Latest News

Sunday, August 27, 2017

ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃၅ ယောက်ရှိ

ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃၅ ယောက်ရှိ

ရာသီတုပ်ကွေး A(H1N1) ကြောင့် တနိုင်ငံလုံးမှာ သေဆုံးသူပေါင်း ၃၅ ယောက်ရှိပြီလို့ ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက သိရပါတယ်။

သြဂုတ် ၂၆ ရက်နေ့လယ် ၂ နာရီကနေ ဒီနေ့ နေ့လယ် ၂ နာရီအထိ တနိုင်ငံလုံးက သံသယလူနာ ၁၇ ယောက်ကို ဓာတ်ခွဲ စစ်ဆေးခဲ့ပြီး ၄ ယောက်မှာ H1N1 တွေ့ရှိခဲ့တာပါ။ သေဆုံးသူကတော့ ၁ ယောက် ရှိပါတယ်။

ဇူလိုင် ၂၁ ရက်ကနေ ဒီနေ့အချိန်ထိ တနိုင်ငံလုံးမှာ ကူးစက်ခံရတဲ့လူနာပေါင်း ၃၄၃ ယောက်ရှိပြီး ၃၅ ယောက် သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်ထိမှာတော့ ဝေဘာဂီဆေးရုံကြီးမှာ ကူးစက်ခံ လူနာ ၂ ယောက်နဲ့ တခြားတိုင်းနဲ့ ပြည်နယ် ဆေးရုံတွေမှာ လူနာ ၃၂ ယောက် ကုသနေပါတယ်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ ရောဂါကူးစက်ဖြစ်ပွားတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

DVB

No comments:

Post a Comment