![]() |
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ သြဂုတ်လ ၁၆ ရက်နေ့က မီးလောင်ကျွမ်းနေစဉ်။ Photo: Myanmar Fire Services Department/ Facebook |
ငါးဒိုင်မှာ မီးစက်မောင်းထားရာကနေ ၀ါယာကြိုးပူပြီး မီးလောင်တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ရဲစခန်းက ရဲမှူး ဦးကျော်ဦး က ပြောပါတယ်။
"မီးသတ်ဦးစီးရဲ့စစ်ဆေးတွေ့ရှိချက်အရပေါ့ဗျာ၊ ငါးရောင်းတဲ့ ကိုရန်နိုင်ထွန်း ခေါ် ကိုစိုးမြတ်ကျော် ပေါ့ဗျာ၊ သူတို့ မီးစက်မောင်းရင်းက ၀ါယာပူပြီးတော့ ရှော့ဖြစ် ပြီးလောင်တယ်လို့ သိရတယ်၊ ခန့်မှန်း ဆုံးရှံးမှုတန်ဖိုးပေါ့ ၂၈၁ သိန်း ၈ သောင်း ၈ ထောင်"
အဲဒီမီးလောင်ကျွမ်းမှုကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် ၁၁ လုံးက မီးဘေးသင့်သူတွေကို ဆိပ်မူရပ်ကွက် (၁) က ပညာသုခဘုန်းကြီးကျောင်း မှာ နေရာချထားပေးပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့လည်း ပြည်နယ်မီးသတ်ဦးစီးမှူး က ပြောပါတယ်။
ဒီနေ့ မနက် ၅ နာရီ ၂၀ မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ၇ နာရီခွဲမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
BBC Burmese
http://www.rfa.org/burmese
No comments:
Post a Comment