မောင်တောခရိုင်အတွင်းသို့ တပ်မတော်စစ်ကူစစ်ကြောင်းများ
ရောက်ရှိလာ
ရခိုင်ပြည်နယ် မောင်တောဒေသတွင် သြဂုတ် ၂၅ ရက် နံနက် အာရုဏ်တက်ချိန်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းများ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရကာ နေ့လည် ၁၂ အချိန်တွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိလာပြီး လိုက်လံချေမှုန်းနေဆဲဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် သည်။
ယနေ့ နံနက် ၁၀ နာရီခန့်မှ ယခုအချိန်အထိ နတ်ချောင်းရဲကင်းစခန်းသို့ အင်အား ၃၀၀ ခန့်က ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် နတ်ချောင်းရဲကင်းစခန်းအား တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းခုခံကာကွယ်လျက် ရှိကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၂၅ ရက်၊ ၀က်ကြိမ်းကျေးရွာတို့၌ ဆွဲမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သည် ၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး လက်ရှိအချိန်တွင် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလဝကမှူး ၁ ဦး၊ အကြမ်းဖက်တိုက်ခိုက်သူ ၂၁ ဦး သေဆုံးသူ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့သည်။
လက်ရှိတွင် လက်နက်ငယ် ၆ လက် ၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးခဲ့ရပြီး အကြမ်းဖက်သူများထံ က လက်နက်ပစ္စည်းများ ဖမ်းဆီးရရှိထားပြီး ရဲစခန်းများအား လက်လုပ်မိုင်းများ၊ သေနတ်များဖြင့် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့သည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment