Latest News

Wednesday, August 2, 2017

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့်တွေ့ဆုံခြင်း


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့်တွေ့ဆုံခြင်း


Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းသည် ‘ဝီရသူ ပါရာဇိကကျပြီး ရဟန်း ဘဝ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက ကျတာခုမှ ကျတာတော့ မဟုတ်လောက်ဘူး’ စသည့်စာသားများလူမှုကွန် ရက်တွင် ရေးသားမှုအပေါ် မဘသအဖွဲ့ဝင် ကိုကျော်မျိုးရွှေက ၆၆ (ဃ)ဖြင့် တိုင်ကြားထားမှုကြောင့်  ၎င်းအား ဇူလိုင် ၃၀ ရက်တွင် ရန် ကုန်လေဆိပ်၌ ဖမ်းဆီးအရေးယူ ခဲ့သည်။
လက်ရှိတွင် အာမခံရရှိထား ပြီဖြစ်သော်လည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်လက်တရားရင်ဆိုင် ရမည်ဖြစ်သည်။ အာမခံဖြင့် လွတ် မြောက်လာသော ကိုဆွေဝင်းကို7Day Daily သတင်းစာက သြဂုတ်၁ ရက်တွင် သီးသန့်တွေ့ဆုံမေး မြန်းထားသည်များမှ ကောက် နုတ်ဖော်ပြလိုက်ပါသည်။

အမှုဖွင့်ခံရပြီး လေးလလောက် အကြာမှ ဖမ်းဆီးခံရတဲ့အပေါ်မှာ ကိုဆွေဝင်း ဘယ်လိုမြင်လဲ။
နံပါတ်(၁)အချက်ကတော့ ဒီအမှုက ပိတ်သိမ်းထားတဲ့အမှု မဟုတ်ဘူးလေ။ မပိတ်သိမ်းရ သေးဘူးပေါ့။ အစ်ကိုတို့ နားလည် တာကလေ။ ဒါကြောင့်မို့ ဒီအမှုနဲ့ပတ်သက်ပြီးတော့မှ ပြီးပြတ်အောင်ဆိုပြီးတော့ သူတို့ဘက်ကနေပြီးတော့မှ အာဏာပိုင်တွေက နေ လုပ်ဆောင်လာတယ်လို့ပဲ အစ်ကိုက မြင်တယ်။ ဒါပေမဲ့ ဒီအမှုကသမားရိုးကျအမှုအသွားအလာ တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအမှုမှာ တိုင်ကြားထားတဲ့သူက မဘသ အဖွဲ့ဝင်တစ် ယောက်အနေနဲ့ မဘသ ဆရာ တော်တစ်ပါးကို ရေးသားလို့ဆိုပြီးတော့ မကျေနပ်လို့တိုင်တာ။ ဒါပေမဲ့ အဲဒီ မဘသက ရှိသေးလား။ အဲဒီ မဘသက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ အဲဒီမဘသက တရားမဝင်အသင်းအဖြစ် အဆင့်ကနေပြီးမှ ကြေညာပြီးသွား ပြီ။ တရားမဝင်အသင်းဆိုတာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့်က ဆရာတော်ကနေတရားဝင်မိန့်ကြားထားတယ်။ အားလုံးအသိပဲဖြစ်တယ်။ ဆို တော့ တရားမဝင်အသင်းက အဲဒီအသင်းရဲ့ လူတစ်ယောက်က တိုင် ကြားချက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်တယ်ဆိုတာက အံ့ အားသင့်စရာကောင်းတယ်။ နောက်ပြီး နိုင်ငံတော်အနေနဲ့ လည်း မတရားအသင်းက ဆက် လက်ပြီး ဘာတွေဆောင်ရွက်ခွင့် ရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ တွေ အများကြီးရှိလာပါတယ်။

မန္တလေး မဟာအောင်မြေရဲတပ် ဖွဲ့က ကိုဆွေဝင်းကို ဖမ်းဆီးပေးဖို့ အတွက် မင်္ဂလာဒုံရဲတပ်ဖွဲ့ထံ ပေးပို့တဲ့စာမှာ ကိုဆွေဝင်းက ပြည်ပ ကို ထွက်ပြေးတိမ်းရှောင်နိုင်တယ် ဆိုပြီး မှတ်ချက်ပါတယ်လို့ သိရပါ တယ်။ နောက်ပြီး ကိုဆွေဝင်းကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ အပေါ်မှာကော ဘာပြောချင်လဲ။
အဲဒီစွပ်စွဲချက်က အင်မတန်ရယ်စရာကောင်းတဲ့ စွပ်စွဲချက်ပါ ပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီအမှုဖွင့်လိုက်ကတည်းက ကျွန် တော်ဟာ အမြဲတမ်း ရဲတပ်ဖွဲ့နဲ့ ပူး ပေါင်းဆောင်ရွက်ခဲ့တယ်။ နှစ်ကြိမ်တိတိ ရဲတပ်ဖွဲ့နဲ့ အစစ်ခံခဲ့ တယ်။ ပထမအကြိမ်ဆိုလည်း သူတို့ကြိုပြောတာပဲ အစစ်ခံခဲ့တယ်။ ဒုတိယအကြိမ်ဆိုရင်လည်းပဲ တစ် လခြားပြီး စစ်တာပဲ။ သူတို့ လေးငါး၊ ခြောက်ရက် ကြိုပြောတယ်။ကျွန်တော်သာ ပြေးချင်ရင်ပေါ့။ ကျွန်တော်ဟာ ဒီအမှုလေးလ လောက်ကြာတဲ့အတွင်းမှာ ကျွန်တော်က နယ်စပ်ဒေသတွေကို ရောက်ခဲ့တယ်။ နယ်စပ်ဒေသတွေမှာ အလုပ်ကိစ္စတွေနဲ့ရောက် ကြတယ်။ တစ်လောက ကယား ပြည်နယ်မှာကျင်းပတဲ့ တိုင်းရင်း သားမီဒီယာညီလာခံကိုလည်း ရောက်ခဲ့တယ်။ လေယာဉ်နဲ့သွား ရတယ်။ နောက်ပြီး ချောင်ကြို ချောင်ကြားတွေကိုလည်း သွားရ တယ်။ ကျွန်တော်ကိုယ်ယောင် ဖျောက်ခဲ့လို့ရတယ်။ အချိန်မရွေး ပေါ့။ အမှုမရင်ဆိုင်ရဲရင် ကြောက် နေရင်ပေါ့။ နောက်ပြီးတော့ ဒီ ခေတ်ရဲ့ အခြေအနေအရ ရန်ကုန် မြို့ကြီးမှာကို အလွယ်တကူနဲ့ တိမ်းရှောင်နိုင်တယ်။ ဒါတွေကို ကျွန်တော်က တိမ်းရှောင်ခဲ့ခြင်း မရှိပါဘူး။ လေဆိပ်ဆိုတာက အင်မတန်မှ လုံခြုံရေးတင်းကျပ်တဲ့နေ ရာပဲ။ ကွန်ပျူတာမှာ ကျွန်တော့်နာမည် Black List ထည့်ထားလို့ ရတယ်လေ။ ဒါတွေအားလုံးက လည်း ကျွန်တော် အားလုံးသိပြီး သားပဲလေ။

ကိုဆွေဝင်းရေးသားတဲ့ အရေးအသားနဲ့ပတ်သက်ပြီး သာသနာရေး ဝန်ကြီးက ပြစ်မှုမမြောက်ဘူးလို့ ပြောဆိုထားတာလည်း ရှိပါတယ်။ နောက်ပြီး ပြန်ကြားရေးဝန် ကြီးက သတင်းမီဒီယာတွေနဲ့ပတ်  သက်ပြီး ကိုဆွေဝင်းဖြစ်စဉ်က ချိတ်ဆက်ဆောင်ရွက်ရမယ်လို့ မှတ်ချက်ပေးထားတာရှိပါတယ်။ ဒါပေမဲ့ ပြည်ထဲရေးက ဖမ်းဆီးခိုင်းထားတယ်လို့ သိရတယ်။ အဲဒီအ ပေါ်မှာကော ဘာပြောချင်လဲ။
ဥပဒေအကြောင်းအရ ရဲလုပ်ထုံးလုပ်နည်းတွေကတော့ ကျွန်တော်က ကျွမ်းကျင်ခြင်းမရှိပါဘူး လေ။ ဒါပေမဲ့ စဉ်းစားစရာရှိတာက အချက်နှစ်ချက်ပေါ့။ မဘသကတရားမဝင်အဖွဲ့လို့ နိုင်ငံတော် က ကြေညာခဲ့တာကို တရားမဝင်အဖွဲ့တစ်ဖွဲ့ရဲ့ တိုင်ကြားချက်ကရဲစခန်းမှာပဲ ရှိနေသေးပြီး ဘာ ကြောင့် ဆောင်ရွက်ခဲ့တယ်ဆို တာကို နားမလည်ဘူး။ သာသနာရေးဦးစီးဌာနက ကျွန်တော့်ကို မှတ်ချက်ပေးတယ်ပေါ့။ မှတ်ချက်ပေးတဲ့အခါမှာ ဘာပါလည်းဆိုရင်ဝန်ကြီးဌာနနဲ့ ဥပဒေရေးရာရဲ့ မှတ်ချက်ကို အကြံပြုပြီး မှတ်ချက်ပေးတာ။ ဆိုတော့ ကျွန်တော့်အမှု က ဘာသာသာသနာနဲ့ပတ်သက် တဲ့အမှုကို သာသနာရေးဦးစီးဌာန ရဲ့ မှတ်ချက်ကို သက်ဆိုင်ရာကနေ ပြီးတော့ အလေးအနက်ထားပြီးဆောင်ရွက်ရမယ့်အနေအထား တွေရှိတယ်။ ဒါပေမဲ့ ပစ်ပယ်ပြီးတော့မှ ဆောင်ရွက်နေတယ်ဆို တော့ ဒါက အံ့သြစရာကောင်း တယ်။ နောက်တစ်ခါ ဒီတရားစီ ရင်ရေးကို ပူးပေါင်းဆောင်ရွက် ပါမယ်။လိုက်နာပါ့မယ်။ ကျွန် တော် စိတ်ဝင်စားတာက ပါရာဇိ ကက အရပ်ဘက်တို့ ဘာတို့ကဘယ်လိုဆုံးဖြတ်ရမလဲ။ ဒါတွေ ကတော့ စောင့်ကြည့်ရမယ့်ကိစ္စ တွေပေါ့။

ကိုဆွေဝင်းကို  အမှုဖွင့်တိုင်ကြား တဲ့  ကိုကျော်မျိုးရွှေကို ပြည်သူတစ်ဦးက ကိုဆွေဝင်း အမှုဖွင့်ခံရပြီး မကြားခင်မှာပဲ ရန်ကုန်မြို့ စမ်း ချောင်းရဲစခန်းမှာ ၆၆(ဃ)နဲ့ပဲ အမှုဖွင့်  တိုင်ကြားခံထားရပါတယ်။ ဒါပေမဲ့ ကိုဆွေဝင်းကို ဖမ်းဆီးခံရ တယ်။ သူ့ကိုတော့ ခုထိ ဖမ်းဆီး တာမရှိသေးဘူးဆိုတော့ အဲဒီအ ပေါ်မှာကော ဘယ်လိုမြင်လဲ။
သူ့ရဲ့အမှုနဲ့ပတ်သက်ပြီး ကျွန်တော်က သိပ်ပြီးတော့ မသိလို့ မှတ်ချက်မပေးလိုဘူးပေါ့။ အမှုနဲ့ပတ်သက်ပြီး ဘာတွေဖြစ်ပျက် နေတယ်ဆိုတာ ကျွန်တော်မသိ ဘူး။ ကျွန်တော်တို့ကတော့ ဥပဒေကို လိုရင်လိုအပ်သလို လုပ်နေတာကိုတော့ ပပျောက်စေချင်တယ်။ အဲဒီအခြေအနေကို ခုချိန်ထိဖြစ် နေသေးတယ်လို့ ကျွန်တော်က မြင်တာပေါ့။

အာမခံရရှိတဲ့အပေါ်မှာကော ကိုဆွေဝင်းသဘောထား ဘယ် လိုရှိလဲ။
ကောင်းပါတယ်။ အာမခံရရှိ ပြီး လွတ်မြောက်လာတဲ့ လူသား တစ်ယောက်အနေနဲ့တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါကို အင်မတန်ကို ဝမ်းမြောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြင်က တော့ ဒီ ၆၆(ဃ)ဟာ NLD အမျိုး သားလွှတ်တော်အမတ် ဦးဌေးဦး လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးသလိုပဲ ဒါဟာဘယ်လိုမှ တရားမျှတမှု မရှိတဲ့အတွက် ကြောင့် ဖျက်သိမ်းသင့်တယ်လို့ ဆွေးနွေးထားတယ်။ ဘယ်သူမှမသိသေးတဲ့ အချက်တစ်ချက်ရှိပါ တယ်။ ဒါကို ရဲအရေးပိုင်အဖြစ် ပေးထားတယ်။ ရဲတပ်ဖွဲ့ကနေပြီး တော့ မှန်ကန်တဲ့အမှုတစ်ခုဟာ အကြောင်းအကျိုး ညီညွတ်လား၊ မညီညွတ်လားဆိုပြီးတော့ ဆုံးဖြတ်နိုင်သလားဆိုတာဆိုရင် ကျွန် တော့်အမှုက ပြောမယ်။ အဲဒီအခြေအနေမရှိပါဘူး။

အခု လက်ရှိအခြေအနေမှာ အာမခံလည်းရထားတယ်ပေါ့။ နောက်ဆုံး ဆုံးဖြတ်ချက်ကကော ဘယ်လိုဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ။
ဒါကတော့ ကြိုတင်ပြီးတော့ ဖြစ်ပေါ်လာမယ့်အခြေအနေကို မပြောနိုင်သေးဘူး။ ပြောနိုင်တာကတော့ ၆၆(ဃ)နဲ့ပတ်သက်ပြီး တော့ စွဲဆိုထားတဲ့အမှုကို တရား ဥပဒေလမ်းကြောင်းကနေပဲ အဆုံးထိအောင် ဆက်လက် လျှောက်လမ်းမယ်။ ဝမ်းသာတာတစ်ခုရှိတာပေါ့ဗျာ။ လူဆိုတာက တော့ တရားရုံးရောက်တယ်။ ထောင်တန်းပို့ခံရတာတော့ လူသားတစ်ယောက်အနေနဲ့ ဘယ်သူမှ ပျော်ရွှင်တဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်အမှုကနေတစ် ဆင့် အခုလွှတ်တော်ထဲမှာ ဆွေး နွေးနေတဲ့ ဆွေးနွေးမှုတွေကို တစ်စုံတစ်ရာ အတိုင်းအတာပြု မလား။ နောက်ပြီးတော့ ပြင်ဆင် ချက်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုတွေ စိတ်ဝင်စား လာအောင် အထောက်အကူပြု မလားဆိုတာတော့ ကျွန်တော်က ပြီးတော့ ပျော်ရွှင်မိပါတယ်။

ကိုဆွေဝင်းက ရန်ကုန်မှာ အလုပ်တာဝန်တွေထမ်းဆောင်နေရတာ ပေါ့။ အမှုကတော့ မန္တလေးတရားရုံးမှာ သွားပြီးတရားရင်ဆိုင်ရမှာ ဆိုတော့ အလုပ်အကိုင်တွေ အများကြီးပျက်မယ့်အနေအထားရှိ တယ်။ ရန်ကုန်မှာ တရားရုံးပြောင်းလျှောက်ဖို့ကော အစီအစဉ်ရှိ လား။
အဲဒါတော့ စဉ်းစားထားတာ ရှိတယ်။ ဘာကြောင်လည်းဆို တော့ ပူတာအိုမှာနေတဲ့ လူကနေမှ မြိတ်မှာရှိတဲ့လူကို မကျေနပ်လို့ပြီးတိုင်တာကို မြိတ်ကလူကနေပူတာအိုကို သွားပြီးတရားရင်ဆိုင် ရရင် ဒါတွေက ဘယ်လိုတွေ ဖြစ်လာမလဲ။ လူတစ်ယောက်က စွပ်စွဲခံရပြီဆို တာနဲ့ သူ့မှာ စတင်ပြီးသွား ပြီး အပြစ်ပေးခံရသလိုဖြစ်နေ တယ်။ ဥပဒေရဲ့ သဘောသဘာဝ ကို ကျွန်တော်တို့ နားလည်တာက သံသယရဲ့ အကျိုးခံစားခွင့်ဆိုတာ  သံသယဖြစ်ခံရတဲ့သူက သူမှာရှိ တယ်။ စွပ်စွဲတဲ့သူမှာ မရှိဘူးလို့ ကျွန်တော်တို့ နားလည်ထားတာ။ အဲဒါလိုအပ်ချက်တွေရှိပါတယ်။

ဘာများဖြည့်စွက်ပြောချင်တာရှိ လဲ။
 တစ်ချက်ပြောချင်တာက ကျွန်တော်တို့ သတင်းသမားတွေဟာ မကြခဏပေးစားခံရတယ် ပေါ့။ ဦးသိန်းစိန်အစိုးရလက်ထက် မှာဆိုရင် ကျွန်တော်တို့ သတင်းသမားတွေကို အားလုံးက အနီ ကောင်တွေပဲ။ အားလုံးက NLD တွေပဲ။ ဘက်လိုက်တဲ့ မီဒီယာတွေပဲလို့ ပြောကြတယ်။ ကျွန်တော်တို့သတင်းသမားတွေ အများစုအခြေအနေကို ပြောပြပါ့မယ်။ အများစု အခြေအနေက အမှန်တရားကို ကျွန်တော်တို့တွေက အမြဲတမ်း စဉ်းစားနေတဲ့သူတွေပါ။ ကျွန်တော်တို့တွေက တပ်မတော်ကို လည်း မကြည့်ဘူး။ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း မကြည့် ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆို ရင် နိုင်ငံကရော ကမ္ဘာကရော ကြည်ညိုကြတယ်။ ဒါပေမဲ့ ဝေဖန်စရာရှိရင်တော့ ဆောရီးပဲ။ ရဲရဲတင်းတင်းဝေဖန်မယ်။ ဘယ်သူ မျက်နှာမှ မကြည့်ဘူး။ ကိုယ်ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေ ဟုတ်တာတွေ၊မဟုတ်တာတွေ နားမလည်ဘူး။ ရဲရဲတင်းတင်းနဲ့ ဘောင်ထဲကနေ ဆက်လက်ပြီးတော့ လုပ်ဆောင် သွားမှာပါ။
ကျေးဇူးတင်ပါတယ်။

7Day News

No comments:

Post a Comment