Latest News

Friday, August 25, 2017

မောင်တော တိုက်ခိုက်ခံရမှု ကုလ ရှုတ်ချ

မောင်တော တိုက်ခိုက်ခံရမှု ကုလ ရှုတ်ချ

မောင်တော ဒေသ က လုံခြုံရေး ရဲကင်းတွေ နဲ့ ရဲစခန်း တွေကို  ရိုဟင်ဂျာ စစ်သွေးကြွ တွေက အချိန်ကိုက် တိုက်ခိုက် ခဲ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့ ကြီး က ရှုတ်ချ ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရိုဟင်ဂျာ စစ်သွေးကြွ လက်နက်ကိုင် တွေ က မောင်တော ဒေသက လုံခြုံရေး ကင်းစခန်း ပေါင်း ၃၀ ကို တပြိုင်နက် ထဲ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိပါတယ်။

စစ်သွေးကြွေ တွဘက်က စုစုပေါင်း ၅၉ ဦး သေဆုံး ခဲ့ကြောင်း အစိုးရ က သတင်း ထုတ်ပြန်ပါတယ်။

မောင်တော ဒေသ က ကျေးရွာ တွေမှာလည်း မီးရှို့ ဖျက်ဆီး မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
အပြစ်မဲ့ အရပ်သားတွေကို အကာအကွယ် ပေးဖို့ နဲ့ တိုက်ခိုက်မှု တွေကို ရပ်တန့်ဖို့ ကုလ သမဂ္ဂ အဖွဲ့ကြီး ရဲ့ ထုတ်ပြန် ကြေညာချက် ထဲမှာ တိုက်တွန်း ထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment