ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မြန်မာနိုင်ငံခရီးစဉ် တရားဝင်ကြေညာ
ပုပ်ရဟန်းမင်းကြီး၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ခရစ်ယာန်ဘုန်းတော်ကြီးများက ရှင်းလင်းနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဟု ပုပ်ရ ဟန်းမင်းကြီး၏ ဗာတီကန်နန်းတော်နှင့် တစ်ကမ္ဘာလုံးရှိ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်များက ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကြေညာသည်။
ရိုမန်ကက်သလစ်အသင်းတော်၏ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန် စစ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်မည့် ပုပ်ရဟန်းမင်းကြီးအဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်ပြီး ၎င်း၏ ခရီး စဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန် မြို့တို့တွင် အစိုးရခေါင်းဆောင်များ၊ ကက် သလစ်ဘာသာဝင်များနှင့် အခြား ဘာသာရေးခေါင်းဆောင်များအ ပြင် လူထုနှင့်ပါတွေ့ဆုံကာ ဆု တောင်းပွဲတစ်ရပ်ကျင်းပမည်ဟု မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်က သ တင်းထုတ်ပြန်သည်။
‘‘မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေလျော့နည်းပပျောက် ပြီး ချစ်ခြင်းမေတ္တာနဲ့ငြိမ်းချမ်းရေး ကို သယ်ဆောင်လာမယ့် သမိုင်း ၀င်ခရီးစဉ်ဖြစ်တယ်လို့ ဗာတီကန် နန်းတော်က ခရီးစဉ်ရဲ့ ရည်ရွယ် ချက်ကို ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခရီးစဉ်ရဲ့ ဆောင်ပုဒ် ကိုက Love and Peace ဖြစ်ပါ တယ်’’ ဟု ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံကက် သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ် လူထုဆက်ဆံရေးကော်မရှင် ဒါရိုက်တာ ဖာသာရ်မာရီရာနိုစိုး နိုင်က ပြောသည်။
ပုပ်ရဟန်းမင်းကြီး ကြွလာ တော်မူခြင်းဖြင့် ငြိမ်းချမ်းခြင်းနှင့် ရင်းနှီးချစ်ခင်သဟဇာတရှိခြင်း သည် လူသားများကြားတွင် တိုး ပွားလာမည်ဟူသော မျှော်လင့် ချက်ဖြင့် မြန်မာအစိုးရက ဖိတ် ကြားခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ၏ ခရီးစဉ်အတွင်း အစိုးရက လုံ ခြုံရေးပေးနိုင်မည့် အခြေအနေ များ၊ ခရီးစဉ်အသေးစိတ်အစီအ စဉ်များကို အစိုးရအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်တို့ ညှိနှိုင်း နေကြောင်း ၎င်းက ပြောသည်။
‘‘ပုပ်ရဟန်းမင်း ၂၆၆ ပါး ပြောင်းသွားပေမယ့် တစ်ခါမှ မြန် မာနိုင်ငံကို လာရောက်ခြင်းမရှိခဲ့ ပါဘူး။ ရဟန်းမင်းကြီးအရှင်သူ မြတ်ဖရန်စစ်ကြွလာတော်မူခြင်း က ဘာသာရေးအနေနဲ့ဆိုရင် ကျွန်တော်တို့ကို သူဂရုစိုက်တယ် ဆိုတဲ့ ခွန်အားတစ်ခုရစေတယ်။ သူသွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ခရီး စဉ်ပြီးလို့ရှိရင် အဲဒီနိုင်ငံက ထင် ပေါ်လာတယ်။ ရဟန်းမင်းကြီး လာရင် တစ်ကမ္ဘာလုံးကသတင်း သမား ၁၀၀ လောက်ပါလာတတ် တယ်။ မြန်မာနိုင်ငံဟာ အဲဒီရက် တွေမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင် ပေါ်နေလိမ့်မယ်။ သူလာခြင်းအား ဖြင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အ ရာတွေကို အသိအမှတ်ပြုပေးသ လို မြန်မာနိုင်ငံဟာ လာလည်လို့ ကောင်းပါပြီ။ လုံခြုံပါပြီ။ သွားလို့ လာလို့ကောင်းတဲ့နေရာတစ်ခုပါ လို့ ကမ္ဘာကို သတင်းစကားပါးပေး သလိုဖြစ်ပါတယ်။ မြန်မာနိုင်ငံအ ပေါ် သံယောဇဉ်ထားတယ်။ ပိုပြီး တိုးတက်စေချင်တယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့လာတာပေါ့’’ ဟု ဖာ သာရ်မာရီရာနိုစိုးနိုင်က ပြော သည်။
ပုပ်ရဟန်းမင်းကြီး၏ မြန်မာ နိုင်ငံခရီးစဉ်တွင် လူမျိုးရေးပဋိပက္ခ များဖြစ်ပွားနေသော ရခိုင်ပြည် နယ်သို့ သွားရောက်လိမ့်မည်ဟု ခန့်မှန်းပြောဆိုမှုများရှိနေသော် လည်း ရခိုင်ပြည်နယ်သို့သွား ရောက်မည့် အစီအစဉ် မရှိ ကြောင်း ၎င်းက အတည်ပြုပြော ကြားသည်။
‘‘အခုလို ဘာသာရေးခေါင်း ဆောင်ကြီးတွေ မြန်မာပြည်လာ တာ အင်မတန်ကောင်းပါတယ်။ သူကတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို မြှင့်တင်ပေးနေ တဲ့ပုဂ္ဂိုလ်ပေါ့။ သူပြောတဲ့စကား ကလည်း ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ကင်းဝေးရေးအတွက်ပဲ မေတ္တာ တရားရှေ့ထားပြီးတော့ ပြော လိမ့်မယ်။ သေချာတာတစ်ခုက တော့ အကြမ်းဖက်မှုတွေ၊ အစွန်း ရောက်မှုတွေကို သူဘယ်နည်းနဲ့မှ လက်ခံမှာမဟုတ်ဘူး။ အားပေး မှာလည်း မဟုတ်ဘူး။ ပြင်းပြင်း ထန်ထန်လည်း ရှုတ်ချလိမ့်မယ်’’ ဟု ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့မှ ဟာဂျီဦးအေး လွင်က ပုပ်ရဟန်းမင်းကြီး၏ ခရီး စဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြု သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည် မြန်မာနိုင်ငံမှတစ်ဆင့် နိုဝင် ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက် အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆက် လက်သွားရောက်မည်ဟု ဗာတီ ကန်နန်းတော်က ကြေညာထား သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ် သည် ရိုမန်ကက်သလစ်ခရစ် ယာန်ဘာသာရေး၏ အထွတ်အ ခေါင်ရဟန်းမင်းကြီး ရာထူးကို ၂၀၁၃ ဖေဖော်ဝါရီလကုန်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ အီတလီနိုင်ငံ ရောမမြို့ဗာတီကန် နန်းတော်တွင် နေထိုင်သည်။ ပုပ် ရဟန်းမင်းကြီး တာဝန်ထမ်း ဆောင်သည့်နေ့မှ ယနေ့အထိမိမိကိုယ်ကိုယ် နှိမ့်ချသူ၊ ကမ္ဘာပေါ်ရှိဆင်းရဲသားများနှင့် အပယ်ခံများဘက်မှ ရပ်တည်ပြောဆိုသူ၊ နိုင်ငံတကာသံတမန် ဆက်ဆံရေးများနှင့် သဘာဝပတ်ဝန်းကျင်အရေးများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်သူအဖြစ် အသိအမှတ်ပြုခံထားရသည်။ ကမ္ဘာပေါ်ရှိဩဇာတိက္ကမကြီးမားသူများနှင့်ထင်ပေါ်ကျော်ကြားသူများ စာရင်းတွင်လည်း ထိပ်ပိုင်းမှရပ်တည်နေသူဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ မေလ ၄ ရက်တွင် ရောမမြို့သို့ အလည်အပတ် ရောက်ရှိခဲ့စဉ် ပုပ်ရဟန်းမင်းကြီး နှင့် တွေ့ဆုံအပြီး မြန်မာနိုင်ငံနှင့် ဗာတီကန် မြို့ပြနိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု တည် ထောင်မည်ဖြစ်ကြောင်း သဘော တူညီခဲ့သည်။ ယင်းသဘောတူ ညီမှုအရ မြန်မာနိုင်ငံက သံရုံးအ ဆင့်ဖြင့်လည်းကောင်း၊ဗာတီကန် မြို့ပြနိုင်ငံက ခရစ်ယာန်သာသ နာပိုင်ပုပ်ရဟန်းမင်းကြီး၏ ကိုယ် စားလှယ်ရုံးအဖြစ်လည်းကောင်း ယခုနှစ် ဩဂုတ် ၂ ရက်တွင် သံ တမန် အဆက်အသွယ်စတင်ထူ ထောင်ခဲ့သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment