Latest News

Monday, August 28, 2017

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မလူသစ်စု ဆောင်း

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မလူသစ်စု ဆောင်း

  နေပြည်တော်       သြဂုတ်      ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာသို့ သြဂုတ် ၅ ရက် နံနက် ၂ နာရီခန့်တွင် TNLA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၄၅ ဦးခန့်ရောက်ရှိလာပြီး  ရွာသား  ၁၈  ဦးကို  မိုးမိတ်မြို့၏ အရှေ့တောင်ဘက်  ၁၂  မိုင်ခန့်အကွာရှိ  ရွှေညောင် ပင်ကျေး ရွာဘက်သို့ ဖမ်း ဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အဆိုပါရွာသား ၁၈ ဦးအနက် ကိုးဦးကို  သြဂုတ်  ၆ ရက် နံနက် ၈ နာရီခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး  ကျန်ရွာသားကိုးဦးအနက် လေးဦးတို့မှာ သြဂုတ် ၁၉ ရက်နှင့် ၂ဝ  ရက်တို့တွင် ထွက်ပြေး လွတ်မြောက် လာခဲ့သည်။

အဆိုပါထွက်ပြေး လွတ်မြောက်လာသူများ၏ပြောပြချက်အရ  ၎င်းတို့ကို  လူသစ်စုဆောင်းရန် ပျက်ကွက်ခြင်း ကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ရွှေညောင်ပင်ကျေးရွာမှတစ်ဆင့် ပါလျန်ကျေးရွာသို့ ခေါ်ဆောင် သွားကြောင်းသိရှိရသည်။

ယင်းကျေးရွာသို့အရောက်၌ အင်အား ၂ဝ ဦးခန့်ထံသို့ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း၊  ၎င်းမှတစ်ဆင့်  မိုးမိတ်မြို့ ၏ အရှေ့တောင်ဘက် ၂၅  မိုင်ခန့်အကွာရှိစခန်း၌ သြဂုတ် ၁၂ ရက်အထိနေထိုင်ခဲ့ရကြောင်း၊ ၎င်းစခန်းတွင် ဖမ်းဆီးခံထားရသူ ၆၈  ဦးခန့်ရှိကာ စားသောက်ရန်အတွက် ဆန်နှင့်ဆားကိုသာပေးကြောင်း၊  သြဂုတ် ၁၃ ရက်တွင် ဖမ်းဆီးထားသူများအား  မိုးမိတ်မြို့၏ အရှေ့တောင်ဘက်  ၃၅  မိုင်ခန့်အကွာရှိ သင်တန်းပို့ချသည့် နေရာဟုယူဆရသော ကွင်းပြင်နှင့်စခန်းသို့ခေါ်ဆောင်သွားပြီး တဲပြုပြင်ခြင်းနှင့် ခံစစ်ပြင် ဆင်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်းနှင့်  ၎င်းတို့လေးဦးသည် ကင်းစောင့်များအိပ်ပျော်စဉ် ထွက်ပြေးလာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း  သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment