Latest News

Monday, August 28, 2017

မွန်ပြည်နယ် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် အမျိုးသမီးအရပ်သားတစ်ဦးကို ဒုဥက္ကဋ္ဌ (၂) အဖြစ်ခန့်အပ်

မွန်ပြည်နယ် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် အမျိုးသမီးအရပ်သားတစ်ဦးကို ဒုဥက္ကဋ္ဌ (၂) အဖြစ်ခန့်အပ်

 ပြည်နယ်အဆင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (မွန်ပြည်နယ်) က အမျိုးသမီးအ ရပ်သား ကိုယ်စားလှယ်တစ်ဦးကို ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ရွေးချယ် ခန့်ထားကြောင်း JMC ကသြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန် သည်။

သြဂုတ် တတိယပတ်ကပြု လုပ်သည့် မွန်ပြည်နယ် JMC-S ၏ (၇) ကြိမ်မြောက် အစည်းအ ဝေးတွင် အရပ်သားကိုယ်စား လှယ် အစုအဖွဲ့က တာဝန်ယူ ဆောင်ရွက်ရသည့် ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) အလှည့်ကျတာ ဝန်လွှဲပြောင်းခြင်း ဆောင်ရွက် ရာ အရပ်သား ကိုယ်စားလှယ် နော်ဆာထူးကို ရွေးချယ်အတည် ပြုခဲ့ကြောင်း ဖော်ပြထားသည်။

နော်ဆာထူးသည် အရပ် ဘက်လူမှုအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေ သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ ၂၀၁၇ စက်တင်ဘာမှ ၂၀၁၈ ဖေဖော်ဝါရီအထိ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း JMC (ပစ်ခတ် တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) က ဖော်ပြထားသည်။

‘‘ကျွန်မတို့ JMC ယန္တရားမှာ ဝေဖန်မှုတွေရှိခဲ့တဲ့ အမျိုးသမီး တွေရဲ့ ပါဝင်မှုဟာ အခုဆို မြင့် မားလာပါပြီ။ တစ်ဆင့်ထက်တစ် ဆင့် ပိုမိုထိရောက်တဲ့ လုပ်ဆောင် ချက်တွေ လုပ်ကြဖို့လည်း ယုံ ကြည်ချက်ရှိပါတယ်’’ ဟု နော်ဆာ ထူးက ပြောသည်။

လက်ရှိတွင် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ တွင် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသမီး ကိုယ်စားလှယ်သုံးဦးရှိလာပြီး ကျန်နှစ်ဦးသည်တနင်္သာရီ တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်မှ ဖြစ်သည်။

‘‘တပ်ပိုင်းဆိုင်ရာနဲ့ပတ် သက်လို့ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေ ရှိတယ်ဆိုပြီးတွေး ကြပေမယ့် တကယ်တော့ အမျိုး သမီးတွေရဲ့ ပါဝင်မှု တွေးခေါ်မှု တွေဟာလည်း အခရာကျပါ တယ်။ အဲဒါကြောင့် JMC မှာ အ မျိုးသမီးတွေ ပိုမိုပါဝင်ဖို့ လိုအပ် ပါတယ်’’ ဟု JMC-S (ကရင်ပြည်နယ်) ဒုတိယဥက္ကဋ္ဌ နန်းစေအွား က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၌ အမျိုးသ မီး ကိုယ်စားလှယ်များ ပါဝင်မှု ကျယ်ပြန့်ရေး ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း JMC က ထုတ်ပြန်သည်။

JMC-U သည် NCA ပြဋ္ဌာန်း ချက်များအရ ဖွဲ့စည်းထားပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ် ပွားပါက ဆွေးနွေးညှိနှိုင်းအဖြေ ရှာရန် ရည်ရွယ်သည်။ လက်ရှိ တွင် ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူး တွဲစောင့်ကြည့်ရေး ကော်မတီများ ကို ချင်း၊ ရှမ်း၊ ကရင်၊ မွန်ပြည် နယ်နှင့် ပဲခူး၊ တနင်္သာရီတိုင်းတို့ တွင် ဖွဲ့စည်းပြီးဖြစ်သည်။

7Day News

No comments:

Post a Comment