လတ်တလောမှာဖြစ်ပေါ်နေတဲ့  H1N1 ကူးစက်ရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးက စာသင်ကျောင်းတွေကို ပိတ်ထားမှာ မဟုတ်ဘူးလို့  အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။
"အန်တီက စစဉ်းစားတာက ရေကြီးရေလျှံတာတွေလည်းဖြစ်နေတော့ ပိတ်လိုက်ရင် ကောင်းမလားပေါ့။

ပြောထားတာရှိပါတယ်"လို့ ၎င်းကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ A(H1N1)ကူးစက်ခံသူ(၁၃)ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိလာပြီဖြစ်တယ်လို့  အစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီက ဇူလိုင်လ(၃၁)ရက်နေ့ က A(H1N1) လူတုပ်ကွေးရောဂါ အသိပေး
ရှင်းလင်းပွဲ မှာပြောဆိုထားပါတယ်။
ဒီလိုထုတ်ပြန်လိုက်မှုကြောင့် တစ်ချို့သောကျောင်းသားမိဘတွေကစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေသလို့ 
တစ်ချို့ သော မိဘတွေကတော့ ကလေးတွေကိုကျောင်းကို မလွှတ်တော့ဘူးလို့ ဆိုပါတယ်။
ဒီလိုကူးစက်ရောဂါပြန့် ပွားမှုကို ကျေးလက်များအထိ ပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အစိုးရက
သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါကူးစက်ရောဂါကြောင့် အချို့သောကျောင်းများတွင် တုပ်ကွေးမဖြစ်အောင် ဟုဆိုကာ ဂျင် ထန်းလျက်နှင့် ကွမ်းရွက်တို့ ကြိုချုက်ပြီး တိုက်နေကြတာ တွေလည်းရှိပါတယ်။
ဆရာဝန်များကတော့ လုံခြုံသော နှာခေါင်းစည်းများ တပ်ရန်၊ လူထူထပ်သော နေရာများမသွားရန်၊ လက်ကိုမကြာခဏဆေးရန်၊ အားရှိသောအစာအဟာရများစားသုံးရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေခန်းများမှာဆေးကုသမှု ခံယူဖို့ မှာကြားထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဇူလိုင် ၃၁မနက်ပိုင်းအထိ ကျန်းမာရေးနှင့်အားကာစားဝန်ကြီးဌာနရဲ့ 
တရားဝင်ထုတ်ပြန်ချက်အရ H1N1 ကူးစက်ခံရသူ ၅၁ဦး ရှိခဲ့ပြီး ၁၀ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မျိုးမင်းပိုင်
No comments:
Post a Comment