Latest News
Wednesday, August 2, 2017
အသုတ်တိုက်နယ် ဆေးရုံ ဆရာဝန်ရဲ့ အမျိုးသမီး H1N1ကူးစက်ရောဂါဖြင့် သေဆုံး
ဧရာဝတီတိုင်းဒေသကြီး အသုတ်တိုက်နယ်ဆေးရုံ ဆရာဝန်ရဲ့ အမျိုးသမီး ဟာ  H1N1 ကူးစက်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးမှာ  ကုသမှုခံယူနေရင်း သြဂုတ်လ(၂)ရက်နေ့ မှာ သေဆုံးခဲ့ ပါတယ်။
မြန်မာနိုင်ငံ မှာ H1N1 ကူးစက်ရောဂါကို စတင်သတိထားမိပြီးကျန်းမာရေးဝန်ကြီးဌာနက စတင်သတင်းထုတ်ပြန်လိုက်သူထဲကတစ်ဦးလည်းဖြစ်ပါတယ်။
ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positiveဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ လူနာ (၂) ဦး၊ ထဲက တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်က ဖြစ်ပါတယ်လို့ စတင်သတင်း
ထုတ်ပြန်ခဲ့ တာပါ။
ဇူလိုင်လ ၆ ရက်နေ့ကစပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ပြီးတော့ ဇူလိုင်လ(၈)ရက်နေ့ မှာ ပုသိမ်ဆေးရုံကြီး
ကိုရောက်ရှိပြီး ညပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ H1N1 ကူးစက်မှုခံထားရသူ (၁၃)ဦးရှိပြီး (၆)ဦးသေဆုံးခဲ့ တယ်လို့  ဇူလိုင်လ(၃၁)ရက်နေ့ မှာ တိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒီကူးစက်မှုနဲ ပတ်သတ်ပြီး  ကြိုတင်သိရှိပြီးကူးသမှုခံယူနိုင်လျင် စိုးရိမ်စရာမရှိပဲ ပုသိမ်မှာရှိနေတဲ့ 
ကူးစက်ခံနေရသူတွေရဲ့ အခြေနေဟာ သက်သာကောင်းမွန်တယ်လို့ အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး
ဒေါက်တာလှမြတ်သွေးက တိုင်းဧရာမီဒီယာရဲ့ အင်တာဗျူးမှာပြောဆိုထားပါတယ်။
ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊လူထူထပ်သော နေရာများမသွားရန်၊လက်ကိုမကြာခဏဆေး
ရန်၊အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေး၇ုံးဆေခန်းများမှာဆေးကုသမှု ခံယူဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
မျိုးမင်းပိုင်
No comments:
Post a Comment