Latest News

Tuesday, August 1, 2017

(အာလူးသစ်နှဲ့ အစာအိမ်) မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး -ရေး-သား(သုခ)

<မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး>>

(အာလူးသစ်နှဲ့ အစာအိမ်)
 (新ジャガ と 胃腸健康)
(New potato and Stomach)

“သားရေ ကားထဲမှာ မေမေ ဒူးရင်းသီးတွေ ၀ယ်လာတယ်။
သွားစားလိုက်ဦး သား။
မေမေကတော့ ဆိုင်မှပဲ တစ်လုံးလုံးခွဲစားလိုက်ပြီ။ နောက်မှပဲ ဆေးသောက်ယူတော့မယ်။
ရာသီစာဆိုတာ စားကောင်းတယ်။ သွားစား၊ သွားစား။
များများစား”
“ဟား ဟား ဟား။ သားမေမေကတော့ လုပ်ပြီ။
ရာသီစာဆိုပြီး သူနဲ့ မတည့်တဲ့ ဒူးရင်းသီးရော၊ ဒညင်းသီးရော တွဲတွဲ
အုပ်တော့တာပါပဲကွာ”
“တော်က ကျွန်မတို့ သားအမိကို လှည့်တိုက်တယ်ပေါ့လေ။
ကျွန်မက သားလေး မြန်မာပြည် ပြန်တုံး စားစေချင်လို့ပါ”
“ဟုတ်ကဲ့ပါ မေမေ။ ရာသီစာဆိုလို့ ဂျပန်တွေလည်း ဒီလိုပဲ ပြောတတ်ကြတယ်။
တစ်ခါတုံးက စူပါမတ်ကတ် တစ်ခုမှာ
"ရာသီစာ အာလူးသစ်နဲ့ သင့်ရဲ့ အားအင်ကုန်ခန်းနေသော
အူနဲ့ အစာအိမ်ကို အားဖြည့်ကြပါစို့" လို့တောင်မှ ရေးထားပါတယ်။
ရာသီစာဆိုတာ...အဲ့သည့်အစားအစာရဲ့ အဟာရဓာတ် အပြည့်ဝဆုံးသော၊ အဖိုးအရှိဆုံးသော
အချိန်လို့ ဆိုပါတယ်။
မေမေသာတွေ့ရင် ဖေဖေ့ကို အာလူးကတ်တလစ်ကြီးတွေ လုပ်ပေးမှာမဲလို့ တွေးမိသေးတယ်”
“သဘာဝက ဖန်တီးထားတာလေ။ သူ့ရာသီနဲ့ သူ့အလိုက် ပေါ်လာတာမဟုတ်လား”
“အဲ့တာတော့ ဟုတ်မယ် မေမေ။ ဂျပန်မှာ အာလူးသစ်တွေပေါ်တဲ့ကာလက နွေဦးပေါက်။
ရာသီဥတု ပူအိုက်စိုစွတ်နေတဲ့ အခါ ခန္တာကိုယ်ကြီးက ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။
အဲ့သည့်အထဲမှာမှ အထူးသဖြင့် သရက်ရွက်ဟာ ဒီလို ရာသီဥတုခံကို ခံနိုင်ရည်
သိပ်မရှိပါဘူး။
အဲ့သလို သရက်ရွက်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ စားလိုက်တဲ့ အစားအစာက
အဟာရမဖြစ်သလို၊ စားချင်သောက်ချင်စိတ် ကုန်ပြီး၊ လူတစ်ကိုယ်လုံး
ပင်ပန်နွမ်းနယ်နေတတ်ပါတယ်။
ပြီးတော့ အိုက်စပ်စပ်ရာသီမှာ ရေတွေ၊ အထူးသဖြင့်
အအေးတွေများများသောက်ကြလို့ ကိုယ်ခန္တာကိုယ်ကို ကိုယ်ပြန်ပြီး
နောက်ကျောကနေ ဓားနဲ့ ထိုးသလို ဖြစ်နေတော့တာပေါ့”
“ဟုတ်တယ်သားရဲ့။ ပူတယ်ဆိုပြီး ရေခဲရေတွေသောက်။
အအေးစာတွေစားပြီး ၀မ်းတွေ ခဏခဏပျက်ကြရတယ်။
ခက်တာက ပြီးတော့လည်း မနေနိုင်တာက တို့ပါးစပ်။
အခုရေခဲမုန့် စားပြီးတာတောင် မုန့်လက်ဆောင်းသည် ဖြစ်သွားရင် ခေါ်စားချင်သေးတာလေ”
“ရသတဏှာကို မရှောင်ရှားနိုင်ကြပေသကိုးကွဲ့”
“ဒါကြောင့်လည်း ရာသီစာဆိုတာ ရှိတာလားမသိဘူး ဖေဖေ။
အဲ့သလို အားနည်းနေတဲ့ ကလီစာကို အားပြန်ဖြည့်ပေးတာက အာလူးသစ်။
အာလူးသစ်မှာပါတဲ့ ပိုတက်ဆီယမ်ဆိုတာက ကိုယ်ထဲက ပိုနေတဲ့ ဆားဓာတ်တွေကို
အပြင်ဘက်ထုပ်ပေးလို့ သွေတိုးကို ထိမ်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဖေါ်ယောင်နာကို ကာကွယ်ပေးတယ်လို့လည်း ဆိုကြပါတယ်။
ပြီးတော့ အာလူးသစ်ထဲက ဗီတာမင်စီကလည်း ခုခံမှု့စွမ်းအားကို မြင့်ပေးလို့
အအေးမိတာတို့၊
ပင်ပန်းတာတို့ ဖြစ်ခဲတယ်လို့လဲ ဆိုပါတယ်”
“ဒါထက်သားရေ။
အဲ့သည် ဗီတာမင် စီဆိုတာက ကိုလာဂျင်ဆိုတဲ့  အရာကိုလုပ်ရာမှာလည်း ကူညီဆောင်ရွက်လို့
မျက်နှာအရေပြားတွေ တင်းဖေါင်းလာပြီး မျက်နှာကြည်လင်စေနိုင်တယ်ဆိုတာ ဟုတ်လားသား”
“ဟား ဟား ဟား။
ငါ့မိန်းမက တယ်ခေတ်မှီနေပါလား။
ကိုလာဂျင်တွေ ဘာတွေတောင်သိနေမှကိုး”
“ဟုတ်ပါ့။
ဒါပေမဲ့ မေမေကြားဖူးတာကို သားလည်း အင်တာနက် တစ်ခုပေါ်မှ ဖတ်ဖူးပါတယ်။
ပြီးတော့ အာလူးသစ်ကို ပြုတ်ပြီး အခွံကလေးပါ  ၀ါးစားနိုင်မယ်ဆိုရင်တော့
ဝမ်းသွားလွယ်စေခြင်း၊
အဝလွန်ခြင်းမှ ကာကွယ်စေခြင်း စတဲ့အကျိုးတွေ ရစေတယ်လို့ သိရပါတယ်”
“ဒါဆိုအတော်ပဲ။
မင်းဖေဖေက အာလူးပူတီကြိုက်တော့ အာလူး သေးသေးလေးတွေကို ချက်ကျွေးရမယ်”
“ကောင်းတာပေါ့ မေမေရ။
ဒါပေမဲ့ သတိထားရမှာက ဒီဘက်ခေတ်ပိုင်းမှာ သူ့ထက်ကိုယ် ပိုပြီးကြီးချင်လို့၊
ပိုးမွှားမလာအောင်လို့ ဆိုပြီး ဆေးတွေ ဖြန်းတတ်လို့ သေသေချာချာ
ဆေးကြောရေစိမ်ကြဖို့တော့ လိုမယ်။
ဂျပန်မှာတော့ အဲ့သလို ဓါတုဗေဒ ပိုးသတ်ဆေးနဲ့ ဓါတ်မြေသြဇာတွေကို
ဆေးဖို့ဆိုပြီး ဆပ်ပြာရည်တောင် ရှိပါတယ်”
“ဟယ်ကောင်းလိုက်တာနော်”
“အဲ့သလို ခန္တာကိုယ်အတွက် ဘေးမရှိအောင် ကြိုတင်ကာကွယ်တဲ့အပြင်၊
စီးပွားရေးအမြင်ရှိပြီး၊ ဘာလုပ်လုပ် အကျိုးရှိချင်တဲ့ ဂျပန်တွေကတော့၊
အာလူးကို စားတာတောင် ပိုပြီးအကျိုးရှိသထက် ရှိအောင် ချက်ပြုတ်စားတတ်
ကြပါတယ်”
“ဆိုပါဦးကွဲ့ ဘယ်လို စားကြသလဲ”
“သဘောကတော့ မေမေရယ်။
ခန္တာကိုယ်အတွက် အဆီတွေ မစားလေလေ၊ ရှောင်တိမ်းလေလေ ပိုကောင်းတာမို့၊
ကြော်စားရင် အဆီပါမှာစိုးလို့၊
ကင်စားဖုတ်စား၊ ပြုတ်စားသူတွေက များပါတယ်။
အထူးသဖြင့် ငယ်ရွယ်တဲ့ ဂျပန်တွေထက်၊ အိမ်တောင်သည် သက်ကြီးရွယ်အိုတွေပေါ့။
လူငယ်တွေကတော့ သားတို့လိုပဲ ဟန်ဘာဂါ၊ အာလူးကြော်နဲ့ ကိုကာကိုလာပေါ့”
“လူငယ်ဆိုတာကတော့ ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးမှာ မဆို၊ အတူတူပါပဲကွာ။
အချိန်တန်မှ ရင့်ကျက် လာကြတာကိုး”
“ဟုတ်ပါတယ် ဖေဖေ။
အာလူးကို ချက်စားကြတဲ့ အခါမှာလည်း ကုလားဟင်းလိုဟာမျိုး
စားဖို့တိုက်တွန်းကြပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ သူတို့ကုလားဟင်းထဲမှာက
မုန်လာဥနီ၊ ကြက်သွန်နီ၊ ခရမ်းသီး ဆိုတဲ့ ဟင်းသီးဟင်းရွက်တွေပါလို့
တစ်လက်စတည်း အသီးအရွက်တွေပါ စားဖြစ်သွားတယ်လို့ ဆိုကြပါတယ်”
“တို့ဆီက သီးစုံ ချဉ်ရည်ဟင်းလို ဖြစ်မှာပေါ့ကွယ်”
“ဟုတ်မှာပေါ့ မေမေရဲ့။
ဒါ့ကြောင့် အဲ့သလို ကောင်းကျိုးတွေ ရှိတဲ့ အာလူးသစ်ဟာ သရက်ရွက်နဲ့.
အစာချေ ကလီစာများကို အားအင် ဖြစ်ထွန်းစေလို့ ရာသီစာအဖြစ်
စားသုံးသင့်သလို၊
စားတာချင်းအတူတူ ပိုပြီး အကျိုးရှိအောင်၊
ခန္တာကိုယ်အတွက် ဒုက္ခမပေးအောင်း စားတတ်ဖို့ သားက မိတ်ဆက်ပေးတာပါ”
“ဟဲ့။ ဒီလောက် ကောင်းပါတယ်ဆိုတဲ့ အာလူးက ဘာတွေ ဒုက္ခပေးမှာမို့လို့လဲကွယ်”
“ဘာတွေ ဘယ်လို ဒုက္ခပေးတယ်ဆိုတာတော့ သားမသိပါဘူး မေမေ။
ဒါပေမဲ့ တစ်ခြားရောဂါတွေရှိလို့ ကာဗွန်ဟိုက်ဒြိတ် အာလူးကစီများတွေကို
အရမ်းမစားရဘူးလို့ ဆရာဝန်က သတိပေး ကန့်သပ်ခံထားရသော သူများကတော့
ချင့်ချိန်စားသင့်တာပေါ့ မေမေ”
“တန်ဆေး လွန်ဘေးပေါ့ကွယ်။
ကဲကဲ။ သားလည်း ကားထဲမှာ ဒူးရင်းသီးတွေ သွားစားလိုက်ဦး။
ဆေးရုံအခန်းထဲ သယ်လာရင်တော့ တစ်ခြားလူနာတွေကို အနှောင့်အယှက် ပေးရာရောက်လိမ့်မယ်”
“ဟုတ်ကဲပါ ဖေဖေ။ သားသွားစားလိုက်ဦးမယ်နော်”

သုခ(သား)

No comments:

Post a Comment