Latest News

Sunday, August 27, 2017

ရှမ်းပြည်နယ်ထွက်ကြက်ဥများ H5N1 ကင်းစင်ကြောင်း ပြသခြင်းအဖြစ် မွေးမြူရေးခြံများက လက်လီရောင်းချ

ရှမ်းပြည်နယ်ထွက်ကြက်ဥများ H5N1 ကင်းစင်ကြောင်း ပြသခြင်းအဖြစ် မွေးမြူရေးခြံများက လက်လီရောင်းချ

ရှမ်းပြည်နယ် အတွင်းရှိ မွေးမြူရေးကြက်ခြံများ မှထွက်ရှိသည့် ကြက်ဥများတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်ကြောင်း ပြသခြင်းအဖြစ်ရှမ်းပြည်နယ် မွေးမြူရေးအဖွဲ့က  ကြက်ဥများကို လက်လီရောင်းချခဲ့သည်။
 လူစည်ကားရာ နေရာ တောင်ကြီး မြို့မဈေးကြီးအနီး တပင်ရွှေထီးလမ်းတွင် ရှမ်းပြည် နယ် မွေးမြူရေးအဖွဲ့က ကြက်ဥ များကို သြဂုတ် ၂၄ ရက်မှစ၍ လက်လီရောင်းချခဲ့ပြီး သုံးရက် တိုင်ရောင်းချမည်ဟု ရှမ်းပြည်နယ် မွေးမြူရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းလုံက ပြောသည်။

‘‘H5N1 ကြက်ငှက်တုပ်ကွေး နဲ့ လူမှာဖြစ်တဲ့ ရာသီတုပ်ကွေး H1N1 ဆိုတာ လုံးဝပတ်သက်မှု မရှိပါဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာလည်း H5N1 ကြက်ငှက်တုပ်ကွေး လုံးဝမရှိပါ ဘူး။ လူကို ကူးစက်နိုင်ခြင်းမရှိပါ ဘူး။ အဲဒါကြောင့် မွေးမြူရေး သမားတွေအနေနဲ့ ပြည်သူဆီကို သက်သက်သာသာနဲ့ တိုက်ရိုက် စားသုံးနိုင်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လက်လီ ရောင်းချပေးတာ ပါ’’ဟု ဒေါက်တာစိုင်းလုံက ပြော သည်။

လက်လီရောင်းချခဲ့သည့် ကြက်ဥ အလုံးကြီး ၁၃ လုံးလျှင်  ၁,၀၀၀ ကျပ်၊ ပုံမှန် ကြက်ဥ ၁၅ လုံးလျှင် ၁,၀၀၀ ကျပ်နှင့် ဥလတ် ၁၈ လုံး လျှင် ၁,၀၀၀ ကျပ်တို့ဖြင့် ရောင်းချခဲ့သည်။

ကြက်ဥများကို ကြက်ငှက် တုပ်ကွေးရောဂါ သံသယကင်းစွာ စားသုံးနိုင်ရန်လည်း ရှမ်းပြည်နယ် မွေးမြူရေးအဖွဲ့က အရေးကြီးဝင် ပေါက်၊ ထွက်ပေါက်များတွင် ဗီနိုင်းပိုစတာများဖြင့် အသိပေး ကြော်ငြာထားသည်။

 ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ကြက်ခြံ၊ ကြက် ဥပွဲရုံများမှ နေ့စဉ် ကြက်ဥ ၁၈ သိန်းနှင့် သိန်း ၂၀ ကြားထွက် ရှိနေပြီး နေပြည်တော်နှင့်အထက် မြန်မာပြည်သို့ အများဆုံးတင်ပို့ နေသည်ဟု ရှမ်းပြည်နယ် မွေးမြူရေးအဖွဲ့မှ သိရသည်။

7Day News

No comments:

Post a Comment