Latest News

Sunday, August 27, 2017

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် INGO ဝန်ထမ်းများပါဝင်နေသည့် သတင်းများ ထွက်ပေါ်မှုကို စုံစမ်းစစ်ဆေးနေကြောင်း အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ပြီးနောက် UN နှင့် INGO ၀န်ထမ်းများ မောင်တောမြို့မှထွက်ခွာ

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် INGO ဝန်ထမ်းများပါဝင်နေသည့် သတင်းများ ထွက်ပေါ်မှုကို စုံစမ်းစစ်ဆေးနေကြောင်း အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ပြီးနောက် UN နှင့် INGO ၀န်ထမ်းများ မောင်တောမြို့မှထွက်ခွာ

သြဂုတ်လ ၂၆ ရက်က တောင်ဘဇာကျေးရွာအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေမှုကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သြဂုတ်၂၇ ရက်တွင် သတင်းထုတ်ပြန်အပြီး နာရီပိုင်း အတွင်းမှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် INGO ဝန်ထမ်းများ မောင်တောဒေသမှ ထွက်ခွာနေကြကြောင်း သတင်းရရှိသည်။

မောင်တောမြို့မှ ဘူးသီးတောင်သို့ ကားတန်းနှင့် ထွက်လာနေကြခြင်းဖြစ်ပြီး ဘူးသီးတောင်မြို့ ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့သို့ တိုက်ရိုက်ထွက်ခွာ နေကြခြင်းလည်း ဖြစ်သည်။

ထိုသို့ အရေးပေါ် ထွက်ခွာကြရသည့် အကြောင်းရင်းနှင့် လူစာရင်းကို ဘူးသီးတောင်မြို့တွင် တာဝန်ယူစီစဉ်ပေးနေသူ တစ်ဦးဖြစ်သည့် UN ဝန်ထမ်း ကိုကျော်စွာကို မေးမြန်းရာ ၎င်းအနေဖြင့် ပြောခွင့်မရှိကြောင်း ငြင်းဆန်ခဲ့သည်။

သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ကားရှစ်စီးနှင့် ဘူးသီးတောင်မြို့ကို ရောက်ရှိလာကြပြီး ဘူးသီးတောင်မြို့ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ထွက်သွားကြသည်ဟု ဘူးသီးတောင်မြို့မရဲစခန်း စခန်းမှုးက ပြောကြားသည်။

ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် အခြေစိုက်နေထိုင်သော နိုင်ငံတကာ INGO အဖွဲ့အစည်းများ အမြန်ရေယာဉ်များဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

“ဘူးသီးတောင်ကနေ အမြန်ရေယာဉ်ငယ် အစီးတစ်ဆယ်လောက်နဲ့ အလုအယက် ထွက်ပြေးခဲ့ကြတာကို တွေ့ရတယ်။ သူတို့ကို စစ်တွေဘက်က အမြန်ယာဉ်တွေနဲ့ လာခေါ်ကြတယ်။ အုပ်စုလိုက် ထွက်ပြေးတာ ဖြစ်တဲ့အတွက် လေးငါးဆယ်လောက် ရှိမယ်ထင်တယ်။ နိုင်ငံခြားသားတွေလည်းပါတယ်။ နိုင်ငံသားတွေလည်း ပါတာကို တွေ့ရတယ်၊ စက်လှေတစ်စီးမှာ ရှစ်ယောက်ကနေ ၁၀ ကျော် အထိလည်းပါတာ တွေ့ရတယ်” ဟုလည်း ဘူးသီးတောင်ဆိပ်ကမ်းကို ရောက်နေသော ကိုအောင်ချေက ပြောကြားသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် နှစ်ပေါင်း ၃၀ ၀န်းကျင်အထိ လာရောက်နေခဲ့ကြသော်လည်း ၂၀၁၂ ခု နောက်ပိုင်းတွင် ပိုများလာကြောင်းနှင့် အဖွဲ့အစည်းများစွာ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ သြဂုတ် ၂၇ ရက် နံနက်ပိုင်းက မောင်တောမြို့အ၀င်တွင် ACF ရုံးကို ခြေကုပ်ယူကာ အကြမ်းဖက်ဘင်္ဂါလီများက သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဇော်ဝင်းကလည်း “သူတို့က ထွက်ပြေးတာလို့ ကျွန်တော်တို့မြင်တယ်။ ဒီလိုဖြစ်လာရင် ထွက်ပြေးနေကျပေါ့။ သူတို့နှစ်ပေါင်း ၂၀ ကျော် လာနေတာ ကျွန်တော်တို့ တိုင်းရင်းသားတွေဆီကို ဘာမှမပေးခဲ့ဘူး။ ကောင်းကျိုးဆိုတာ တစ်ခုမှ မပေးတဲ့အကောင်တွေလို့ မြင်တယ်။ အခုဆိုရင် ထွက်ပြေးတဲ့ သဘောလို့မြင်တယ်။ သူတို့ငွေကြေး ဘယ်လောက်သုံးစွဲခဲ့သလဲ။ ဘယ်သူ့ကို ဘယ်လောက်ပေးခဲ့သလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် ပြဿနာပေါင်းစုံကို ဖန်တီးသွေးထိုး ပေးခဲ့တာဟာလည်း သူတို့မဟုတ်ဘူးလို့ ပြောဖို့ခက်တယ်။ ဒါကြောင့် ဒီကောင်တွေရှိနေရင် တိုင်းပြည်ကောင်းလာမှာ မဟုတ်ဘူးလို့မြင်တယ်။ သူတို့ကို နောက်ထပ်လာခွင့် မပေးဖို့လည်း လိုပါတယ်။ အခုမှ ထွက်ပြေးတယ်ဆိုတာဟာ သတိထားစရာပါ” ဟုလည်း ဘူးသီးတောင်မြို့မှ ဦးဇော်ဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း INGO အဖွဲ့အစည်း ၇၀ ခန့်ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရပြီး ဒေသခံတိုင်းရင်းသားများ အနေဖြင့် INGO အဖွဲ့အစည်းများအား လိုလားခြင်း မရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment