Latest News

Friday, August 25, 2017

ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဖမ်းဝရမ်းထုတ်

ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဖမ်းဝရမ်းထုတ်

ထိုင်းဝန်ကြီးချူပ်ဟောင်း ယင်လတ်ရှင်နာဝပ်ဟာ ဒီနေ့ တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

 ဒီလို ပျက်ကွက်မှုအတွက် ထိုင်း အဆင့်မြင့်တရားရုံးက ကနေ့မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တရားရုံးက သူ့အမှုနဲ့ ပတ်သတ်လို့ အမိန့်ချမှတ်ဖို့ အတွက် နောက်လကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာ သူ့ရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ လယ်သမားတွေရဲ့ ဆန်ကို မူရင်းကမ္ဘာ့ဈေးကွက်ထက် ပိုပေးပြီး ၀ယ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခြင်းမရှိတာကို တရားရုံးက ပယ်တဲ့အပြင် ရင်လတ် တင်သွင်းထားတဲ့ ဘတ်သန်း၃၀တန် အာမခံငွေကို သိမ်းဆည်းဖို့ အမိန့်ထုတ်ထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment