Tuesday, August 1, 2017
မြိတ်မြို့တွင် (၉)တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
၁-၈-၂၀၁၇
(၁-၈-၂၀၁၇)ရက်နေ့(၁၅၃၀)အချိန် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဘီအိုစီလမ်း၊ အမှတ်(၁၁၃)နေ မချောစုဝင်း(၁၄)နှစ်၊ (ဘ) ဦးမောင်ဝင်း၊ (၉)တန်း၊ နောက်လယ် အထက(၅)ကျောင်းသူသည် နေအိမ်ရှိ ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မချာစုဝင်း၏ အကိုဖြစ်သူ ကိုနိုင်ကိုအားမေးမြန်းရာ (၃၁-၇-၂၀၁၇)ရက်နေ့ ညပိုင်းက ညီမဖြစ်သူအား ဆုံးမခဲ့ကြောင်း၊ ယနေ့(၁၄၃၀) အချိန် ကျောင်းတက်ရာမှ ပြန်လာပြီး ကိုနိုင်ကိုမှ ကျူရှင်လိုက်ပို့ရန် ညီမဖြစ်သူအား နေအိမ်အပေါ်ထပ်သို့ တက်ရောက်ခေါ်ဆောင်စဉ် ကျောင်းဝတ်စုံဖြင့် နေအိမ်ထုပ်တန်းတွင် အစိမ်းရောင်အပွင့်များပါ ပုဝါနှင့် အမြင့်(၁)ပေ၊ (၁)လက်မခန့်သစ်သားခုံအား အသုံးပြုကာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၃၆/၂၀၁၇ဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။
မြိတ်ခရိုင်သတင်းနှင့် မှုခင်းမီဒီယာ
မြိတ်မြို့တွင် (၉)တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
Reviewed by timeayeyar
on
7:53 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment