၂၅.၈.၂၀၁၇ရက်နေ့ ၀၀၃၀အချိန် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့မရဲစခန်းမှ ရဲအုပ် သန့်ဇင်ဦးနှင့်အဖွဲ့၊ ထူးကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးစည်သူနှင့်တပ်ဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးထက်အောင်ကျော်နှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သမာဓိလမ်း၊ အမှတ်(၂၆၃)နေ ဌေးဝင်း၏နေအိမ်တွင် လောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားနေအိမ် ၀င်ရောက်ရှာဖွေခွင့် ၀ရမ်းအမှတ်စဉ် (၁၅/၂၀၁၇)ဖြင့်ဝင်ရောက်ရှာဖွေရာ
ညွန့်မောင်ဝေ၊ (ဘ)ဦးတက်တိုး၊ ၀ါဆိုလမ်း၊ (၃)ရပ်ကွက်၊ ထူးကြီးမြို့နေသူပါနှင့် ဌေးဝင်း၊ ကျော်ဝင်း၊ သန်းဝင်း၊ ဝေယံဖြိုး၊ မအေးအေးခိုင်တို့(၆)ဦးအား ဂျင်လောင်းကစား ပြုလုပ်ရာတွင်အသုံးပြုသော ဂျင်သီး(၃)လုံး၊ ဂျင်အုပ်ရာတွင်အသုံးပြုသည့် ယွန်းအုပ်ခွက်(၃)လုံး၊ ဂျင်လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသော သက်သေခံပစ္စည်းများနှင့် လောင်းကြေးငွေရောရာ(၇၀၅၇၀၀ိ/-)တို့နှင့်အတူ တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ပြီး ညွန့်မောင်ဝေပါ(၆)ဦးအား ထူးကြီးနယ်မြေရဲစခန်း (ပ)၅၄/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ- ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။
သက်သေခံပစ္စည်းစာရင်း
(၁) လန်ဒန်တံဆိပ်ပါ အပြာရောင်ဘူးဖြင့်ထည့်ထားသော ဂျင်သီး(၃)လုံး
(၂) ဂျင်သီးအုပ်ရာတွင်အသုံးပြုသော ယွန်းခွက်(၃)လုံး
(၃) ကြွေပန်ကန်ပြား (၄)ချပ်
(၄) ဖုန်း(၁၀)လုံး
(၅) Huawei တံဆိပ်ပါ ဧရိယာတိုင်တပ်ထားသော အနက်ရောင်စက်(၁)လုံး
(၆) HD LCD Screen တံဆိပ်ပါ အနက်ရောင်စက်(၁)လုံး
(၇) လောင်းကြေးငွေရောရာ (၇၀၅၇၀၀ိ/-)
Ayeyarwaddy Region Police Force
No comments:
Post a Comment