Latest News

Thursday, August 3, 2017

လပ္ပတ္တာမှ မီးဖွားပြီးစ လူနာတစ်ဦး H1N1 ဖြင့်သေဆုံးခဲ့

လပ္ပတ္တာမှ မီးဖွားပြီးစ လူနာတစ်ဦး H1N1 ဖြင့်သေဆုံးခဲ့

လပ္ပတ္တာ ၊ သြဂုတ် ၃

လပွတ္တာမြို့နယ်၊ညောင်ချောင်းကျေးရွာအုပ်စု၊ကတ္တီပါကျေးရွာက အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေးမီးဖွားပြီး ၂ ရက်အကြာမှာ H1N1 ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ဇူလိုင်လ ၂၈ ရက်နေ့က ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ(လပွတ္တာ)သို့ ကလေးမွေးဖွားဖို့အတွက် တက်ရောက်ခဲ့သူဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ သားယောကျာ်းလေးကို မွေးဖွားခဲ့တဲ့သူဖြစ်တယ်လို့ လပ္ပတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သူမဟာ ကလေးမွေးဖွာြး့ပီးနောက်တစ်ရက်မှာ အသက်ရှူခက်ခဲမှု ဝေဒနာဖြစ်ပွားလို့  ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ရသူပါ။
ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိပြီး နောက်တစ်ရက်ဖြစ်တဲ့သြဂုတ်လ ၂ ရက်နေ့မှာ သူမ ဟာ  H1N1 positive နဲ့ သေဆုံးသွားခဲ့တယ်လို့  သိရပါတယ်။

လက်ရှိမှာတော့ လူနာစောင့်အဖြစ်လိုက်ပါလာတဲ့ သေဆုံးသူရဲ့  မိဘနှစ်ဦး၊ညီမဖြစ်သူ နဲ့ သေဆုံးသူရဲ့ ရက်သားကလေးငယ် ( ယောင်္ကျားလေး)ကို  လပွတ္တာပြည်သူ့ဆေးရုံ ၊  အထူးကြပ်မတ်ကုသဆောင်မှာ  ပြောင်းရွှေ့ပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တစ်စုံတစ်ရာထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေက H1N1 ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေနေခြင်း ၊ အများပြည်သူသိရှိနိုင်ဖို့ ပညာပေးဟောပြောခြင်းတွေ ပြုလုပ်နေပါတယ်။

ကျန်ရှိတဲ့ ရက်သား ကလေးငယ်ကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေပြီး ကူညီထောက်ပံ့လိုသူများရှိရင်လည်း ကူညီကြဖို့ နှိုးဆော်ထားတယ်လို့သိရပါတယ်။

Popular News Journal

No comments:

Post a Comment