Latest News

Tuesday, August 29, 2017

ရခိုင်အရေးနှင့်ပတ်သက်သည့်သတင်းမှား တိုင်းဧရာမှတောင်းပန်စာ


ရခိုင်အရေးနှင့်ပတ်သက်ပြီး
ဗိုလ်မှူးကြီးကျော်ဟန်နှင့်မိုးခမအင်တာဗျူး ဟုဆိုကာ
ထွက်ပေါ်လာသည့် သတင်းမှားတစ်ခုကို
တိုင်းဧရာမှ ယနေ့ တင်ခဲ့ပါသည်။
၁။ အင်တာဗျူးကို
တိုင်းဧရာအက်ဒမင်တစ်ဦးမှအလောတကြီးတင်လိုက်သောကြောင့်
သတင်းဓာတ်ပုံတွင် ပါဝင်သူများကို များစွာ အကျိုးသက်ရောက်မှုဖြစ်စေသည့်
အတွက် တောင်းပန်အပ်ပါသည်။
၂။ မမေထွယ်နှင့် မအိသက်စိုး တို့ က ၄င်းတို့၏
ဓာတ်ပုံများကို ခွင့်ပြုချက်မရပဲသုံးစွဲသောကြောင့်
တိုင်းဧရာကို တရားစွဲမည်ဟု မက်ဆေ့ခ်ျပို့လာပါသည်။
မမေထွယ်နှင့် မအိသက်စိုး တို့ကိုမက်ဆေ့မှနေ၍ မှားယွင်းမှုအတွက်
တောင်းပန်ပါကြောင်း၊ မှားယွင်းမှုကို သိသိချင်းပို့စ်ကို ဖြုတ်လိုက်ပြီ
ဖြစ်ပါကြောင်း အကြောင်းပြန်သော်ငြား
ပေ့ခ်ျတွင်ရေးသားတောင်းပန်မှုပြုမှ ကျေနပ်နိုင်မည်ဟု
ဆိုလာသောကြောင့်
ယခု ပေ့ခ်ျမှ တရားဝင်တောင်းပန်သမှုပြုရပါသည်။
မမေထွယ်၊ မအိသက်စိုး တို့မှ ယခုတောင်းပန်မှုကို
ကျေနပ်မည်ဟု မျှော်လင့်ပါသည်။
...........................
တိုင်းဧရာပေ့ခ်ျကို စတင်စဉ်က ဧရာဝတီတိုင်းနှင့်ပတ်သက်သော
သတင်းနှင့် အခြားပြည်တွင်းထူးခြားဖြစ်စဉ်များကို
မျှဝေရန်ရည်ရွယ်ချက်နှင့်စတင်ခဲ့ပါသည်။
နောက်ပိုင်းတွင် ဧရာဝတီတိုင်းတွင်းမှ အချို့သောစိတ်ပါဝင်စားသူများက
ကူညီလာကြရာ ကော်ပီသတင်းများအပြင် ပြည်သူပြည်သား
သတင်းသမားများထံမှ ပို့သော သတင်းများ၊ဓာတ်ပုံများ
စသဖြင့် ဝေေ၀ဆာဆာဖြစ်လာခဲ့ပါသည်။
အောက်ပါစာမှာ တိုင်းဧရာကို စတင်သည့်နေက
အက်မင်မှရေးသားထားသည့်စာဖြစ်ပါသည်။
https://www.facebook.com/timeayeyar/photos/a.1072344529489134.1073741826.1072343902822530/1092589194131334/?type=3&theater
"တိုင်းဧရာ(Time Ayeyar)ပေ့ခ်ျသည်
ဧရာဝတီနှင့်ပတ်သက်သော
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး အစရှိသည့်
သတင်းများကို ဧရာသားများသိစေရန်
လက်လှမ်းမှီသရွေ့ ၊တတ်စွမ်းသရွေ့ 
စုဆောင်းတင်ဆက်ပေးရန်ရည်ရွယ်ပါသည်။
အခြားသိမှတ်သင့်သည့်ဗဟုသုတ၊
ရီရွှင်ဖွယ်ဟာသ စသည်တို့ ကိုလည်း
ဝေမျှ တင်ဆက်သွားပါမည်။
နှစ်ငါးဆယ်အတွင်းပထမဆုံးပေါ်ပေါက်လာသော
ဒီမိုကရေစီအစိုးရသစ်၏လုပ်ကိုင်ဆောင်ရွက်နေမှုများကို
အများပြည်သူသိရှိနိုင်ရန် နှင့်
ပြည်သူတို့ ၏လိုအပ်ချက်၊နစ်နာချက်အစရှိသည်များကို
အစိုးရမင်းများသိရှိနိုင်ရန်အတွက်
တိုင်းဧရာမှ သတင်းအချက်အလက်များ
ရှာဖွေဖော်ပြရန်လည်းရည်ရွယ်ပါသည်။
တိုင်းဧရာ(Time Ayeyar) ပေ့ခ်ျသို့ 
ကိုယ့်ထမင်းကိုယ်စား ဧရာဝတီသတင်းသမားများ
သတင်း၊ဓာတ်ပုံ၊ဗီဒီယိုများပေးပို့ နိုင်ကြပါကြောင်း။
တင်ဆက်ဖော်ပြသောသတင်းအချက်အလက်များ
မှားယွင်းမှုတစ်စုံတရာရှိပါက ဝေဖန်ထောက်ပြကြရန်လည်း
ဖိတ်ခေါ်ပါကြောင်း။
မေတ္တာမွန်ဖြင့်
ကိုယ့်ထမင်းကိုယ်စား တိုင်းဧရာ အဖွဲ့ သားများ။ "
....................................
ကိုယ်ပိုင်သတင်းများနှင့်မီဒီယာတစ်ခုအဖြစ်ရည်တည်လိုသော်
ငြားလည်း ငွေကြေးအခက်အခဲကြောင့်
ယခုအတိုင်းသာ ဆက်လက်တင်ဆက်ရပါဦးမည်။
နောက်တွင်လည်း အမှားအယွင်းများ၊လိုအပ်ချက်များရှိပါက
ထောက်ပြကြရန် ဖိတ်ခေါ်အပ်ပါသည်။
မေတ္တာမွန်ဖြင့်
ကိုယ့်ထမင်းကိုယ်စား တိုင်းဧရာ အဖွဲ့ သားများ


No comments:

Post a Comment