Latest News

Wednesday, August 30, 2017

မဇ္စျိမသတင်းသတင်းထောက် အပါအ၀င် ၇ ဦး ၆၆ (ဃ) ဖြင့်တရားစွဲခံရ

မဇ္စျိမသတင်းသတင်းထောက် အပါအ၀င် ၇ ဦး ၆၆ (ဃ) ဖြင့်တရားစွဲခံရ

မကွေးတိုင်း အောင်လံမြို့နယ်၊ ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က မဇ္စျိမသတင်းထောက်တစ်ဦး၊ အခြားနယ်သတင်းထောက်တစ်ဦး အပါအ၀င်  ၇ ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း အောင်လံမြို့နယ်မှ ရဲအုပ်သန်းဆွေထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

ငလောက်ကျေးရွာအလယ်တန်းကျောင်း နှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ဒေသခံငါးဦးနှင့် သတင်းထောက် ၂ဦးကို အမှုဖွင့် ထားခြင်းဖြစ်သည်။

လတ်တလောတွင် အောင်လံဒေသခံနှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းလည်း အောင်လံမြို့နယ် ရဲစခန်းမှ အတည်ပြုသည်။

" သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အောင်လံမြို့က ၅ ယောက်ကိုတိုင်တာ၊ အဲ့ဒီ ၅ယောက်နဲ့ ပူးပေါင်းပါဝင်သူကို ၆၆ နဲ့ အရေးယူပေးပါဆိုပြီး၊ မြို့နယ် ဥပဒေရုံးက ပြန်ကျလာတော့ သတင်းထောက်တွေပါ လာတာ။ အဲ့တာရှေ့နေချုပ်ရုံးကလည်း ကျလာပြီ " ဟု ရဲအုပ်သန်းဆွေထွန်းက ပြောသည်။

မဇ္စျိမသတင်းထောက်နိုင်ကျော်စွာမျိုး က ဆက်သွယ်ရေးကွန်ယက် (Facebook) ကိုအသုံးပြုကာ" ဒေါင်းလူ "  အမည်ရှိအကောင့်မှ  ရုပ်သံသတင်းဖိုင် တစ်ခုကို ထပ်ဆင့်ဖြန့်ဝေ (Share) ခဲ့ခြင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ငလောက်ကျေးရွာအလယ်တန်းကျောင်းအုပ်က၆၆ (ဃ) ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအောင်လံမြို့နယ်၊ ငလောက်ကျေးရွာအလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး"ပြင်ပမှ လက်ထောက်ဆရာမငှားသင်ကြားပြီး ငွေကောက်ခံသောကြောင့် တချို့မိဘများက ၁၀၀ကို ၂၀တိုးနှင့် ငွေတိုးချည်းပြီး ကျောင်းထားနေရသည် " ဟု အောင်လံဒေသခံတချို့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ သတင်းကို နိုင်ကျော်စွာမျိုး(ခ)ဒေါင်းလူကရေးသားရိုက်ကူးခဲ့ပြီး မဇ္ဈိမသတင်းဌာနတွင် ဖေါ်ပြခဲ့သည်။ အဆိုပါ သတင်းကို နိုင်ကျော်စွာမျိုး(ခ)ဒေါင်းလူက လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ငွေတိုးချေးပြီး ကျောင်းထားနေရသတဲ့ ဟု ထပ်ဆင့်ရေးသားကာပြန် လည်မျှဝေခဲ့ခြင်းအပေါ် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment