Latest News

Sunday, August 27, 2017

လှိုင်မြို့နယ်၌ ဦးခေါင်းကိုကျောက်တုံးဖြင့် ထုသတ်ထားသည့် အမျိုးသားအလောင်းတွေ့

လှိုင်မြို့နယ်၌ ဦးခေါင်းကိုကျောက်တုံးဖြင့် ထုသတ်ထားသည့်
အမျိုးသားအလောင်းတွေ့

လှိုင်မြို့နယ် အမှတ်(၃) ရပ်ကွက် ရတနာမွန် ၇ လမ်းတွင် ဦးခေါင်းကို ကျောက်တုံးဖြင့် ထုသတ်ခံရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိခဲ့သည်။
သေဆုံးသည့် အမျိုးသား သည် အသက်(၂၀)အရွယ်ခန့်ရှိ ပြီး လမ်းအလယ်တွင် မှောက် လျက်သေဆုံးနေကြောင်း ပိ တောက်ချောင်းနယ်မြေရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေဆုံးတဲ့အမျိုးသားက ဘယ်ကလဲဆိုတာ မသိသေးပါ ဘူး။ နောက်စေ့ကြေထွက်ပြီး သေ ဆုံးနေတာပါ။ အလောင်းကိုတော့လှည့်ကင်းပတ်ရင်း ပိတောက် ချောင်းရဲစခန်းက တပ်ဖွဲ့ဝင်တွေ က အရင်စတွေ့တာ’’ဟု ၎င်းရဲ အရာရှိက ပြောသည်။

အဆိုပါအမျိုးသားသည် အ လျားတစ်ပေ၊ အမြင့်လေးလက်မ ခန့်ထူသည့် ကျောက်တုံးဖြင့် ဦး ခေါင်းနောက်ပိုင်းထုသတ်ခံခဲ့ရပြီး သြဂုတ် ၂၆ ရက် ည ၉ နာရီကျော် တွင် အလောင်းကို တွေ့ရှိခဲ့သည်။

‘‘လူသတ်မှုဖြစ်တဲ့ ရပ်ကွက် က လုံးချင်းအိမ်တွေနဲ့ နေတဲ့ရပ်ကွက်ပါ။ အဲဒီရှေ့မှာလည်း တည်းခိုခန်းရှိတယ်။ သောက်ရင်းစားရင်းကနေ ရန်ဖြစ်တယ်လို့တော့ ကြားတယ်။ လမ်းကလည်း ညဘက်ဆိုရင် လူသွားလူလာနည်းတယ်’’ဟု ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ လူသတ်မှုဖြစ်စဉ်နှင့် ပတ် သက်၍ ပိတောက်ချောင်းနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို လိုက်လံဖမ်းဆီး နေကြောင်း သိရသည်။

7Day News

No comments:

Post a Comment