Latest News

Thursday, August 3, 2017

ဖျာပုံခရိုင်ဆေးရုံအုပ်ကြီး H1N1 ကူးစက်ခံရ၍ ဝေဘာဂီရောက်နေ

ဖျာပုံခရိုင်ဆေးရုံအုပ်ကြီး H1N1 ကူးစက်ခံရ၍ ဝေဘာဂီရောက်နေ

ဖျာပုံခရိုင်ဆေးရုံအုပ်ကြီး (H1N1) ရောဂါကူးစက်ခံရ၍ ရန်ကုန်မြို့ဝေဘာဂီဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေကြောင်း ယာယီဆေးရုံအုပ်ကြီး ဒေါက်တာလှလှရီက အတည်ပြုပြော ကြားသည်။

ဖျာပုံခရိုင်ဆေးရုံအုပ်ကြီးသည် ဇူလိုင်လနောက်ဆုံးအပတ်မှ စတင်၍ ဖျားနာမှုဖြစ်ပွားနေခဲ့ပြီး ရက်ရှည် ဖျားနာခြင်းကြောင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ (H1N1) ရောဂါပိုးရှိနေကြာင်း  သိရှိခဲ့ခြင်းဖြစ်သည်။

 ဖျာပုံခရိုင်ဆေးရုံအုပ်ကြီးသည် ယနေ့ သြဂုတ်လ ၃ ရက် နံနက်ကဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသနေခြင်းဖြစ်သည်။

(H1N1)  ရောဂါနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့တွင် ရောဂါဖြစ်သွားသူ ခြောက်ဦး ( တစ်ဦးသေဆုံး) ၊ ညောင်တုန်းမြို့တွင် ရောဂါဖြစ်ပွားသူ နှစ်ဦး (တစ်ဦးသေဆုံး) ၊ ဒေးဒရဲ၊ ပန်းတနော်၊ ကျုံပျော်၊ ဖျာပုံတို့တွင် ရောဂါတစ်ဖြစ်ပွားသူတစ်ဦးစီရှိခဲ့ကြောင်း  တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဇူလိုင် ၃၁ ရက်တွင် ပြောကြားထားသည်။

7Day News

No comments:

Post a Comment