Latest News

Monday, August 28, 2017

ကျပ်ငွေတန်ဖိုးမြင့်တက်စေရေး ပြည်တွင်းငွေပေးချေမှုများတွင် ကျပ်ငွေမသုံးစွဲသူများကို အရေးယူမည်ဟုဆို

ကျပ်ငွေတန်ဖိုးမြင့်တက်စေရေး ပြည်တွင်းငွေပေးချေမှုများတွင် ကျပ်ငွေမသုံးစွဲသူများကို အရေးယူမည်ဟုဆို

ကန်ဒေါ်လာငွေလဲ နှုန်း တည်ငြိမ်စေရေး ပြည်တွင်း၌ ငွေပေးချေမှုများ အားလုံးကို မြန်မာကျပ်ငွေဖြင့်သာ ပေးချေ ရမည်ဖြစ်ပြီး ကျပ်ငွေမသုံးစွဲပါက အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

ပြည်တွင်းတွင် နိုင်ငံခြားငွေ ဖြင့် ငွေပေးငွေချေခြင်း မရှိစေရေး  ဆောင်ရွက်မည့်အစီအစဉ်များကို ဗဟိုဘဏ်က နိုင်ငံတော်သမ္မတရုံး သို့ တင်ပြကာ ပြည်ထောင်စုဝန် ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များလည်း ပူးပေါင်း ဆောင်ရွက်ရန်အကြောင်းကြား ထားကြောင်း ၎င်းကဆိုသည်။

 လိုက်နာမှုမရှိပါက အရေး ယူဆောင်ရွက်မည် ဖြစ်သော် လည်း မည်သည့်ကာလက စတင် ရေးယူမည်၊ မည်ကဲ့သို့အရေးယူ ဆောင်ရွက်မည်ကိုမူ တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေးပေ။

‘‘လိုက်နာမှုမရှိရင် အရေးယူ ဆောင်ရွက်ဖို့ အစီအစဉ်တွေချ မှတ်ထားပါတယ်။ လောလော ဆယ်တော့ ညှိနှိုင်းမှုအဆင့်မှာပဲ ရှိပါသေးတယ်’’ ဟု ဦးဘိုဘိုငယ် ကဆိုသည်။

သြဂုတ် ၂၈ ရက်က ကျင်းပ  သည့် အမျိုးသားလွှတ်တော်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါ်နန်းနီနီအေး၏ မြန် မာ့ငွေကြေး အားကောင်းလာစေ ရန်နှင့် နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ တမူးစသည့်နယ် စပ်မြို့များတွင် တစ်ဖက်နိုင်ငံသုံး ငွေကြေးအစား မြန်မာကျပ်ငွေသုံး စွဲရေး ဗဟိုဘဏ်က မည်ကဲ့သို့စီမံ ဆောင်နေသည်ကို သိလိုကြောင်း မေးမြန်းသည့် မေးခွန်းကို ဦးဘိုဘိုငယ်က အထက်ပါအတိုင်း ပြောကြားသည်။

ပြည်တွင်းတွင် ကျပ်ငွေသုံး စွဲခြင်းမရှိပါက အရေးယူမည့် အစီအစဉ်များကို ပညာပေးကာ လတစ်ခုသတ်မှတ်ကာ ပြည်သူ လူထုအား ပညာပေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး ပညာပေး ကာလပြီးစီးပါက အရေးယူမည် ဖြစ်ကြောင်း ဗဟိုဘဏ်ကဆိုသည်။

နယ်စပ်မြို့များ၌ နေထိုင်သူ အများစုသည် တစ်ဖက်နိုင်ငံတွင် သုံးစွဲသည့်ငွေများကိုသာ သုံးစွဲ ကြပြီး ငွေကြေးလဲလှယ် ဝန် ဆောင်မှုလုပ်ငန်းများလည်းနည်း ပါးလာသဖြင့် မြန်မာကျပ်ငွေတန် ဖိုး ကျဆင်းနေကြောင်း  ဒေါ်နန်းနီနီအေးက ဆိုသည်။

 မြန်မာကျပ်ငွေတန်ဖိုးမြင့် တက်စေရန် ကန်ဒေါ်လာသုံးစွဲမှု ထိန်းချုပ်ပြီး မြန်မာကျပ် ငွေသုံး စွဲမှုတွင် ကျယ်လာစေရန် ဗဟို ဘဏ်အနေဖြင့် အလေးပေး လုပ် ဆောင်သင့်ကြောင်း၎င်းက အကြံ ပြုသည်။

‘‘ဒီလိုငွေကြေးဝန်ဆောင်မှု နည်းပါးလာတာဟာ ပြည်တွင်းစီး ပွားရေးလုပ်ငန်းမြင့်မားလာစေဖို့ နဲ့ ကုန်သွယ်မှု လုပ်ငန်းတိုးတက် ဖို့ အတားအဆီးတစ်ရပ်လည်း ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

အမေရိကန်၊ ဂျပန်၊ တရုတ် နှင့် ဥရောပနိုင်ငံများတွင် ပြည် တွင်းသုံးငွေကြေးကိုသာ သုံးစွဲရန် စီမံချက်ချမှတ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၌လည်း ယင်းကဲ့သို့ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဥပမာပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ကျပ်ငွေကို သုံးစွဲရန် ငွေလဲလှယ် ကောင်တာများ ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ဇူလိုင် ၂၇ ရက်အထိ ငွေလဲကောင်တာ ၁,၃၄၅ ခု ဖွင့် လှစ်ပေးပြီးဖြစ်ကြောင်း ဗဟို ဘဏ်က ဆိုသည်။

ပြည်တွင်းတွင် မြန်မာကျပ် ငွေသုံးစွဲခြင်း မရှိသူများအား အ ရေးယူမည့် အစီအစဉ်ကို လုပ် ဆောင်ပါက မြန်မာ့ငွေကြေးတန် ဖိုးမြင့်တက်လာမည်ဖြစ်ပြီး ယင်း အစီအစဉ်အပေါ် ကြိုဆိုကြောင်း ရန်ကုန်တိုင်း ဟိုတယ်လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင် ပြုံးကဆိုသည်။

သို့သော် ကျပ်ငွေတစ်ခု တည်းကိုသာ သုံးစွဲခွင့်ပြုမည်ဆို ပါက ငွေလဲကောင်တာများ  တိုး မြှင့်ဖွင့်လှစ်ရန် လိုအပ်ပြီး ချက်ချင်းလုပ်ဆောင်ပါက အခက်အခဲများ ရှိလာမည်ဖြစ်ကာ ရေရှည်စနစ်တကျ လုပ်ဆောင် ရမည်ဖြစ်ကြောင်း ၎င်းကထောက် ပြသည်။

7Day News

No comments:

Post a Comment