Latest News

Thursday, August 3, 2017

ဖျာပုံမှာ ခရိုင်ဆေးရုံအုပ်ကြီးတစ်ဦး H1N1 ကူးစက်ခံရ

ဖျာပုံမှာ ခရိုင်ဆေးရုံအုပ်ကြီးတစ်ဦး H1N1 ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီး အတွင်းက  ဖျာပုံခရိုင်ဆေးရုံကဆေးရုံအုပ်ကြီးဟာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် ဒီကနေ့မနက်က ရန်ကုန်မြို့က ဝေဘာဂီ ဆေးရုံကို ပို့ဆောင်ကုသ နေ ပြီဖြစ်တယ်လို့ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက ဘီဘီစီကိုအတည်ပြုပြော ဆို ပါတယ်။

ဆေးရုံအုပ်ကြီးဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဖျားနာနေခဲ့တာဖြစ်ပြီး ရန်ကုန်ကိုပေးပို့တဲ့ ဆေးစစ်ချက်မှာ H1N1 ဗိုင်းရပ်စ်ပိုးတွေ့ရတယ်လို့ အတည်ပြုချက်ရရှိခဲ့တဲ့အတွက် တိုင်းကျန်းမာရေးဌာနက ဆေးရုံအုပ်ကြီး ရဲ့မိသားစုဝင်တွေကိုပါ ဆေးစစ်တာတွေ လာရောက်ပြုလုပ်ပေးနေတယ်လို့ ဦးဇေယျာအုန်း ကထပ်မံပြောပြပါတယ်။

မနေ့ကအထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူပေါင်း  ၇၀ ကျော်နဲ့ သေဆုံးသူအရေအတွက်ဟာ ၁၃ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဖျာပုံခရိုင်ဆေးရုံအုပ်ဟာ သာမန်ပြည်သူတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရတဲ့ထဲမှာ နှစ်ယောက် မြောက် ကူးစက်ခံရသူဖြစ်ပြီး ဒီအပတ်အစောပိုင်းက မြောက်ဥက္ကလာဆေးရုံက ဘွဲ့လွန်ပညာဆည်းပူးနေတဲ့ အမျိုးသားဆရာဝန်မှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

No comments:

Post a Comment