ရွက်ချက်တွေမှာ လစ်ဟာချက်တွေရှိနိုင်တာကြောင့်ယခုလို နိုင်ငံတကာ အဖွဲ့ အစည်းတစ်ခုရဲ့  လာရောက်ပံ ပိုးကူညီမှုကိုကြိုဆိုကြောင်းလည်း မွန်ပြည်နယ်အစိုးရအဖွဲ့ ပအို့ဝ်တိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါ်စံဝင့်ခိုင် ကပြောသည်။
၎င်းက"အစိုးရဌာနကလည်း မြို့နယ်အသီးသီးက ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ ရွာတိုင်း ဖွံ့ဖြိုးရေးအတွက် ချက်ချင်းလုပ်ပေးဖို့ရာ မတတ်နိုင်ပါဘူး၊ အမြဲတမ်းလစ်ဟာချက်တွေရှိပါသေးတယ်။ အဲဒါ ကြောင့် UNDP အဖွဲ့အစည်းတွေက ဒါတွေကို လာရောက်ဝိုင်းဝန်ဖြည့်ဆီးပေးတာပေါ့ ဖွ့ံဖြိုးမှုလုပ်ဆောင်မယ့် နေရာတွေမှာ ကန်ထရိုက်တွေချုပ်ဆိုရမယ်၊ ၀ယ်ယူရမယ့်ပစ္စည်းတွေဝယ်ယူရမယ် အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော့ ပြုလုပ်ပုံတွေကို ဆွေးနွေးပို့ချသွားမှာ ဖြစ်တယ်"ဟု ဆက်ပြောသည်။
သင်တန်းတွင်အများပြည်သူဆိုင်ရာဝယ်ယူမှု(Public procurement) ၏ အခြေခံစည်းမျဉ်းတွေကို ဆွေးနွေးပို့ချခဲ့ပြီး မူလကရရှိထားသေ အသိပညာအတွေ့ အကြုံများအပါဝင်ယခု ဆွေးနွေးမှုမှ ရရှိသော အကြံဥာဏ်ကောင်းများ ကိုနိုင်ငံတကာ မှအကောင်းဆုံးအစဉ်အလာနင့် အနာဂတ်မှာမြန်မာနိုင်ငံရဲ့ ဝယ်ယူမှုဆိုင်ရာ အလေ့ အထကျင့်ထုံးတွေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးမည် ဟု Mrs.Anti Dellnasကဆိုသည်။
အဆိုပါသင်တန်းသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများအရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ဖိတ်ကြားထားသူများ တတ်ရောက်ဆွေးနွေးခဲ့ကြသည်။
ယခုသင်တန်းအစီအစဉ်ကို ယခင်နှစ်က ဘီးလင်းမြို့နယ်တွင် စတင်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် သထုံခရိုင်အတွင်း မြို့နယ် ၃ မြို့ နယ် နှင့် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ဆက်လက် အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် UNDP ကစီစဉ်နေသည်။
No comments:
Post a Comment