Latest News

Sunday, August 27, 2017

မက်ဂရီဂေါ်နဲ့ပွဲအပြီး ချက်လက်မှတ်ကို မေ၀ဲလ်သာ ထုတ်ကြွား

မက်ဂရီဂေါ်နဲ့ပွဲအပြီး ချက်လက်မှတ်ကို မေ၀ဲလ်သာ ထုတ်ကြွား

UFC Fighter မက်ဂရီဂေါ်ကို (၁၀)ချီမှာ အနိုင်ယူခဲ့ပြီးနောက် အမေရိကလန်လက်ဝှေ့ချန်ပီယံ မေ၀ဲလ်သာ ဟာ ဆုကြေးအတွက် ချက်လက်မှတ်ယူနေပုံကို အင်စတာဂရမ်တင်ပြီး ထုတ်ကြွားခဲ့ပါတယ်။

သူ့လက်ဝှေ့သမားဘ၀တလျှောက် ပွဲ(၅၀)စလုံးကို ရှုံးပွဲမရှိအောင် ထိုးနိုင်ခဲ့တဲ့ မေ၀ဲလ်သာဟာ ဒီပွဲကနေ ထိုးကြေးအပါအ၀င် တခြားဝင်ငွေစုစုပေါင်း ဒေါ်လာသန်း(၃၀၀)ကျော်အထိရမယ်လို့ မျှော်လင့်ရပါတယ်။ T-Mobile အရီနာကွင်းထဲမှာ မက်ဂရီဂေါ်နဲ့ပွဲအပြီး အ၀တ်လဲခန်းကို သွားရာလမ်းမှာ မက်ဂရီဂေါ်ဟာ ကင်မရာရှေ့၊ ပြောင်နောက်နေရင်း ချက်လက်မှတ်ကို ထုတ်ကြွားခဲ့တာဖြစ်ပါတယ်။လောလောဆယ် ဒေါ်လာသန်း(၁၀၀)ကို သူ ရရှိသွားပြီဖြစ်ပြီး လက်မှတ်ရောင်းအားနဲ့ Pay Per Viewစနစ်နဲ့ရောင်းချတဲ့ ရုပ်/သံဝင်ငွေကနေလည်း ထပ်ဆောင်းအကျိုးခံစားခွင့်ရဦးမှာပါ။

သူက''(၃၆)မိနစ်အတွင်း ဒေါ်လာသန်း(၃၀၀)/ (၃၅၀)လောက် ကို ကျွန်တော် ဘာလို့မရှာနိုင်ရမှာလဲ''လို့ပါ ပြောခဲ့ပါသေးတယ်။ မက်ဂရီဂေါ်ကတော့ လောလောဆယ် ဒေါ်လာသန်း(၃၀)ရရှိထားပြီး အားလုံးပေါင်းလိုက်ရင် ဒေါ်လာ(၇၅)သန်းကျော်အထိ ရမှာဖြစ်ပါတယ်။
Sky Net Sport

No comments:

Post a Comment