Latest News

Thursday, August 3, 2017

ဖျာပုံခရိုင် ဆေးရုံအုပ်ကြီး H1N1ဗိုင်းရပ်စ် ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ပြည်သူ့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး H1N1ဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ သတင်းရရှိပါတယ်။
ကျွန်တော်တို့ သိတာကတော့ဆရာမကြီးဖျားတာကို မနေ့ ကညနေပိုင်းလောက်မှာ စစ်ဆေးပြီး ရန်ကုန်ကနေ H1N1ဆိုပြီး အတည်ပြု ခဲ့ တာပါ။သူကကုသရေးပိုင်းကတော့ မဟုတ်ပါဘူး။ဆေးရုံအုပ်ကြီးဆိုတော့  စီမံခန့် ခွဲမှုအပိုင်းကပါ။ “ လို့ ဖျာပုံ မြို့ နယ် အုပ်ချုပ်ရေးမှူးဦးဇေယျာအုန်းက တိုင်းဧရာကိုအတည်ပြုပြောဆိုပါတယ်။
ဒါကြောင့်မို့လို့  ဒီနေ့ မနက်မှာပဲ ရန်ကုန်မြို့ဝေဘာဂီဆေးရုံကြီးကို လွှဲပြောင်းပေးထားတယ်လို့  သိရပါတယ်.။
အစိုးရအဖွဲ့ နဲ့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကတော့ ဒီနေ့ မှာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီးဖြစ်တယ်လို့ 
ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက  ဇူလိုင်လ(၃၁)ရက်နေ့ က  နောက်ဆုံးထုတ်ပြန်ထားပါတယ်။
သာမာန်ပြည်သူမဟုတ်ပဲ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတဲ့ထဲမှာ ဖျာပုံခရီုင်ဆေးရုံအုပ်ဟာ
ဒုတိယမြောက်ကူးစက်ခံရသူဖြစ်ပြီး ပထမကူးစက်ခံရသူဟာ  မြောက်ဥက္ကလာဆေးရုံက ဘွဲ့လွန်ပညာ
ဆည်းပူးနေတဲ့ အမျိုးသားဆရာဝန်ဖြစ်ပါတယ်။
Writer မျိုးမင်းပိုင်
Photo  နှာခေါင်းစည်းများတပ်၍သွားလာနေကြသော ပုသိမ်ဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းများကိုသြဂုတ်လ(၃)ရက်နေ့ ကတွေ့ မြင်ရစဉ် ။

No comments:

Post a Comment