ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသဆိုင်ရာဆွေးနွေးပွဲတွင် ကျောင်းသားမျိုးဆက်အားလုံး ဖိတ်ကြားမည်
ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအ ဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲ သို့ ခေတ်အဆက်ဆက်ကျောင်း သား သမဂ္ဂများ၌ ပါဝင်သူများ၊ ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်သူများအားလုံးကို ဖိတ်ကြား မည်ဖြစ်ကြောင်း ၂၀၁၇ ကျောင်းသားမျိုးဆက် ကိုစည်သူမောင်က ပြောသည်။
ကျောင်းသားမျိုးဆက်အား လုံးပါဝင်မည့် ယင်းအစည်းအဝေး ကို သြဂုတ် ၃၀ ရက်တွင် ရန်ကုန် တက္ကသိုလ်ဓမ္မာရုံ၌ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်သည်။
‘‘ကျောင်းသားသမဂ္ဂ အ ဆောက်အအုံဟောင်းနေရာကို တချို့က ဒီအတိုင်းပဲထားချင်တာ ရှိတယ်။ တချို့ကျတော့ အဲဒီနေ ရာကို အရင်အတိုင်းပြန်ဆောက် ပြီးတော့ မြင်ချင်တဲ့လူတွေလည်း ရှိတယ်။ သဘောထားအမျိုးမျိုး ပေါ့။ တချို့ကျတော့လည်း သမဂ္ဂ ရှင်သန်ခွင့်ရပြီးမှ ရုပ်ဝတ္ထုပိုင်းကို စဉ်းစားမယ်ပေါ့။ အဲဒီမတူတဲ့သ ဘောထားတွေ အားလုံးကို စုစည်းဖို့ ဆွေးနွေးပွဲတစ်ခုလုပ်မှာပေါ့။ တစ်ကြိမ်တည်း မပြတ်ရင် ထပ် လုပ်ဖို့လိုရင်လည်း လိုမယ်’’ ဟု ကိုစည်သူမောင်က ပြောကြား သည်။
ဆွေးနွေးပွဲတွင် ကျောင်း သားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေး ဆိုင်ရာ သဘောထားများ စုစည်း ခြင်း၊ တကသအဆောက်အအုံ ၏ သမိုင်းတန်ဖိုးဆိုင်ရာ သ ဘောထားများ စုစည်းခြင်းနှင့် ကျောင်းသားသမဂ္ဂများ ရှင်သန် ဖွံ့ဖြိုးရေးနှင့် တကသအဆောက် အအုံဆိုင်ရာ လုပ်ငန်းများအ တွက် လိုအပ်သော အခြေခံသ ဘောထားများ စုစည်းခြင်းတို့ ဆွေးနွေးရန် လျာထားသည်။
၁၉၆၂ က မိုင်းခွဲဖျက်ဆီးခံ ခဲ့ရသော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံကို ပြန်လည်ဆောက်လုပ်ရန် ၂၀၁၇ နှစ်ဆန်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကစီစဉ်ခဲ့ ပြီး ဇူလိုင်အတွင်း သမဂ္ဂ အ ဆောက်အအုံ ဖြစ်မြောက်ရေး ကော်မတီနှင့် တည်ဆောက်ရေး ကော်မတီများ ဖွဲ့စည်းရန် အစည်းအဝေးများ ကျင်းပခဲ့သည်။
သမဂ္ဂအဆောက်အအုံပြန် လည်ဆောက်လုပ်ရန်အပေါ် ကျောင်းသားသမဂ္ဂမျိုးဆက်များ အကြား ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ ပြီး အဆိုပါကိစ္စတွင် အစိုးရအဖွဲ့ ၏ ပါဝင်မှုအပေါ် မေးခွန်းထုတ်မှု များလည်း ရှိရာ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့် သမဂ္ဂအဆောက်အအုံဆိုင်ရာ ကိစ္စရပ်များတွင် မပါဝင်တော့ဘဲ ကျောင်းသာမျိုးဆက်များ၏ ဆွေး နွေးပွဲ ဆုံးဖြတ်ချက်ကိုသာ ဖြည့်ဆည်းပေးမည်ဟု ပြောကြားထား သည်။
7Day News
Sunday, August 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment