Latest News

Monday, August 28, 2017

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံး ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ပင်လယ်ထဲ ကျ

မြောက်ကိုရီးယား ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံး ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ပင်လယ်ထဲ ကျ

မြောက်ကိုရီးယားတို့ သြဂုတ်လ ၂၉ ရက်က ပစ်လွှတ်လိုက်ပြန်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းဟာ ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ပြီး ဟော့ကိုင်းဒိုးကျွန်းအနီး ပင်လယ်ထဲ ကျသွားခဲ့တယ်လို့ ဂျပန်အစိုးရနဲ့ တောင်ကိုရီးယားစစ်တပ်တို့က ပြောပါတယ်။

ပြုံယမ်းအာဏာပိုင်တွေအနေနဲ့ ၎င်းတို့ရဲ့ ဒုံးကျည်စမ်းသပ်မှုတွေနဲ့အတူ ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေစေချိန်မှာပဲ ယခုတစ်ကြိမ် နောက်ထပ် ပစ်လွှတ်မှုတစ်ခုကို ထပ်မံလုပ်ဆောင် လာခဲ့ပြန်တာဖြစ်ပါတယ်။

ယခု မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ သုံးပိုင်းကွဲသွားပြီး ဟော့ကိုင်းဒိုးကျွန်းအပြင်ဘက် ရေပြင်ထဲ ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခုလို ဂျပန်ပေါ်ဖြတ်ပြီး မြောက်ကိုရီးယားဒုံးကျည် ဖြတ်သန်းပျံသန်းမှုများ မရှိခဲ့တာက နှစ်ကာလများစွာကြာနေခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုလို နိုင်ငံပေါ်ကနေ ဖြတ်ပြီး မြောက်ကိုရီးယားတို့ရဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းထန်စွာ ပြစ်တင်သွားပြီး ကုလလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေး   ခေါ်ယူဖို့ ရှိနေတယ်လို့လည်း  သိရပါတယ်။

Mizzima

No comments:

Post a Comment