ရခိုင်ပြည်ကာကွယ်မည် အရေးကြီးပါသည်
(၁)
ရခိုင်ပြည်နယ် မောင်တော ဒေသတွင် ဩဂုတ် ၂၅ ရက် နံနက်က ဖြစ်ပွားသော ရဲစခန်းနှင့် ရဲ ကင်းစခန်းများ အကြမ်းဖက်တိုက် ခိုက်ခံရမှုကြောင့် စစ်တွေမြို့တွင် ယနေ့ (ဩဂုတ် ၂၇ ရက်) ကျင်းပ မည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ယာယီရွှေ့ဆိုင်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထား တယ်ဆိုတဲ့သတင်းကို 7Day Dailyသတင်းစာမှာ ဖတ်လိုက်ရပါ တယ်။ မောင်တောဒေသသတင်း များက စဉ်တိုက်ဆက်တိုက်ဆို သလို ကြားသိနေကြရပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တဲ့အလျောက် ရခိုင် ပြည်ရဲ့အရေးသည် နိုင်ငံ၏ အရေးပင်ဖြစ်ပါတယ်။ နယ်စပ်စည်းရိုး ဒေသများ၊ ပြည်နယ်၊ ပြည်မဒေသ များ၊ ပြည်ထောင်စု အစိတ်အပိုင်းများအားလုံး လုံခြုံအေးချမ်းမှသာ လျှင် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိမှာ ဖြစ်ပါတယ်။ အခုလိုတိုင်းပြည်ရဲ့ အချုပ်အခြာအာ ဏာကို ထိပါးစော်ကားကာ ဒေသခံများကို အကြမ်းဖက်လာခြင်းက သေးငယ်သော ကိစ္စမဟုတ်တာကို သတိပြုမိကြမယ်ထင်ပါတယ်။
လက်ရှိ အစွန်းရောက် ဘင်္ဂါ လီအကြမ်းဖက်သမားများ လှုပ် ရှားရာနေရာများသို့ တပ်မတော် နှင့် ရဲတပ်ဖွဲ့အင်အား ဖြည့်တင်း ထားကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။ တစ်ဖက်ကလည်း အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင်နေလိမ့်ဦးမယ်လို့ ယူ ဆရပါတယ်။ ရခိုင်ပြည်၊ ရခိုင် သား၊ ရခိုင်သွေးချင်းများရဲ့ အ ရေးကိစ္စဟာ တစ်တိုင်းပြည်လုံး အတွက် အရေးအကြီးဆုံးဖြစ်နေ ပါတယ်။
(၂)
ရခိုင်ပြည်နယ်တစ်ခုလုံး သည် တောင့်တင်းကြံ့ခိုင်စွာဖြင့် သွယ်တန်းနေသော တောင်တန်း များ၊ အစဉ်မပြတ်စီးဆင်းနေမြဲ ဖြစ်သော မြစ်ချောင်းများ၊ ကျယ် ပြန့်သော မြေနုလွင်ပြင်များနှင့် ရွှေဝါရောင်စပါးခင်းများ၊ စိုက် ခင်းများ၊ စိမ်းလန်းစိုပြည်သောသစ်တောများ၊ လှပသော ကမ်းရိုးတန်း အကွေ့အကောက်များ၊ ကမ်းခြေများ၊ မီးပြတိုက်များ၊ ကျောက်ဆောင်များ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ ပင်လယ်ထွက် သယံဇာတများ၊ ရှေးဟောင်း အမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာ အလေ့အထ များဖြင့် ခိုင်မာစွာ တည်ရှိလှပနေ သည့် ဒေသတစ်ခုဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် စာရင်းဇယား များအရ ရခိုင်ပြည်တွင် ခရိုင်ငါး ခု၊ မြို့နယ် ၁၇ ခု၊ မြို့နယ်ခွဲသုံး ခု၊ ရပ်ကွက်ပေါင်း ၁၃၃ ခု၊ ကျေး ရွာပေါင်း ၃,၈၆၀ ရှိသည်ဟု သိရ ပါတယ်။ ရခိုင်ပြည်နယ်တွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၁,၇၁၂,၈၃၈ ဦး၊ ၁၉၈၃ ခုနှစ်တွင် ၂,၀၄၅,၈၉၁ ဦးနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာ ရင်းအရ လူဦးရေ ၃,၁၈၈,၈၀၇ ဦးရှိကြောင်း သိရပါတယ်။ ရခိုင် ပြည်နယ်တွင် အသက် (၁၀)နှစ် နှင့်အထက် လူဦးရေအနက် မည် သည့်စိစစ်ရေးကတ်မှ မကိုင်သူ မှာ ၆၃၇,၀၂၆ ဦး (၃၇ ဒသမ ၇ ရာခိုင်နှုန်း)ရှိကြောင်း၊ မောင် တောမြို့နယ်မှာတော့ အသက် (၁၀)နှစ်နှင့် အထက်လူဦးရေ ၃၀,၁၀၂ ဦး (မြို့ပြ ၉,၈၀၈ ဦး၊ ကျေးလက် ၂၀,၁၉၄ ဦး) ရှိသည့် အနက် မည်သည့်ကတ်မှ မကိုင် ဆောင်သူ စုစုပေါင်း ၇,၉၄၄ ဦး ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင် မြန်မာ ပြည်သားများအတွက်၊ ရခိုင်ပြည် နယ်သားများအတွက် အဖိုးမဖြတ် နိုင်သော သဘာဝလက်ဆောင် များ၊ တိုင်းရင်းသားများ၏ ရိုးရာ လူနေမှုစရိုက်များ၊ ကမ္ဘာပေါ်ရှိ မည်သည့်ဒေသနှင့်မျှ နှိုင်းယှဉ်၍ မရ၊ အစားထိုး၍မရနိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗုဒ္ဓဘာ သာဝင်များအတွက် အထင်ကရ နေရာများကို တွေ့ကြရမှာ ဖြစ်ပါ တယ်။
(၃)
အကြမ်းဖက်ကိစ္စ၊ လူမျိုးရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ လူမှုအဖွဲ့ အစည်းကိစ္စ စသည့်အကြောင်း တရားများစွာ စုစည်းမိသောအခါ မောင်တောမြို့လေး၏ အလှ၊ ရခိုင်ပြည်ကြီး၏ ပင်ကိုသဘာဝ တွေ ယုတ်လျော့သွားမှာကို စိုးရိမ် ပူပန်မိပါတယ်။ စားသတိ၊ သွား သတိ၊ လာသတိ ဘယ်နေရာ ကြည့်ကြည့် အန္တရာယ်အပြည့်ရှိ နေခြင်းသည် ဒေသခံများအတွက် ရော တာဝန်ကျဝန်ထမ်းများအ တွက်ပါ ပကတိအလှ တန်ဖိုးတွေ ကို လျော့ကျစေပါတယ်။ ပြည် ထောင်စု တစ်ဝန်းလုံးနှင့်အတူ သာစွရခိုင်ပြည်ကြီးကို ထာဝရဝေ စည် ငြိမ်းချမ်းစေချင်ပါတယ်။
မှတ်မှတ်ရရ နောက်ဆုံးလူ ဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်ထုတ် 7Day Daily သတင်းစာကို တွေ့ လိုက်ရသည့်အခါ မျက်ရည်ပင် ကျမိခဲ့ပါတယ်။ မတ်လ ၂၇ ရက် နေ့ ညနေ စစ်တွေမြို့တွင်း ရုန်း ရင်းဆန်ခတ်မှုအား ခြောက်လှန့် ထောင်ပစ်သည့် ရော်ဘာကျည် ဆန်က နေအိမ်မှာ ရေချိုးနေသည့် (၁၁)နှစ်အရွယ် မိန်းကလေးတစ် ဦးကို ထိမှန်ခဲ့ကြောင်း၊ စစ်တွေ ဆေးရုံတွင် သေဆုံးခဲ့ရကြောင်း သတင်းနှင့်အတူ မိခင် ပူဆွေးမှု ဓာတ်ပုံကို တွေ့လိုက်ရ၍ ဖြစ်ပါ တယ်။ အပြစ်မဲ့ကလေးငယ်တစ် ဦး အသက်ပေးလိုက်ရပါတယ်။
မောင်တောမြို့နယ်အပါအ ဝင်၊ ရခိုင်ပြည်နယ်အပါအဝင်၊ ပြည်ထောင်စုတစ်ခွင်လုံးမှာ အ ပြစ်မဲ့စွာ ထိခိုက်နစ်နာသေဆုံးကြ ရတဲ့ အရေအတွက်၊ ပမာဏဟာ မနည်းတော့ပါဘူး။ ဒီအထဲမှာ အခုဆိုရင် အကြမ်းဖက်မှုကြောင့် ပေါ်ပေါက်ရတဲ့ ဖြစ်စဉ်တွေ ပါရှိလာ ပါပြီ။ ဒေသခံတွေအတွက်သာ မဟုတ်၊ ရခိုင်ပြည်နယ်အစိုးရအ တွက်သာမဟုတ်၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံသားအားလုံးအတွက် အာရုံ စိုက်ကြရမယ့် အနေအထားဖြစ် လာပါပြီ။
မြန်မာပြည်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရခိုင်တိုင်းရင်း သားများအတွက် ဘူမိနက်သန် လည်းဖြစ်သော ဤမြေဤရေ ဤတောဤတောင် အလှအပ များသည် ပြည်ထောင်စု၏ အမွေ အနှစ်များပင် ဖြစ်ပါတယ်။ ဤ ဒေသတွင်ရှိသော ပြည်ထောင်စု တိုင်းရင်းသားများ၏ အရေးကိစ္စ သည်လည်း ပြည်ထောင်စု၏ အ ရေးကိစ္စပင်ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ မပြီးပြတ်သေးသော ဖြေရှင်းစရာပုစ္ဆာများမှာ ဒေသခံ များအတွက် အရေးကြီးသလို ပြည်ထောင်စုအတွက်လည်း များ စွာအရေးပါပါတယ်။ တပ်မတော်၊ရဲတပ်ဖွဲ့၊ အစိုးရနှင့်အတူ ပြည်သူ တစ်ရပ်လုံးပါဝင်ကာ ဝိုင်းဝန်းကာ ကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
လွင်ချန်ဖြိုး (နတ်မောက်)
7Day News
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment