H1N1 နဲ့ H5N1 တကယ်ကင်းပြီလား
တနင်္သာရီတိုင်းက ထားဝယ်နဲ့ ရန်ကုန်တိုင်းက မရမ်းကုန်းမြို့နယ်တွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N1 ကင်းရှင်းပီဖြစ်တာကြောင့် ကန့်သတ်ထားချက်တွေကို ပြန်ရုတ်သိမ်းတယ်လို့ ၂၇ရက်နေ့ နိုင်ငံပိုင် သတင်းစာမှာ ကြေညာထားပါတယ်။
ကြက်ငှက်တုပ်ကွေး အရေးပေါ် ထိန်းချူပ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး စီမံချက်ကို စနစ်တကျ ထိန်းချူပ်ပြီး ဖြစ်တာကြောင့် ဒီလို ရုတ်သိမ်းတာလို့လဲ ဆိုပါတယ်။
သံသယဖြစ်ဖွယ် ကြက်သေဆုံးမှု မရှိသည်မျာ ၂၁ရက် အသီးသီးပြည့်ပြီ ဖြစ်တာကြောင်း ရောဂါကူးစက် ဧရိယာက ကြက်နဲ့ ကြက်ထွက်ပစ္စည်း ရွှေ့ပြောင်း သယ်ဆောင်တာ ကန့်သတ်ထားတာကို ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဝက်တုပ်ကွေးလို့ခေါ်တဲ့ H1N1 ဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားတာဟာ တလကျော်ရှိခဲ့ပြီး နောက် ကျန်းမာရေး ၀န်ကြီးဌာနရဲ့ သြဂုတ်လ ၂၃ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဒီရောဂါ ဖြစ်ပွားသူ ၃၁၇ဦးအနက် သေဆုံးသူ (၃၃)ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီမြန်မာပိုင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment