Latest News

Monday, August 28, 2017

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ် ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသွားဖွယ်ရှိနေ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ် ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသွားဖွယ်ရှိနေ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ်ထရာဟာ တရားရုံးရဲ့ စီရင်ချက်ကို ရှောင်တိမ်းဖို့ ထိုင်းနိုင်ငံက ထွက်ခွာကာ ဒူဘိုင်းမှာရောက်ရှိနေပြီး ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံသွားဖွယ်ရှိတယ်လို့ စစ် အစိုးရ သတင်းအရင်းအမြစ်တစ်ဦးက စနေနေ့က ပြောပါတယ်။

အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ သည် သတင်းအရင်းအမြစ်က ယဉ်လပ်လွတ်မြောက်သွားပုံ အသေးစိတ်ကို ဖော်ပြခဲ့ပြီး သူဟာ ထိုင်းနိုင်ငံကနေ ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီးနင်းပြီးတော့ စင်ကာပူ၊ သည်ကနေတစ်ဆင့် ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ အကြောင်းပြောခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက တင်ပြပါတယ်။

ဒူဘိုင်းဟာ ရှင်နာဝပ်ထရာမိသားစုကို ဦးဆောင်တဲ့ သက်ဆင်ရှာနာဝပ်ထရာ နေထိုင်ရာနေရာလည်း ဖြစ်ပါတယ်။

“သက်ဆင်ဟာ သူ့ညီမလွတ်မြောက်မယ့် အစီအစဉ်ကို ရေးဆွဲထားတာကြာပါ ပြီ၊ သူဟာ သူ့ညီမကို ထောင်ထဲမှာ တစ်ရက်မှ ကုန်ဆုံးစေချင်မှာမဟုတ်ဘူး˘လို့ အမည်မဖော်လိုသူ အဆိုပါသတင်းအရင်း အမြစ်က ပြောပါတယ်။ သူကဆက်ပြီး တော့ ဒူဘိုင်းဟာယဉ်လပ်ရဲ့ နောက်ဆုံးပန်းတိုင်မဟုတ်ဘူးလို့ ပြောပြီး သူဟာ ဗြိတိန်မှာ ခိုလှုံခွင့်တောင်းခံဖို့ ရည်ရွယ်ထားကောင်းထားမယ်လို့ ပြောပါတယ်။
တစ်ခါတုန်းက မန်ချက်စတာစီးတီး ဘောလုံးအသင်းကိုပိုင်ဆိုင်တဲ့ သက်ဆင် ဟာ လန်ဒန်မှာတိုက်ခန်းရှိပြီး အချိန်တော် တော်များများ နေထိုင်ဖူးပါတယ်။

သည်မိသားစုရဲ့ ပျူထိုင်းပါတီက အကြီးတန်းသတင်းအရင်းအမြစ်တစ်ဦးကလည်း ယဉ်လပ်ဟာ သည်စီရင်ချက်မချမီ ရက်အနည်းငယ်လောက်ကတည်းက ဒူဘိုင်းကို ထွက်ခွာသွားတယ်လို့ အေ အက်ဖ်ပီကို ပြောပါတယ်။
ပါတီရဲ့  အခြားသတင်းအရင်းအမြစ် တစ်Uီးကတော့ သူဟာ ဗုဒ္ဓဟူးနေ့ကမှ ဒူဘိုင်းကို သွားတာ ဖြစ်တယ်လို့ စီအင်န်အင်န် သတင်းဌာနကို ပြောပါတယ်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ အနီးကပ် စောင့်ကြပ်နေတဲ့ ယဉ်လပ်ဟာ သည်နိုင်ငံတွင်းက ထွက်ခွာဖို့ သဘောတူညီချက် တစ်ရပ်ပြုလုပ်ခဲ့ပုံရတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
သည်လိုထွက်ပြေးဖို့ ဆုံးဖြတ်ချက် ကြောင့် သူဟာ စစ်အစိုးရလက်အောက် မှာ အကျဉ်းချခံရမယ့်အရေးကို ရှောင်လွှဲသွားနိုင်ပါတယ်။

သူသာထောင်ကျသွားမယ်ဆိုရင် ယဉ်လပ်ရဲ့ ဒုက္ခတွေအပေါ် သူ့ကို ထောက်ခံသူတွေ စိတ်ဆိုးဒေါသဖြစ်ကာ မငြိမ်မသက်ဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံ ရေးလောကထဲမှာ အနေကြာလာပြီဖြစ်တဲ့ စစ်တပ်ကလည်း သည်လိုမျိုး မငြိမ် သက်မှုကို ရှောင်လွှဲချင်နေတာပါ။

နိုင်ငံရေးသိပံပညာရှင် သာဝီးဆူရာ ရစ်တီကူကလည်း နိုင်ငံတွင်းကနေ ယဉ်လပ်ထွက်ခွာရာမှာ လုံခြုံရေး အာဏာပိုင်တွေနဲ့ အာဏာရှိသူတွေ ကူညီပေးခဲ့တယ်ဆိုပြီး သံသယတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ တရားရုံးက ယဉ်လပ်ကို နိုင်ငံခြား ခရီးမသွားရဘူးလို့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ ယဉ်လပ်ရဲ့ လွတ်မြောက်မှုဟာ အစိုးရအတွက်ရော ယဉ်လပ်အတွက် ပါ အဆင်ပြေတဲ့ အခြေအနေတစ်ရပ် အ ဖြစ် သူက ရှုမြင်ထားပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းရေး အမျိုးသားကောင်စီ NCPO ရဲ့ ပြောခွင့်ရ ဗိုလ် မှူးကြီး ဝင်ထိုင်းဆူဗာရီက ယဉ်လပ်လွတ် မြောက်မှုကို ဖြေရှင်းဖို့ လုံခြုံရေး အစည်းအဝေးမလုပ်ဘူးလို့ ပြောပါတယ်။ ဝန်ကြီးချုပ် လည်းဖြစ်ပြီး NCPO အကြီးအကဲလည်း ဖြစ်တဲ့ ပရာယွတ်ချန်အိုချာကတော့ သည် ပြဿနာနဲ့ပတ်သက်ပြီး အထူးအမိန့် ထုတ်တာမျိုး မရှိဘူးလို့လည်း သူက ပြောပါတယ်။

သာမန်ဥပဒေတွေမှာတော့ တရားရုံး ချုပ်က ယဉ်လပ်ကိုဖမ်းဝရမ်းထုတ်ပြီးတာ နဲ့ ဖမ်းဆီးဖို့ အကျုံးဝင်လိမ့်မယ်လို့ ပြောပါတယ်။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment