Latest News

Monday, August 28, 2017

ရခိုင်အရေး ဒီချုပ်ကိုယ်စားလှယ်များအားလုံး စုစည်းကူညီပေးကြရန် ဦးဝင်းမြင့်ပြော

ရခိုင်အရေး ဒီချုပ်ကိုယ်စားလှယ်များအားလုံး စုစည်းကူညီပေးကြရန်
ဦးဝင်းမြင့်ပြော

ရခိုင်အရေးကိစ္စ ကို ဒီချုပ်ကိုယ်စားလှယ်များအနေဖြင့် စည်းစည်းရုံးရုံး ပါဝင်ကူညီ ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားသည်။

‘‘အခုဖြစ်ပျက်နေတဲ့ ရခိုင် အရေးအခင်းနဲ့ ပတ်သက်လို့လည်း အားလုံးစည်းစည်းရုံးရုံးနဲ့ ပါဝင်ကူညီဖို့၊ တစ်ဦးတစ်ယောက် တည်းက ချွန်ထွက်ပြီးမလုပ်ဘဲနဲ့ အားလုံးစည်းစည်းရုံးရုံးနဲ့ ပါဝင် ကူညီပေးဖို့ပါ’’ဟု အုတ်တွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြော ကြားသည်။

ဩဂုတ် ၂၈ ရက်က လွှတ် တော်အစည်းအဝေးများ ကျင်းပ ပြီးစီးချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ မွန်းလွဲ ၁ နာရီခွဲကစတင်ကာ လွှတ်တော် အတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင် ၌ နှစ်နာရီခန့် တွေ့ဆုံခဲ့သည်။

‘‘အခုလောလောဆယ် ရခိုင် အရေးနဲ့ပတ်သက်ပြီးတော့ ပြည် ထောင်စုအစိုးရအဖွဲ့က ဒါတွေ ဆောင်ရွက်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း အားလုံးညီညီညွတ်ညွတ်နဲ့ ရှေ့ ဆက်လုပ်ကြရမယ်။ အဲဒီလို Sharing ပုံစံမျိုးနဲ့ ပြောသွားတာ ပေါ့’’ဟု ရှားတောမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။

ထို့အပြင် လွှတ်တော်ရပ်နား ချိန်တွင် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိမဲဆန္ဒနယ် သို့ သွားရောက်ကာ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ၍ လွှတ် တော်ရန်ပုံငွေ ကျပ်သိန်းတစ် ထောင်ကို ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ၌ ထိရောက်စွာ အသုံးပြုရန်၊ လယ်ယာမြေပြဿ နာများ ဖြေရှင်းပေးရန်၊ လွှတ် တော်အတွင်း မေးခွန်းမေးမြန်းရာ တွင် ထိထိရောက်ရောက် မေးမြန်း ရန်နှင့် လွှတ်တော်ဥပဒေ၊ နည်း ဥပဒေများကို သေချာလေ့လာကာ လိုက်နာဆောင်ရွက်ကြရန် ဦးဝင်းမြင့်က မှာကြားကြောင်းကိုယ် စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လွှတ်တော်အ တွင်း ကိုယ်စားလှယ်များ၏ မေးခွန်းများကို တိကျစွာမေးမြန်းရန်နှင့် ဆက်စပ်မေးခွန်းများကိုလည်း ထိရောက်စွာမေးမြန်းရန် လွှတ်တော်တွင် မကြာခဏ သတိပေး ပြောကြားလေ့ရှိသည်။

ဩဂုတ် ၂၃ ရက်က ပြည်သူ့ လွှတ်တော်တွင် တောင်သူများအ နေဖြင့် လယ်ယာမြေများ ဥပဒေ မဲ့အသိမ်းခံရပြီး သိမ်းဆည်းသူ ပိုက်ဆံရှိလုပ်ငန်းရှင်များနှင့် တရားရုံးတွင် ရင်ဆိုင်နေရ၍စိတ်မ ကောင်းဖြစ်ရကြောင်း ဦးဝင်းမြင့် က ပြောကြားခဲ့သည်။

7Day News

No comments:

Post a Comment