ဟံသာနွန်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ သာမညကွင်းတွင် ၂ နှစ်သားအရွယ် အမွှာ ညီအစ်ကို နှစ်ဦးရေနစ်သေဆုံးခဲ့ ကြောင်း အလှပ်ရဲကင်းစခန်းမှူး ရဲအုပ်တင့်လွင် က တိုင်းဧရာကို အတည်ပြုပြောဆိုသည်။
"အမေက ဈေးထဲသွားပြီး ငါးသွားရောင်းနေတာ။ကလေးအဖေက အမွှာညီအကို ၂ယောက်ကို ထိန်းနေရင်းနဲ့ မှေးခနဲ့အိပ်ပျော်သွားတဲ့ အချိန်မှာ ကလေး၂ယောက်က ရေကန်အနားမှာ သွားဆော့နေတော့ ရေထဲကျပြီး သေဆုံးခဲ့တာ"ဟု ၄င်း က ပြောသည်။
ရေဆော့ကစားရင်း အနက် ၃ပေခန့်ရှိသောက်ရေကန်အတွင်း ရေနစ်သေဆုံးခဲ့ကြောင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကဆိုသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၄ ရက်နေ့၊ မနက် ၈ နာရီအချိန်ခန့်က မိခင်ဖြစ်သူဒေါ်ခင်မိုးမှာ ရွာထဲသို့ ငါးရောင်းရန်ထွက်သွားပြီး ခလေး၂နှစ်ဦးအား ဖခင်ဖြစ်သူနှင့်အတူ ထားခဲ့ကာ ဖခင်ဖြစ်သူမှာ နာရီဝက်ခန့်အိပ်ပျော်သွားပြီး ပြန်နိုးလာစဉ် ကလေး၂ဦးအားမတွေ့ရှိ၍လိုက်လံရှာဖွေခဲ့ရာ ၎င်းလယ်တဲရှေ့ရှိ အလျား ၄၀ ပေxအနံ ၄၀ ပေ၊ အနက် ၃ပေခန့်ရှိ သောက်ရေကန် အတွင်း မှောက်လျှက်အနေအထားသေဆုံးနေခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အမွှာညီအစ်ကို နှစ်ဦးသေဆုံးမှုအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး နိုင်ရန်အတွက် ရဲအုပ်တင့်လွင်မှ တရားလိုပြုကာ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄၂/၂၀၁၇ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားသည်။
No comments:
Post a Comment