Latest News

Thursday, August 3, 2017

မန္တလေးက H1N1 သံသယရှိ လူနာ ၄ဦးအနက် တစ်ဦးကို H1N1 လူနာအဖြစ် အတည်ပြု

မန္တလေးက H1N1 သံသယရှိ လူနာ ၄ဦးအနက် တစ်ဦးကို H1N1 လူနာအဖြစ် အတည်ပြု

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် H1N1ရောဂါသံသယဖြင့် တက်ရောက်နေသူ ၄ ဦးအနက် တစ်ဦးမှာပိုးတွေ့ရှိနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး   ဒေါက်တာသန်းသန်းမြင့်က အတည်ပြုပြောကြားသည်။

"Positive တွေ့တာဟုတ်ပါတယ်။ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ရောက်နေတဲ့လူနာထဲကပါ။ အသင့်ပြင်ထားတဲ့ ကုသဆောင်မှာထားထားပါတယ်။"ဟု ဒေါက်တာသန်းသန်းမြင့်ကပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်လ ၃၀ ရက်က ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် လူနာနှစ်ဦး၊ ၃၁ ရက်နေ့တွင် နှစ်ဦးရောက်ရှိလာပြီး ၎င်းတို့၏ နှာရည်များကို အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ရာမှ တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment